Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။
    Uncategorized

    သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။

    Zwe Thukha MinBy Zwe Thukha MinJuly 16, 2023Updated:January 15, 2024No Comments4 Mins Read
    သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။
    Share
    Facebook Email Telegram
    သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။

    သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။

    သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်း မိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလို၊ အထီးရဲ့ သုက်ပိုးမလိုဘဲ တစ်ကောင်တည်း မျိုးပွားနိုင်တယ်လို့ National Geographic ရဲ့ science update ဖော်ပြချက်တစ်ခု အရသိရပါတယ်။ ဒီဖြစ်စဉ်ကို parthenogenesis လို့ ခေါ်ကြပြီး Virgin Birth လို့လည်း လူသိများပါတယ်။ Parthenogenesis ဆိုတာက မျိုးပွားနည်းတစ်မျိုးပါပဲ။ ဒီမျိုးပွားနည်းက များသောအားဖြင့် အပင်ငယ်လေးတွေ၊ ပုရွက်ဆိတ်၊ ဖြုတ်စိမ်း၊ နကျယ်ကောင်နဲ့ ပျား (မျိုးစိတ်အချို့) လို ကျောရိုးမဲ့သက်ရှိတွေ၊ အင်းဆက်တွေ၊ ခရပ်စတေးရှန်း (ဥပမာ – ခရင်းကောင်) တွေ အသုံးများပြီးတော့ ကျောရိုးရှိသတ္တဝါတချို့လည်း အဲ့ဒီနည်းနဲ့ မျိုးပွားကြတယ်။ ဒါပေမဲ့အရေအတွက်အားဖြင့်တော့ အတော်နည်းပါတယ်။ Virgin birth နည်းနဲ့ မျိုးပွားတဲ့ ကျောရိုးရှိသတ္တဝါတွေထဲမှာဆိုရင် Zebra Shark တွေ၊ မြွေတွေထဲမှာဆို ဆင်ပြစ်မြွေတွေ၊ Pit viper တွေ၊ မြွေပွေးမျိုးစိတ်တချို့နဲ့ ဖွတ်နဲ့ ပုတ်သင်၊ ဖွတ်တို့လို lizard အမျိုးအနွယ် တွားသွားသတ္တဝါတွေပါကြပါတယ်။ ငှက်ထဲမှာဆိုရင် မျိုးသုဉ်းခံနီး အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ California condor ငှက်တွေဆို virgin birth နဲ့ မျိုးပွားကြတယ်။ တချို့ငှက်မျိုးစိတ်တွေမှာလည်း အထီးရဲ့ စွမ်းဆောင်မှုမပါဘဲနဲ့ အမကနေ မွေးတာမျိုးလည်းရှိတယ်။ အတော်များများက Virgin Birth ကို ကိုယ်တိုင်မျိုးအောင်တဲ့ ဖြစ်စဉ် (i.e Self fertilization) နဲ့ ရောလေ့ရှိကြတယ်။ ကိုယ်တိုင်မျိုးအောင်တဲ့ ဖြစ်စဉ်ကိုကျတော့ သက်ရှိတွေထဲမှာ နမူနာအနေနဲ့ ခရင်းကောင်တွေ သုံးကြပါတယ်။ ခရင်းကောင်တွေက ဒွိလိင်တွေဖြစ်ကြလို့ သူတို့ဆီမှာ အဖိုမျိုးပွား အင်္ဂါရော အမမျိုးပွားအင်္ဂါရော နှစ်မျိုးစလုံး ပါရှိတယ်၊ တကယ်လို့ သူတို့အနေနဲ့ သားဥကြွေချိန်မှာ မိတ်လိုက်နိုင်မယ့် အခြားခရင်းကောင် မရှိရင် သူတို့ဘာသာပဲ မျိုးအောင်လေ့ရှိကြတယ်။ ဒါပေမဲ့ virgin birth ကကျတော့ ဆန့်ကျင်ဘက် အထီးရဲ့ gamete cell -> မျိုးပွားဆဲလ်/လိင်ဆဲလ်/ဗီဇဆဲလ် မပါဘဲ အမရဲ့ မျိုးဥတစ်ခုတည်းကနေ မျိုးပွားလိုက်တာကို ဆိုလိုပါတယ်။ ပုံမှန်ဆိုရင် အမမျိုးဥကြွေချိန်မှာ အထီးနဲ့ မိတ်လိုက်ပြီး အထီးရဲ့ မျိုးဗီဇဆိုင်ရာအချက်အလက်တွေ သယ်ဆောင်ထားတဲ့ ခရိုမိုဆုမ်းပါတဲ့ လိင်ဆဲလ်က အဲ့ဒီမျိုးဥနဲ့ fertilize လုပ် မျိုးအောင်တယ်ပေါ့။ ကျွန်တော်တို့ လူသားတွေဆိုရင် ဖအေမျိုးပွားဆဲလ်ထဲက ခရိုမိုဆုမ်း ၂၃ ခု၊ မအေ့မျိုးပွားဆဲလ်ထဲက ခရိုမိုဆုမ်း ၂၃ ခု ပေါင်း ၄၆ ခုကို ဗီဇကို လက်ဆင့်ကမ်းရရှိတယ်။ အဲ့လိုမွေးလာတဲ့ ကျွန်တော်တို့က မိခင်ဆီက ဗီဇနဲ့ ဖခင်ဆီက ဗီဇ နှစ်ခုစလုံး ပါလာတယ်။ ဒါပေမဲ့ Virgin birth မှာကျတော့ အဲ့သလိုမျိုး မျိုးပွားဆဲလ်တွေ fertilize မဖြစ် မျိုးမအောင်ဘူး။ မိခင်ရဲ့ မျိုးဥတစ်ခုတည်းကနေပြီး ခရိုမိုဆုမ်းတစ်ဝက်တည်းပါတဲ့ လိင်ဆဲလ်က ပြန်ပြီး ကွဲပြားထွက်ရာကနေ သန္ဓေလောင်းဖြစ်လာတာပဲ။ Virgin Birth ခေါ် Parthenogenesis မှာ Apomictic Parthenogenesis, Meiotic Parthenogenesis ရယ် အထဲက သန္ဓေလောင်းအဖြစ်ကွဲလာမယ့် လိင်ဆဲလ်က haploid လား၊ diploid လားဆိုတာလည်း ကွဲပါသေးတယ်။ အဲ့ဒီ biology terms တွေက နားရှုပ်စရာကောင်းတဲ့အပြင် မှတ်ရလည်း ခက်ပါတယ်။ ဒါကြောင့် parthenogenesis နဲ့ ပတ်သက်တဲ့ဖြစ်စဉ်တွေကို သာမန်လူနားလည်နိုင်အောင် အစအဆုံး ပြန်ကောက်ပြီး ပြောပြပါ့မယ်။

    Parthenogenesis ခေါ် virgin birth က ဖခင်ရဲ့ သုက်ပိုးကို မလိုအပ်ဘဲ မိခင်တစ်ယောက်တည်းရဲ့ မျိုးဥကနေ မျိုးပွားနိုင်ပါတယ်။ သာမန်မျိုးပွားခြင်းတွေမှာ မိခင်ရဲ့ မျိုးဥနဲ့ ဖခင်ရဲ့ သုက်ပိုးကနေ မျိုးအောင်တာပါ၊ Virgin Birth မှာက ဖခင်ရဲ့ သုက်ပိုးမလိုဘဲ မိခင်ရဲ့မျိုးဥတစ်ခုတည်းကနေ ကွဲထွက်ပြီး