Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»“၂၀၂၄ ခုနှစ်အတွက် ဓာတု​ဗေဒဆိုင်ရာ နိုဘယ်လ်ဆု ဘာလဲ၊ ဘယ်လဲ . . .။”
    Uncategorized

    “၂၀၂၄ ခုနှစ်အတွက် ဓာတု​ဗေဒဆိုင်ရာ နိုဘယ်လ်ဆု ဘာလဲ၊ ဘယ်လဲ . . .။”

    Fact Hub Editor TeamBy Fact Hub Editor TeamOctober 11, 2024Updated:December 11, 2024No Comments4 Mins Read
    “၂၀၂၄ ခုနှစ်အတွက် ဓာတု​ဗေဒဆိုင်ရာ နိုဘယ်လ်ဆု ဘာလဲ၊ ဘယ်လဲ . . .။”
    Share
    Facebook Email Telegram

    အောက်တိုဘာလထဲ ဝင်လာတာနဲ့အမျှ နှစ်တစ်နှစ်ရဲ့ နိုဘယ်ဆုရရှိသူစာရင်း ထုတ်ပြန်ကြေညာတဲ့ အချိန်ကိုလဲ ရောက်ရှိလာပြန်ပါပြီ။ ဒီနှစ်၊ ၂၀၂၄ ခုနှစ်ရဲ့ ဆုပေးပွဲကိုလဲ ခါတိုင်းနှစ်တွေမှာလို နိုဘယ်ဆုတို့ရဲ့ ဖခင် အဲဖရက်နိုဘယ် (Alfred Nobel) သေဆုံးမှု နှစ်ပတ်လည်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ ဆုရရှိသူစာရင်းကိုတော့ အောက်တိုဘာလ ၇ ရက်နေ့က စလို့ တစ်ရက်ကို ခေါင်းစဉ်တစ်မျိုးစီနဲ့ စတင်ကြေညာနေတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာပဲ ဓာတုဗေဒဆိုင်ရာနိုဘယ်ဆုအတွက် ဆုရရှိသူတွေ အမည်စာရင်း ထွက်ရှိလာပါပြီ။ 

    ဒီနှစ်ရဲ့ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆုကတော့ ထူးထူးခြားခြားပဲ ခေါင်းစဉ်ကွဲနှစ်ခုကနေ သုံးယောက်က ခွဲဝေရရှိသွားပါတယ်။ ဆုတစ်ဝက်ကို ပရိုတိန်းအမျိုးအစားသစ် ဖန်တီးနိုင်ခဲ့လို့ ဒေးဗစ်ဘေခါ (David Baker) ဆိုသူက ရရှိသွားပြီး ကျန်တစ်ဝက်ကိုတော့ ဉာဏ်ရည်တုအသုံးချ ပရိုတိန်းတွေရဲ့ သုံးဘက်မြင်ဒီဇို င်းတည်ဆောက်ပုံနဲ့ ပတ်သက်လို့ ဒမ်းမစ်ဟက်ဆာဘီ (Demis Hassabis) နဲ့  ဂျွန်ဂျမ်ပါ (John Jumper) တို့ နှစ်ဦးက ခွဲ​ဝေရရှိသွားတာပါ။ နိုဘယ်ဆုခေါင်းစဉ်က နှစ်ခုကွဲနေပေမဲ့ နှစ်ခုစလုံးက သက်ရှိဖြစ်တည်မှုအတွက် အခြေခံကျတဲ့ ပရိုတိန်းနဲ့ ဆက်နွယ်နေတာမို့ ဓာတုဗေဒနယ်ပယ်ထဲမှာပဲ ချိတ်ဆက်ပေးအပ်လိုက်တဲ့ သဘောဖြစ်ပါတယ်။ 

