Close Menu
Fact Hub Myanmar
    Archives
    • April 2025
    • March 2025
    • January 2025
    • November 2024
    • October 2024
    • September 2024
    • July 2024
    • May 2024
    • March 2024
    • January 2024
    • December 2023
    • November 2023
    • October 2023
    • September 2023
    • August 2023
    • July 2023
    • June 2023
    • May 2023
    • April 2023

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Facebook X (Twitter) Instagram
    Fact Hub Myanmar
    • In-depth Articles
    • News
    • Contri Column
    Fact Hub Myanmar
    Home»Uncategorized»Blue field entoptic Phenomenon
    Uncategorized

    Blue field entoptic Phenomenon

    Myo Myat MaungBy Myo Myat MaungOctober 25, 2023Updated:March 3, 2024No Comments2 Mins Read
    Blue field entoptic Phenomenon
    Share
    Facebook Email Telegram
    Blue field entoptic Phenomenon

     

    ကျွန်တော်တို့တွေ ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကြတဲ့အခါ ကောင်းကင်ကြီးမှာ အဖြူအစက်အပျောက်လေးတွေ၊  အချောင်းအချောင်းလေးတွေ ပြေးနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ များသောအားဖြင့်တော့ ‌ဒီလိုဖြစ်တာကို လူတွေက အမြင်အာရုံ အားနည်းလို့ ဖြစ်တာ၊ ရောဂါတစ်ခုခုကြောင့် ဖြစ်တာ၊ သွေးအားနည်းလို့ ဖြစ်တာ စသဖြင့် အမျိုးမျိုးတွေ ပြောကြပေမဲ့ တကယ်တော့ အဲ့ဒီလို မဟုတ်ပါဘူး။ 

    အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်တဲ့အချိန် အစက်လေးတွေ၊ အချောင်းလေးတွေ ကောင်းကင်မှာ ပတ်ပြေးနေတာကို Blue field entoptic Phenomenon လို့ ခေါ်ပါတယ်။ အမြင်အာရုံမှာ ပတ်ပြေးနေတတ်တဲ့ အစက်အပြောက်လေးတွေကတော့ သက်ရှိဆဲလ်လေးတွေဖြစ်တဲ့ သွေးဖြူဥလေးတွေပါ။ ဘာကြောင့် ပတ်ပြေးနေသလို မြင်ရတာလဲဆိုတာကို ပြောပြပေးပါမယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်ဟာ ဆဲလ်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ မျက်လုံးထဲမှာလဲ သွေးဖြူဥနဲ့‌ သွေးနီဥဆဲလ်တွေ အသီးသီးရှိကြပါတယ်။ သွေးနီဥတွေကတော့ blue light ကို စုပ်ယူကြပြီး သွေးကြောမျှင်လေးတွေဆီကို ပို့ပေးပါတယ်။ ပြီးရင် သွေးနီဥလေးတွေ စုပ်ယူထားတဲ့  blue light  ကို အဆင့်ဆင့်စစ်ထုတ်ပြီး ကြည့်လို့ရအောင် မျက်လုံးက ညှိလိုက်ပါတယ်။ 

    ဒါပေမဲ့လဲ ဒီနေရာမှာ သွေးဖြူဥလေးတွေကတော့ ဒီလို မလုပ်နိုင်ပါဘူး။ သွေးဖြူဥတွေဟာ သွေးနီဥတွေထက် နည်းလဲနည်းသလို  blue light ကိုလဲ စုပ်မယူနိုင်ပါဘူး။ ဒါကြောင့် ဦးနှောက်နဲ့ အချိတ်အဆက်ရှိတဲ့ သွေးကြောမျှင်လေးတွေဆီကိုလဲ ပို့မပေးနိုင်တော့ပါဘူး။ သွေးဖြူဥလေးတွေက blue light  ကို စုပ်မယူနိုင်ပေမဲ့လဲ ရလိုရငြား ကြိုးစားကြည့်ပုံပါပဲ။ ဒီလိုမျိုး မရတာကို အတင်းကြိုးစားလိုက်တဲ့ အချိန်မှာ blue light  တွေကို စစ်မထုတ်တော့ဘဲနဲ့ မူလအလင်းရောင်အတိုင်း စုပ်ယူလိုက်ပြီး ဦးနှောက်ကတစ်ဆင့် ပြပေးပါတော့တယ်။ ဒီလိုနဲ့ စစ်မထုတ်ထားတဲ့ blue light ကို  စုပ်ယူလိုက်တာမို့ သာမန်မျက်စိနဲ့ မမြင်ရတဲ့ သွေးဖြူဆဲလ်လေးတွေက အဖြူရောင်တောက်တောက်လေး ဖြစ်လာပြီး ကျွန်တော်တို့ ကောင်းကင်ကို မော့ကြည့်ရင် မြင်နေရတဲ့ အရာ‌လေးတွေ ဖြစ်လာပါတယ်။ ဒါကြောင့် ကောင်းကင်ပြာကြီးကို မော့ကြည့်ရင် မြင်နေရတဲ့ အစက်အ‌ပြောက်လေးတွေက သွေးဖြူ‌လေးတွေပဲ ဖြစ်ပါတယ်။ လူတွေအတွက် အန္တရာယ်လဲ မဖြစ်စေသလို မျက်လုံးကျန်းမာရေးကိုလဲ မထိခိုက်စေပါဘူး။ 