သန္ဓေသားဖြစ်လာနိုင်တယ်။ အဲ့ဒီလို မျိုးပွားတဲ့အခါမှာ သန္ဓေသားဆီကို မျိုးဗီဇအချက်အလက်ဘယ်လိုပေးလဲ၊ ဘယ်လိုမွေးလဲ ဆိုပြီး ကွဲသေးတယ်။ အဲ့ဒီထဲက Haploid parthenogenesis နည်းကကျ မိခင်ရဲ့ မျိုးဥက ခရိုမိုဆုမ်းတစ်ဝက်တည်းနဲ့ လိင်ဆဲလ်လေးက သန္ဓေသားအဖြစ် ကြီးလာတာကို ဆိုလိုပါတယ်။ Haploid parthenogenesis မှာ meiosis ဆိုတဲ့ ဆဲလ်ပွားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်တယ်။ meiosis နဲ့ ပွားလိုက်တဲ့ မျိုးဗီဇဆဲလ်တွေ၊ လိင်ဆဲတွေက တစ်လုံးဆိုရင် လေးလုံးဖြစ်လာတယ်။ ထူးဆန်းတာက  ဒီဆဲလ်ပွားတဲ့ဖြစ်စဉ်မှာ ဆဲလ်တွေအထဲ ဗီဇအပြည့်မပါလာတော့ဘဲ မူလဆဲလ်ရဲ့ တစ်ဝက်ပဲကျန်တော‌ေတယ်။ တစ်နည်းပြောရရင် ခရိုမိုဆုမ်းတွေ လျှော့ချခံလိုက်ရတဲ့ ဖြစ်စဉ်ဖြစ်တာကြောင့် ခရိုမိုဆုမ်းက တစ်ဝက်ပဲရှိတော့တယ်။ အဲ့ဒီကနေ မွေးလာတဲ့ ကလေးမှာ မိခင်ဆီက ခရိုမိုဆုမ်းကိုပဲ လက်ခံရလို့၊ haploid cell တွေနဲ့ပဲ ဖွဲ့စည်းထားတယ်။ Diploid parthenogenesis မှာကျတော့ မိခင်က သူ့ကလေးကို အစုံလိုက် ကော်ပီပေးတယ်၊ ပေးပေမယ့် ခုနက meiosis ကထပ်ဖြစ်တော့ ဗီဇဆဲလ်အရေအတွက်လျော့ပြီး Haploid ပြန်ဖြစ်ပြန်တယ်။ ဒါပေမဲ့သန္ဓေသားမဖြစ်ခင်မှာ ခရိုမိုဆုမ်းပွားတဲ့ ဖြစ်စဉ်တစ်ခုထပ်ဖြစ်တော့ Diploid ဖြစ်သွားပါတယ်တဲ့။ ဒါကြောင့် Haploid parthenogenesis ကမွေးတဲ့ကလေးက မိခင်နဲ့ တစ်ပုံစံတည်း ထွက်ပေမယ့် Diploid parthenogenesis မှာတော့ မျိုးရိုးဗီဇက မိခင်နဲ့အဆင်ကြီးမဟုတ်ဘဲ နည်းနည်းလေး ကွဲသွားတတ်ပါတယ်။ အပေါ်မှာ ပြောတဲ့ ငှက်တွေရဲ့ parthenogenesis မှာဆိုရင် ငှက်အမေကနေပြီး ဥဥလိုက်တဲ့ထဲမှာ အမေရဲ့ ခရိုမိုဆုမ်းအစုံကို လက်ဆင့်ကမ်းပြီး သန္ဓေလောင်းဖြစ်တည်စေပေမယ့် ဖခင်ရဲ့ မျိုးဗီဇမပါဝင်တဲ့အခါကျ အဲ့ဒီသန္ဓေသားလေးတွေက သူတို့အမေနဲ့ ချွတ်စွပ်တူကြတယ်၊ နောက်ပြီး parthenogenesis နဲ့မွေးလာတဲ့ ငှက်ကလေးတွေက တခြားမျိုးအောင်တဲ့ငှက်တွေနည်းတူ ဖွံ့ဖြိုးကြပေမယ့် တချို့ကလည်း သန္ဓေသားအဆင့်မှာတင် သေကြတာမျိုးရှိတယ်။ မျိုးဗီဇချို့ယွင်းပြီးတော့ DNA က လုံလောက်တဲ့ ပရိုတိန်းထုတ်လုပ်မှုကို မညွှန်ကြားပေးနိုင်လို့ပေါ့။ နောက်လေဥလို့ခေါ်ကြတဲ့ ကြက်မတွေရဲ့ unfertilized egg တွေဟာလည်း