    ပရိုတိန်း (Protein) တွေဟာ ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တွေနဲ့ တစ်သျှူးတွေထဲမှာ ပါဝင်ဖွဲ့စည်းနေတဲ့ ဇီဝမော်လီကျူး အစိတ်အပိုင်းလေးတွေပါ။ သဘာဝပရိုတိန်းတွေကို မတူညီတဲ့ အမီနိုအက်စစ် (Amino Acid) အမျိုး ၂၀ နဲ့ တည်ဆောက်လေ့ ရှိပြီး အမီနိုအက်စစ်အစဉ်ပေါ်လိုက်ပြီး ပရိုတိန်းအမျိုးအစားတွေ မရေမတွက်နိုင်အောင် ကွဲပြားသွားကြပါတယ်။ ဒီလိုနဲ့ မတူညီတဲ့ အမျိုးအစားပေါ် လိုက်ပြီး အလုပ်လုပ်ပုံတွေကလဲ ကွဲသွားတာပေါ့။ ဒီနေရာမှာ ခန္ဓာကိုယ်တွင်းက ပရိုတိန်းတွေရဲ့ ကျယ်ပြန့်တဲ့လုပ်ဆောင်နိုင်စွမ်းတွေကို လေ့လာကြည့်ကြစို့။ 

    သတ္တဝါတွေ မှီဝဲကြတဲ့ အာဟာရတွေကနေ ရောပါလာတဲ့ ပရိုတိန်းဓာတ်တွေက ခန္ဓာကိုယ်ထဲကို ရောက်လာပြီဆိုတာနဲ့ အမီနိုအက်ဆစ်တွေအဖြစ် ပြန်ကွဲသွားပါတယ်။ အဲဒီကနေ ဆဲလ်တွေရဲ့ DNA တွင်းက မျိုးရိုးဗီဇဆိုင်ရာ အချက်အလက်ကို အခြေခံပြီး လိုတဲ့နေရာပေါ်လိုက်လို့ သီးသန့်ပရိုတိန်း ပုံစံသစ်တွေအဖြစ် ပြန်အသွင်ပြောင်းဖွဲ့စည်းသွားတာပါ။ ပရိုတိန်းတွေက သက်ရှိတွေ စက္ကန့်နဲ့မလပ် ရှင်သန်လည်ပတ်နိုင်ဖို့ လောင်စာသဖွယ် အသွင်ဆောင်ပြီး ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့ရာ အင်မတန်အရေးကြီးပါတယ်။ ခန္ဓာကိုယ်ထဲက ဟော်မုန်း (Hormone) တွေနဲ့ အန်ဇိုင်း (Enzyme) တွေရဲ့ ဖွဲ့စည်းမှုအတွက် အခြေခံလိုအပ်ချက်တစ်ရပ်လဲ ဖြစ်ပါတယ်။ ဥပမာ၊ စွမ်းအင်အရင်းအမြစ်တွေ လျော့နည်းလာချိန်မှာ သိုလှောင်ထားတဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်တွေ၊ သတ္ထုဓာတ်တွေ ထုတ်ပေးတာ၊ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးတာ၊ တစ်သျှူးတွေ ပျက်စီးသွားတဲ့အခါ အသစ်ပြန်လည်ဖွံ့ဖြိုးစေတာ၊ သွေးထွက်ချိန်မှာ ပြန်လည်ကာကွယ်ကုစားပေးတာ . . . အစရှိတဲ့ ထောက်ပို့အလုပ်တွေကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ကြပါတယ်။ ဒါတင်မကသေး၊ အဆုတ်မှာရှိတဲ့ အောက်စီဂျင်ကို သွေးကြောတွေက တစ်ဆင့် တစ်သျှူးတွေဆီ ပို့တာ၊ ဆဲလ်အချင်းချင်းကြားက ကွန်ယက်ချိတ်ဆက်မှုကို ထောက်ကန်အားပြုပေးတာ . . . အစရှိသဖြင့် ကိုယ်ခန္ဓာဖွဲ့စည်းပုံရဲ့ အခြေခံကျတဲ့ လိုအပ်ချက်တွေကိုလဲ အလိုအလျောက် ဖြည့်ဆည်းထိန်းသိမ်းပေးလေရဲ့။ 