    (blue light ဆိုတာကတော့ 380 ကနေ 500 nanometer အကွာအဝေးအတွင်း တုန်ခါနေတဲ့ အတိုဆုံး လှိုင်းအလျားနဲ့ အမြင့်ဆုံး စွမ်းအင်ရှိပြီး မျက်စိနဲ့ မြင်နိုင်တဲ့ အလင်းတန်း တစ်စိတ်တစ်ပိုင်းကို ခေါ်တာဖြစ်ပါတယ်။ ဥပမာပြောရရင် ဖုန်း၊ တီဗီ၊  Laptop၊ Computer Monitor ‌တွေကနေ လာတဲ့ အလင်းရောင်တွေပါ။) 

    ဒါကြောင့် ဖုန်းတွေ၊ တီဗီတွေ အကြည့်များတဲ့ သူတွေက ကောင်းကင်ကို မော့ကြည့်တဲ့အခါ လှုပ်စိလှုပ်စိဖြစ်နေတဲ့ သွေးဖြူဥလေးတွေကို ပိုပြီး ထင်ထင်ရှားရှား မြင်ရပါတယ်။

    Written by – Myo Myat Maung 

    Edited by – Nyan Win Htet 

    ©️ 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿

    #Fact_Hub #Science #Article #General_science #Blue_Field_Entopic_Phenomenon

     

    Fact Hub Myanmar

    Proudly powered by FH Editor Team

    This content is licensed under CC BY-NC-ND 4.0

    Share. Facebook Email Telegram
    Previous ArticlePsyche Mission (သို့) ရှေးဟောင်းဂြိုဟ်သိမ်သို့ခရီး
    Next Article နဂိုခန့်မှန်းရင်းထက်နှစ် သန်း ၄၀ ပိုကြီးနေနိုင်တဲ့လရဲ့သက်တမ်း
    Myo Myat Maung

    Related Posts

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025

    ငှက်အုပ်ပျံတာက မုန်တိုင်းရဲ့ ရှေ့ပြေးလား

    April 4, 2025

    မိုးလေဝသပညာရှင် ဦးဝင်းနိုင် ပြောတဲ့ မုန်တိုင်းအလားအလာ

    April 4, 2025
    Add A Comment
    Leave A Reply Cancel Reply

    Categories
    • Astronomy & Space (1)
      • Astrobiology (1)
    • Uncategorized (248)
    Archives

    At Fact Hub, we are dedicated to sharing trustworthy and reliable information that empowers people through knowledge. As a fact-checking organization, our mission is to distinguish truth from misinformation, and to uphold accuracy, integrity, and responsibility in the information we share.

    Facebook YouTube Telegram
    Archives
    • April 2025 (7)
    • March 2025 (10)
    • January 2025 (2)
    • November 2024 (4)
    • October 2024 (14)
    • September 2024 (3)
    • July 2024 (1)
    • May 2024 (1)
    • March 2024 (4)
    • January 2024 (17)
    • December 2023 (14)
    • November 2023 (26)
    • October 2023 (18)
    • September 2023 (23)
    • August 2023 (20)
    • July 2023 (13)
    • June 2023 (11)
    • May 2023 (28)
    • April 2023 (32)

    ရှင်သန်ကျန်ရစ်သူရဲ့ အပြစ်ရှိစိတ် (Survivor Guilt) ကို ဘယ်လို သက်သာစေမလဲ . . .

    April 4, 2025

    ငလျင်ကို ဘာကြောင့် ကြိုတင်ခန့်မှန်းလို့ မရတာလဲ . . . ?

    April 4, 2025

    မန္တလေးကျုံးက ပလတ်စတစ်နဲ့ ဖော့ဘူးခွံတွေ

    April 4, 2025

    မြစ်ရေခမ်းတာလား . . . မြေအရည်ပျော်တာလား . . . ?

    April 4, 2025
    Copyright © 2026. Fact Hub Myanmar. All rights reserved.

    Type above and press Enter to search. Press Esc to cancel.