ကြက်ထီးတွေရဲ့ မျိုးပွားဆဲလ်နဲ့ ပေါင်းစပ်ပြီး မျိုးအောင်တာ မဟုတ်ဘဲ ကြက်မက‌ေန ရာသီတစ်ခုမှာ ကိုယ်တိုင်မျိုးပွားရင်း ဖြစ်တဲ့ parthenogenesis တစ်မျိုးထဲပါဝင်ပါတယ်၊ သူကတော့ သန္ဓေသားအဖြစ်ကို ပြောင်းတော့မယ့်ကာလမှာ မအောင်မြင်ဖြစ်သွားတာပေါ့။ ဒါကကျတော့ ဒီအကြောင်းအရာက ကျွန်တော်လွန်ခဲ့တဲ့ နှစ်တွေက လေ့လာခဲ့ဖူးတဲ့ reproduction သင်ခန်းစာကဖြစ်ပြီး ထပ်ဆောင်း research မလုပ်ထားရလို့ အမှားပါမယ်ဆိုရင် ဝင်ထောက်ပြပေးနိုင်ပါတယ်၊ အချက်အလက်ပိုင်းလည်း စစ်ဆေးထားပေမယ့် ဒီအပိုင်းက အခုအချိန်ထိ အမျိုးမျိုးယူဆတဲ့ ဝိဝါဒကွဲတွေရှိသေးတာ သတိပြုမိတာကြောင့်ပါ။

    နောက်ပြီး သတ္တဝါတွေက အဲ့ဒီလိုမျိုး လိင်မဲ့မျိုးပွားခြင်းကိုလည်း မဖြစ်မနေအခြေအနေမှသာ လုပ်လေ့ရှိကြပါတယ်။ ဥပမာ သူတို့အတွက် နေထိုင်ရာပတ်ဝန်းကျင်တွေမှာ မိတ်ဖက်ဖြစ်နိုင်မယ့် မျိူးတူအထီးမရှိတော့တာမျိုး၊ မျိုးတူအထီးနဲ့ ဆုံနိုင်ဖို့ အခွင့်အလမ်းမရှိတော့တာမျိုး၊ ဒါမှမဟုတ် သူတို့က မူလနေထိုင်ရာနေရာကနေ တခြားပတ်ဝန်းကျင်တစ်ခုကို ပြောင်းရွေ့လာပြီး အဲ့ဒီဒေသမှာလည်း သူတို့မျိုးစိတ်က အခုမှစတင်ကျက်စားမှာမျိုး၊ ဒါကြောင့်မလို့ မျိုးဆက်တစ်ခုရှိဖို့ လိုအပ်တာမျိုးဆိုရင် လုပ်ကြတယ်။ နောက်ပြီး မိတ်ဖက်ရှာဖို့အတွက် ကြိုးစားလို့ အခြေအနေရှိနိုင်သေးရင်တောင် မိတ်ဖက်ရနိုင်မယ့်အခွင့်အရေး ရာခိုင်နှုန်းနဲ့ မိတ်လိုက်ဖို့အတွက် ထုတ်သုံးရမယ့်စွမ်းအင်အချိုးအစား ကိုက်ညီခြင်း ရှိမရှိနဲ့ ကိုယ်တိုင်မျိုးအောင်ဖို့အတွက် လုပ်သင့်မလုပ်သင့်ကို ချင့်ချိန်ဆုံးဖြတ်ကြရတယ်။ ဒါပေမဲ့ လိင်မဲ့ကိုယ်တိုင်မျိုးပွားခြင်းက ကိုယ်မွေးဖွားလာမယ့် ကလေးမှာ ဗီဇပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေ၊ ငုပ်သျှိုးနေတဲ့ မကောင်းတဲ့ ဗီဇတွေက ကိုယ့်မျိုးဆက်မှာ ပြန်ပေါ်လာနိုင်ချေရှိတယ်၊ ဒါကြောင့် သက်ရှိတွေက အခြေအနေနဲ့ အချိန်အခါအပေါ် မူတည်ပြီး ကိုယ်တိုင်မျိုးပွားခြင်း လုပ်သင့် မလုပ်သင့် စဉ်းစားရပါတယ်။ လုံးဝမဖြစ်နိုင်တော့ချိန်မှာမှ မဖြစ်မနေလုပ်လို့ရဖို့အတွက် ဆင့်ကဲသမိုင်းခရီးတောက်လျှောက် သဘာဝက လက်ဆောင်ပေးထားတဲ့ စွမ်းရည်တစ်ခုလို့ ပြောရင်လည်း မမှားပါဘူး။