    ပရိုတိန်းတွေရဲ့ အရေးပါတဲ့ ကဏ္ဍကို ၁၉ ရာစုနှောင်းပိုင်းကတည်းက သိမြင်ခဲ့ကြပေမဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို နားလည်နိုင်ဖို့ ကြိုးစားရာမှာတော့ နည်းပညာဆိုင်ရာအတားအဆီးတွေ၊ ကန့်သတ်ချက်တွေ ရှိနေခဲ့ပါတယ်။ နောက်ပိုင်းမှာ ပရိုတိန်းတွေရဲ့ တည်ဆောက်ပုံကို သုံးဘက်မြင် နည်းစနစ် (3D) နဲ့ ကြည့်နိုင်ပြီး အထဲက အမီနိုအက်ဆစ်ရဲ့ ဖွဲ့စည်းပုံကို သိနိုင်ဖို့ လမ်းစတွေ ပေါ်ထွက်လာခဲ့ဖူးပါရဲ့။ ဒါပေမဲ့ အချိန် အင်မတန်ကြာမြင့်တဲ့အပြင် သာမန်လူ ဦးနှောက်နဲ့ ဆန်းစစ်နိုင်ဖို့ ပင်ပန်းခက်ခဲနေဆဲပါပဲ။ နမူနာ၊ အမီနိုအက်ဆစ် အခု ၁၀၀ နဲ့ ဖွဲ့စည်းထားတဲ့ ပရိုတိန်းတစ်ခုရဲ့ သုံးဘက်မြင်ပုံရိပ်ကို အတိအကျသိနိုင်ဖို့ သီအိုရီအရ တွက်ကြည့်ရင်တောင် စီတန်းပုံတွေက ဖြစ်နိုင်ခြေ သန်းချီနေတာမို့ တည်ဆောက်ပုံအတိအကျသိနိုင်ဖို့ဆိုရင် နှစ်ပေါင်းဘီလျံနဲ့ချီ ကြာမြင့်နိုင်ပါတယ်။ ဒါပေမဲ့ ဆဲလ်တွေခမျာတော့ ဒီပရိုတိန်းတွေကို ဖန်တီးသွားတာ စက္ကန့်ပိုင်းတောင် မကြာမြင့်လိုက်ပါဘူး။ ဒီအပေါ် အခြေခံလို့ ယူဆရတာက ပရိုတိန်းတစ်ခုကို ကျပန်းဖန်တီးဖွဲ့စည်းလို့ မရဘဲ လိုအပ်တဲ့ ပရိုတိန်းအမျိုးအစားပေါ် လိုက်လို့ ပုံသေနည်းစနစ်တွေ ရှိရပါမယ်။ ဒါပေမဲ့ ဘယ်လို၊ ဘယ်ပုံ ဖွဲ့စည်းသွားလဲဆိုတာကတော့ ပဉ္စလက်ဆန်နေဆဲပါပဲ။ 

    ၂၀၂၀ ခုနှစ်မှာတော့ ပညာရှင်တွေ လေ့လာသိရှိထားသမျှ ပရိုတိန်းအမျိုးအစား အားလုံးနီးပါးရဲ့ သုံးဘက်မြင်ပုံရိပ်ကို မိနစ်နည်းနည်းထဲမှာတင် ခန့်မှန်းတည်ဆောက်ပေးနိုင်တဲ့ နည်းလမ်းသစ်တစ်ရပ် ပေါ်ထွက်လာခဲ့ပါတယ်။ Google Deepmind ကုမ္ပဏီရဲ့ ဥက္ကဋ္ဌ၊ တွဲဘက်တည်ထောင်သူ ဖြစ်တဲ့ ဒမ်းမစ်ဟက်ဆာဘီနဲ့ သိပ္ပံပညာရှင် ဂျွန်ဂျမ်ပါတို့ အယ်ဖာဖိုးလ်ဒ် ၂ (AlphaFold2) အမည်ရ ဉာဏ်ရည်တုပရိုဂရမ်တစ်ရပ် တီထွင်နိုင်ခဲ့တာပါ။ ဟက်ဆာဘီနဲ့အဖွဲ့ အကောင်အထည်ဖော် ဖန်တီးခဲ့တဲ့ ဒီဉာဏ်ရည်တုပရိုဂရမ်က ပရိုတိန်းတွေရဲ့ တည်ဆောက်ပုံကို ၆၀ ရာခိုင်နှုန်းထိပဲ အနီးစပ်ဆုံးတူအောင် ခန့်မှန်းနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်ထိ အဲဒီပမာဏမှာတင် ရပ်တန့်နေခဲ့ပါတယ်။ အဲဒီအချိန်မှာ အယ်လ်ဖာဖိုးလ်ဒ်ပရိုဂရမ်ဆီ မစ္စတာဂျမ်ပါ ဝင်ရောက်လာခဲ့တာပါ။ သူက ပရိုတိန်းတည်ဆောက်ပုံနဲ့ ဖွဲ့စည်းပုံကို ဉာဏ်ရည်တုသုံးပြီး ဖန်တီးရာမှာ သူ့ဆီ ရှိထားနှင့်တဲ့ ရူပဗေဒနယ်ပယ်ဘက်က ကျွမ်းကျင်မှုက အထောက်အပံ့ကောင်းတစ်ရပ် ဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်ထားပါတယ်။ ဒီလိုနဲ့ မစ္စတာဟက်ဆာဘီနဲ့ မစ္စတာဂျမ်ပါတို့ လက်တွဲအလုပ်လုပ်ရာကနေ နှစ်အနည်းငယ်ထဲမှာတင် ပရိုတိန်းတွေရဲ့ သုံးဘက်မြင်ပုံရိပ်ကို အနီးစပ်ဆုံးတူအောင် ခန့်မှန်းဖန်တီးပေးနိုင်မဲ့ အယ်ဖာဖိုးလ်ဒ် ၂ (AlphaFold2) ပေါ်ပေါက်လာခဲ့ပါတော့တယ်။  

    အယ်ဖာဖိုးလ်ဒ် ၂ အဖွဲ့က ပရိုဂရမ်ထဲမှာ အရင်ကထက် ပိုအဆင့်မြင့်တဲ့ ဉာဏ်ရည်တုကွန်ယက်တစ်မျိုး ဖြစ်တဲ့ ထရန်စဖော်မာ (Transformers) စနစ်ကို ထည့်သွင်းထားတာပါ။ ဒီကွန်ယက်က ပညာရှင်တွေ ရှာဖွေတွေ့ရှိထားတဲ့ သန်းပေါင်းရာချီတဲ့ ပရိုတိန်းတည်ဆောက်ပုံတွေနဲ့ ဖွဲ့စည်းမှုအချက်အလက်တွေကို မိနစ်ပိုင်းထဲမှာတင် အတိအကျသိရှိနိုင်စွမ်းရှိလို့ အယ်ဖာဖိုးလ်ဒ် ၂ က ပရိုတိန်းသုတေသနနယ်ပယ်မှာ မင်းသားဖြစ်လာပါတယ်။ ဖွဲ့စည်းထားတဲ့ ပုံစံကို သိတာနဲ့ ဖြစ်နိုင်ခြေရှိသမျှ သုံးဘက်မြင်ပုံရိပ်တွေကို တည်ဆောက်နိုင်ဖို့ လမ်းဖြောင့်သွားတဲ့ သဘောပေါ့။ နောက်၊ ကိုယ်ရှာလိုတဲ့ အချက်အလက်အပြင်ကိုမှ အဲဒီအချက်အလက်နဲ့ ဆက်စပ်နေတဲ့၊ တစ်နည်း ဖွဲ့စည်းပုံ နီးစပ်ဆင်တူတဲ့ ပရိုတိန်းမျိုးကွဲတွေကိုပါ ရလဒ်ထုတ်ပေးတာကြောင့် ပရိုတိန်းအမျိုးအစားသစ်တွေ ဖန်တီးချိန်မှာ ထိထိရောက်ရောက်ကို အကူအညီပေးနိုင်ပါတယ်။ ပရိုတိန်းဖွဲ့စည်းပုံကို သိရဖို့နဲ့တင် ကုန်ရမဲ့ အချိန်ပမာဏကို သိသိသာသာချုံ့ချပစ်လိုက်နိုင်ပြီး အသုံးပြုရတာလဲ အတော်လေး ချောမွေ့လွယ်ကူတာကြောင့် လက်ရှိ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ အယ်ဖာဖိုးလ်ဒ် ၂ ကို ကမ္ဘာတစ်ဝှမ်းကအသုံးပြုသူ သုတေသီဦးရေ ၂ သန်းကျော် ရှိနေပါပြီ။ ၂၀၂၀ ခုနှစ်မှာ အယ်ဖာဖိုးလ်ဒ် ၂ ပရိုဂရမ်ကို အပြီးသတ်ထုတ်လုပ်နိုင်ခဲ့ပြီးတော့ ဓာတုဇီဝဗေဒနယ်ပယ်အတွက် ရေရှည်အကျိုးပြုနိုင်မှု ရှိ/မရှိ စောင့်ကြည့်လေ့လာခဲ့ပါတယ်။ အဲဒီနောက် လေးနှစ်အကြာ၊ ၂၀၂၄ ခုနှစ်အရောက်မှာ ပညာရပ်ဆိုင်ရာ ဓာတုဗေဒအတွက် နိုဘယ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။ 