    Smithsonian Magazine
    Virign birth က မိကျောင်းလို ရေနေတွားသွားသတ္တဝါထဲကမှ အကောင်ကြီးကြီး သတ္တဝါတွေဆီမှာ အင်မတန်ကို အဖြစ်နည်းတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ မျိုးသုဉ်းခါနီးအခြေအနေမလို့ အဲ့လိုမွေးရတယ်ဆိုရင် လက်ခံနိုင်တဲ့ဖြစ်ရပ်တစ်ခုပေမယ့် အမေရိကန်မျိုးရင်း မိကျောင်းတွေက တနေ့တခြားအရေအတွက် တိုးပွားနေတာလို့ ဆင့်ကဲသမိုင်းဆိုင်ရာဇီဝဗေဒလေ့လာသူတစ်ဦးဖြစ်တဲ့ ဝါရန်းဘုသ် (Warren Booth) ကပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature) ကတော့ အမေရိကန်မျိုးရင်းမိကျောင်းတွေကို မျိုးသုဉ်းဖို့အန္တရာယ်နဲ့ နီးနေတဲ့ သက်ရှိမျိုးစိတ်လို့ မှတ်တမ်းတင်ထားတယ်။ အရင့်အရင်တုန်းကလည်း မျိုးသုဉ်းအန္တရာယ်ရင်ဆိုင်နေရတဲ့ ငါးမန်းမျိုးစိတ်တချို့ ကိုယ်တိုင်မျိုးပွားတဲ့နည်းကို သုံးခဲ့ဖူးပေမယ့် အခုမိကျောင်းကတော့ အရေအတွက်အားဖြင့် တအားကြီးစိုးရိမ်စရာမရှိသေးဘဲ အဲ့နည်းကို သုံးနေလို့ သူသုံးရတဲ့ အကြောင်းအရာရင်းမြစ်က ဘာလဲဆိုတာ အတိအကျပြောရခက်နေပါတယ်။
    သက်ရှိတွေ အခုလို ကိုယ်တိုင်မျိုးအောင်တဲ့ နည်းစနစ် သုံးလာရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက Evolution ကို ခြေရာခံပြီး ပြန်လိုက်တဲ့အခါမှာ သက်ရှိတွေရဲ့ ခရိုမိုဆုမ်းက ပြဿနာတစ်ခုဖြစ်လာနိုင်တယ်ဆိုတာ သုံးသပ်မိပါတယ်။ ဆင့်ကဲသမိုင်းရဲ့ တောက်လျှောက်မှာ အရေးအကြီးဆုံးက မျိုးပွားခြင်းလို့ ပြောလို့ရနိုင်တယ်။ အဲ့ဒီမျိုးပွားခြင်းမှာ သက်ရှိမျိုးဆက်တစ်ခုနဲ့တစ်ခု လက်ဆင့်ကမ်းတဲ့ မျိုးရိုးဗီဇတွေကလည်း အရေးကြီးတယ်။ ကျွန်တော်တို့လူသားတွေမှာဆိုရင် မျိုးရိုးဗီဇဆိုင်ရာအချက်အလက်တွေကို သယ်ဆောင်ထားတဲ့ ခရိုမိုဆုမ်းတွေက မိခင်ဘက်က ၂၃ ခုနဲ့ ဖခင်ဆီက ၂၃ ခု ပေါင်း ၄၆ ခုစီ ရှိကြတယ်။ ၄၆ ခု ၂၃ စုံမှာ နောက်ဆုံး ၁ စုံက XX ဒါမှမဟုတ် XY ဖြစ်တယ်။ အဲ့ဒီအစုံလေးက ကျွန်တော်တို့ ယောက်ျားလား မိန်းမလားဆိုတာကို ခွဲခြားပေးတဲ့ ခရိုမိုဆုမ်းပေါ့။ XX ဆိုရင် မိန်းကလေး XY ဆိုရင် ယောက်ျားလေးဖြစ်တယ်။ ဒါပေမဲ့မနှစ်က အမေရိကန်ပြည်ထောင်စု အမျိုးသားသိပ္ပံအကယ်ဒမီ (PNAS) ရဲ့ သုတေသနစစ်တမ်းတစ်ခုမှာ ယောက်ျားလေးအဖြစ် သတ်မှတ်ပေးနိုင်တဲ့ Y ခရိုမိုဆုမ်းမှာရှိတဲ့ ဗီဇအရေအတွက်က နည်းပါးလာတယ်လို့ ဆိုပါတယ်။ Y ခရိုမိုဆုမ်းကို သတ်မှတ်ပေးတဲ့ ဒီအင်န်အေအပိုင်းအစ (ဗီဇ) တွေရဲ့ အရေအတွက်နည်းပါးလာတယ်။ ဘယ်လောက်ထိနည်းလာလဲဆိုရင် လွန်ခဲ့တဲ့ နှစ်သန်း ၁၀၀ လောက်တုန်းက Y ခရိုမိုဆုမ်းမှာ ဗီဇ ၁၀၀၀ လောက်ရှိလာရာကနေ လက်ရှိအချိန်မှာ အခု ၅၀ လောက်ပဲရှိတော့တယ်။ ဒါကြောင့် မကြာခင်အချိန်အတွင်းမှာ အမျိုးသားတွေပျောက်ကွယ်သွားနိုင်လား၊ အမျိုးသမီးတွေကပဲ ခုနက Virgin birth နဲ့မျိုးပွားလာနိုင်လားဆိုတာ မေးချင်စရာဖြစ်နေတယ်။ ဒါပေမဲ့လို့ Y ခရိုမိုဆုမ်းတစ်ခု မရှိတာနဲ့ ယောက်ျားလေး မိန်းကလေး မခွဲခြားနိုင်တော့မှာ မဟုတ်ဘဲ မျိုးပွားနေနိုင်တဲ့ အခွင့်အရေးကလည်း ရှိနေသေးပြန်တယ်။ Y ပေါ်မှာရှိရမယ့် ဗီဇက တခြားဆဲလ်ကလာပ်စည်းတွေရဲ့ ဒီအန်အေထဲ ရှိနေတာမျိုးဆိုရင်လည်း ယောက်ျား မိန်းမကွဲပြီး မျိုးပွားနိုင်သေးပေါ့။ နောက်ပြီး အဲ့ဒီလိင်မဲ့မျိုးပွားခြင်းက လိင်ကို XX, XY နဲ့ခွဲတဲ့ နို့တိုက်သတ္တဝါတွေအများစုမှာ အလုပ်မဖြစ်နိုင်သေးဘူးလို့လည်း သိထားကြတယ်။ မျိုးပွားနိုင်ဖို့ အထီးဆီက ဗီဇကလာပ်စည်းတွေ လိုအပ်တာဖြစ်လို့ ယောက်ျားတွေမရှိဘဲ လိင်မဲ့မျိုးပွားနိုင်တဲ့ အဖြစ်မျိုးကတော့ လက်ရှိ မဖြစ်နိုင်သေးဘူးလို့ ဆိုနိုင်ပါတယ်။ စာဖတ်သူတွေလည်း ကိုယ့်အထင်အမြင်လေးကို ကောမန့်မှာ ရေးခဲ့ပေးနိုင်ပါတယ်။
    Image – Wildlife Florida
    Reference – National Geographic, Live Science, How Stuff Work, Nature, PNAS
    Written by – Zwe Thukha Min
    Edited by – Fact Hub Editor Team
    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿
    #Fact_Hub #Science_Updates #Virgin_Birth #parthenogenesis #Biology #Article

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous Articleမြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည် ခေါ် လန်ဂါမျက်ကွင်းဖြူမျောက်တွေ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေ
    Next Article Impulse-Momentum Theorem – ဒုတိယပိုင်း
    Zwe Thukha Min

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.