    နောက်ထပ် နိုဘယ်ဆုတစ်ဝက်ရတဲ့ ခေါင်းစဉ်ကွဲကတော့ ဓာတုဇီဝဆိုင်ရာ ပါမောက္ခနဲ့ ပရိုတိန်းဒီဇိုင်းကျောင်း (Institute for Protein Design) ဒါရိုက်တာ ဖြစ်တဲ့ ဒေးဗစ်ဘေခါရဲ့ ပရိုတိန်းအမျိုးအစားသစ် ဖန်တီးမှု ဖြစ်ပါတယ်။ ဒေးဗစ်ဘေခါဟာလဲ သိပ္ပံနဲ့ ကွန်ပြူတာနည်းပညာကို ပေါင်းစပ်ရင်းပဲ ပရိုတိန်းအမျိုးအစားကို ဖန်တီးနိုင်ခဲ့တာပါ။ “လေယာဉ်တစ်စင်း တည်ဆောက်ချင်ရင် ငှက်တစ်ကောင်ရဲ့ ပုံစံကို ထပ်ဆင့်မွမ်းမံတာမျိုး မလုပ်ဘဲ လေခွင်းအားရဲ့ အခြေခံမူတွေကို နားလည်အောင် လုပ်ပြီးပဲ အဲဒီသဘောတရားကို အခြေခံရင်း ပျံသန်းနိုင်တဲ့ စက်တစ်ခု တည်ဆောက်သင့်တယ်” မစ္စတာ ဘေခါက ပြောခဲ့ဖူးပါတယ်။ 

    သုတေသီအများစုက အန္တရာယ်ရှိ ဒြပ်တွေကို ဖြိုခွဲဖို့၊ ဒါမှမဟုတ်လဲ ဓာတုထုတ်ကုန်လုပ်ငန်းအတွက် အသုံးချဖို့ ရှိနှင့်ပြီးသား ပရိုတိန်းတွေကို ပြုပြင်ပြောင်းလဲတာမျိုး လုပ်လေ့ရှိကြပါတယ်။ အန္တရာယ်ဒြပ်တွေဆိုတာ မြင်သာအောင် ပြောရရင်တော့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ စွန့်ပစ်ပစ္စည်းတွေလိုပေါ့။ ထူးခြားတာက မစ္စတာဘေခါဟာတော့ ရှိနှင့်ပြီးသား ပရိုတင်းဖွဲ့စည်းပုံတွေဆီကနေ လုံးလုံးကွဲထွက်နေတဲ့ ပရိုတိန်းအမျိုးအစား အသစ်တစ်ရပ်ကို ဖန်တီးနိုင်ခဲ့တာပါ။ ဒီလို ပရိုတိန်းအမျိုးအစားသစ်တွေ ဖန်တီးတည်ဆောက်တဲ့ နည်းစနစ်ကို ဒီနိုဗိုဒီဇိုင်း (De Novo Design) လို့ ခေါ်ပါတယ်။ ဒီနည်းစနစ်ကို သုံးပြီး သုတေသနအဖွဲ့က သူတို့လိုချင်တဲ့ ပရိုတိန်းအသစ်တစ်မျိုးရဲ့ ဖွဲ့စည်းပုံကို ပြောပြ၊ ဘယ်လို အမီနိုအက်ဆစ်အမျိုးအစားတွေကို သုံးရင်တော့ ဒီလိုပရိုတိန်းမျိုး ရလာနိုင်တယ်ဆိုတာကိုတော့ မစ္စတာဘေခါရဲ့ ရိုဆက်တာ (Rosetta) အမည်ရ ကွန်ပြူတာဆော့ဖ်ဝဲက တွက်ချက်ပေးတာပါ။ အဲဒီလို တွက်ချက်ပေးနိုင်ဖို့ ရိုဆက်တာက လက်ရှိသိထားသမျှ ပရိုတိန်းဖွဲ့စည်းပုံတွေ အားလုံးကို ဒေတာဘေ့စ် (Database) ထဲက ရှာဖွေတွက်ချက်ပြီး အဲဒါတွေနဲ့ မတူကွဲပြားမဲ့ အမီနိုအက်ဆစ်အစဉ်နဲ့ အတွဲအစပ်ကို အကြံပြုပေးပါတယ်။ 

    ဒီလိုနဲ့ ရိုဆက်တာကို သုံးပြီး မစ္စတာဘေခါရဲ့ ဓာတ်ခွဲခန်းကနေ တော့ပ်ဆဲဗင်း (Top 7) အမည်ရ အမီနိုအက်ဆစ် ၉၃ ခု ပါဝင်တဲ့၊ လုံးဝဥဿုံအသစ်ဖြစ်တဲ့  ပရိုတိန်းကို ဖန်တီးပြနိုင်ခဲ့တာပါ။ ဒီဖန်တီးမှုရလဒ်ကို ၂၀၀၃ ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပြီး ရိုဆက်တာကွန်ပြူတာစနစ်အတွက် ကုဒ် (Source code) ကိုလဲ မျှဝေခဲ့ပါတယ်။ သိပ္ပံနဲ့ သုတေသနနယ်ပယ်က ပညာရှင်တွေလဲ ဒီဆော့ဖ်ဝဲကို အခြေခံပြီး လိုအပ်သလို အဆင့်မြှင့်တင်တာမျိုးတွေ ဆောင်ရွက်နိုင်ခဲ့တာပါ။ ဒါတွေကနေ ပလတ်စတစ်ကို ထိထိရောက်ရောက် ဖြိုခွဲဖျက်ဆီးပေးနိုင်မဲ့ ပရိုတိန်းအသစ် ဖန်တီးတာ၊ ဖန်လုံအိမ်ဓာတ်ငွေ့တွေကို  စုပ်ယူပြီး လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်မဲ့ ပရိုတိန်းအသစ်ဖန်တီးတာ . . . အစရှိတဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ပြဿနာအတွက် ဖြေရှင်းနည်းလမ်းစတွေနဲ့ မျှော်လင့်ချက်ရောင်ခြည်တွေလဲ ပေါ်ပေါက်ခဲ့ရတာပေါ့။ အခုဆိုရင် မစ္စတာဘေခါရဲ့ ပရိုတိန်းသစ်ဖန်တီးတဲ့ နည်းပညာကို သုံးပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်မဲ့ နည်းလမ်းသစ်တွေအပြင် ကင်ဆာနဲ့ ကပ်ရောဂါလိုမျိုး ထိခိုက်သေဆုံးမှု များလှတဲ့ ရောဂါတွေအတွက် ကုသနည်းတွေကိုလဲ ဖန်တီးနိုင်ဖို့ လမ်းစရှိနေပါပြီ။

    ဒေးဗစ်ဘေခါရဲ့ ပရိုတိန်းသစ်ဖန်တီးနည်းနဲ့ အယ်ဖာဖိုးလ်ဒ် ၂ ဉာဏ်ရည်တုနည်းပညာတွေဟာ ဓာတုဗေဒနယ်ပယ်မှာတင် မကဘဲ တခြားဆက်စပ်နွယ်ယှက်နေတဲ့ ဆေးဝါးလုပ်ငန်းတွေ၊ ရောဂါကာကွယ်ကုသမှုတွေနဲ့ စက်မှုလုပ်ငန်းတွေမှာပါ အသစ် အသစ်သော ဖြေရှင်းနည်းတွေဆီ ချဉ်းကပ်လာနိုင်ပါတယ်။ ပရိုတိန်းတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံကို အဆုံးစွန် နားလည်လာနိုင်ပြီး သက်ရှိတွေကို အကျိုးပြုနိုင်မဲ့ လူလုပ်ပရိုတိန်းတွေ ဖန်တီးလာနိုင်တာနဲ့အမျှ လူသားတွေရဲ့ ကျန်းမာရေးကဏ္ဍမှာလဲ အဖိုးမဖြတ်နိုင်တဲ့ အရွေ့ကြီးတွေ မလွဲဧကန်ရှိလာမှာပါပဲ။ ဒီလိုထူးခြားပြောင်မြောက်လှတဲ့ သုတေသနတွေနဲ့ တီထွင်ဖန်တီးမှုတွေကို နိုဘယ်ဆုပေးလိုက်ခြင်းကနေလဲ သိပ္ပံပညာအပေါ် လူတွေ ပိုပိုသတိပြုမိလာပါတယ်။ ဒါ့အပြင်ကို ဒီဖန်တီးမှုတွေက လူသားမျိုးနွယ်ရဲ့ တိုးတက်ဖွံ့ဖြိုးမှုအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနေတာမို့ ကောင်းမွန်ထိုက်တန်တဲ့ ဂုဏ်ဒြပ်ဆုလာဘ်တစ်ရပ်အဖြစ် မှတ်ကျောက်တင် ကျန်ရစ်နေတော့မှာပါ။ 

    Click to see the references
    • Official homepage of the Nobel Prize – NobelPrize.org. (2024, October 11). NobelPrize[.]org.
    • Chemistry Prize. (n.d.). NobelPrize[.]org.
    • Advanced Information. The Nobel Prize in Chemistry 2024. (2024, October 9). NobelPrize[.]org.
    • Popular Information. The Nobel Prize in Chemistry 2024. (2024, October 9). NobelPrize[.]org.
    • Database, A. P. S. (n.d.). AlphaFold Protein Structure Database.
    • Software. (2024, September 16). Rosetta Commons. 
    • Hall, T. (2023, September 13). The essential role of proteins in supporting body functions. ASFA. 
    • Curtis, L. (n.d.). What Does Protein Do? A Guide to This Essential Nutrient. Verywell Health. Retrieved October 12, 2024, from Verywell Health Website.
    Written by Hnin Shwe Yee San
    Released fromFact Hub Go: Content Writer Desk
    Edited byMin Z
    Attribution Table

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Chemistry Science Update
    Share. Facebook Email Telegram
    Previous Article“သမိုင်းစာမျက်နှာပေါ်က ဒုတိယမြောက် မဟာစစ်ပွဲကြီး – အပိုင်း ၁”
    Next Article ၂၀၂၄ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘာလဲ၊ ဘယ်လဲ . . .?
    Fact Hub Editor Team

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.