Archives
Browsing: Uncategorized
ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ အချက်အလက်တွေကို တင်ပြပါ့မယ်။ – ဘင်္ဂလားပင်လယ်အော်ဟာ အိန္ဒိယသမုဒ္ဒရာထဲကတခြားနေရာတွေထက် ပိုပြီးပူနွေးပါတယ်။ ဒါကတော့ ဘင်္ဂလားပင်လယ်အော်ရဲ့တည်နေရာက လတ္တီတွဒ်အနိမ့်မှာ တည်ရှိနေတဲ့အတွက် နေရောင်ခြည်ကိုအများဆုံးရရှိလို့ပါ။ နောက်ပြီး သူ့ရဲ့ဘူမိတည်ဆောက်ပုံက ကုန်းတွင်းနိုင်ငံ (၃) နိုင်ငံ (မြန်မာ၊…
ဆိုရှယ်မီဒီယာအသုံးပြုခြင်းက ဆယ်ကျော်သက်အရွယ် လူငယ်တွေဆီမှာ စိုးရိမ်စိတ်လွန်ရောဂါနဲ့ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းမြင့်တက်လာတာနဲ့ ဆက်စပ်နေတယ်လို့ သုတေသနတွေကဆိုပါတယ်။ ကမ္ဘာတစ်ဖက်က သတင်းကို ဒီဘက်ကမ္ဘာခြမ်းကနေပြီး စက္ကန့်မလပ် သိရှိနိုင်လောက်အောင်ကို သတင်းအချက်အလက် လျင်လျင်မြန်မြန်စီးဆင်းနိုင်တဲ့ ဆိုရှယ်မီဒီယာက အသုံးဝင်တဲ့ကဏ္ဍတစ်ခုအနေနဲ့ ထိပ်ကနေ ရပ်တည်နေတာ ကြာပါပြီ။…
ပုရွက်ဆိတ်တွေက ရာသီဥတုအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ကြိုတင်ခန့်မှန်းနိုင်တယ်ဆိုတဲ့ အယူအဆတစ်ခုက ကျွန်တော်တို့နိုင်ငံမှာ အင်မတန်ရေပန်းစားပါတယ်။ ပုရွက်ဆိတ်တွေက မိုးရွာတာ၊ မုန်တိုင်းတိုက်တာလိုမျိုး ရာသီဥတုအပြောင်းအလဲတွေနဲ့ သဘာဝဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်ပြီး အသိုက်အမြှုံပြောင်းရွေ့တာမျိုး၊ ဘေးလွတ်ရာပိုင်းကို ရွေ့ပြောင်းကြတာမျိုး စတဲ့ အပြုအမူတွေ ပြုလုပ်လေ့ရှိတယ်လို့ ဆိုကြပါတယ်။…
လူတိုင်းလူတိုင်းမှာ ပြဿနာတွေကို အဖြေရှာနိုင်စွမ်းရှိကြစမြဲပါ။ အဲ့တာဘာလို့လဲဆိုရင် စဉ်းစားတွေးခေါ်နိုင်တဲ့ ဦးနှောက်ဆိုတာကြီးပါနေလို့ပဲဖြစ်ပါတယ်။ ပြဿနာတွေကို အဖြေရှာတဲ့နေရာမှာကျတော့ ကျွန်တော်တို့ရဲ့ စဉ်းစားနိုင်စွမ်းက ယေဘုယျအားဖြင့် သုံးမျိုးရှိပါတယ်။ Critical Thinking (ဖြတ်ထိုးဉာဏ်) ၊ Analytical thinking (ခွဲခြမ်းစိတ်ဖြာ တွေးတောနိုင်တဲ့ဉာဏ်)…
လွန်ခဲ့တဲ့ ၃၇ ခုနှစ် .. ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ သမိုင်းမှာအဆိုးရွားဆုံးနဲ့ အကြီးမားဆုံး နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲ့ဒီဖြစ်ရပ်ကို နျူကလီးယား ကပ်ဘေးလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။…
ထာဝရ အသက်ရှင်ခြင်းဆိုတဲ့အရာကို ပုံပြင်တွေ ဝတ္ထုတွေ နဲ့ ဒဏ္ဍာရီတွေထဲမှာသာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာပေါ်က လူတစ်ယောက်ကတော့ အသက်ရှည်ခြင်း၊ အနာကင်းခြင်း၊ အဆင်းလှခြင်း ဆိုတဲ့ အရာသုံးခုကို ထာဝရရှိဖို့ကြိုးစားနေပါတယ်။ သူ့ရဲ့နာမည်ကတော့ ဘရိုင်ရန် ဂျွန်ဆန် (Bryan…
သိပ္ပံပညာရှင်တွေရဲ့ အဆိုပြုချက်အရ ဆာဟာရသဲကန္တာတစ်ခုလုံးရဲ့ ၁.၂ ရာခိုင်နှုန်းခန့်အကျယ်ကိုသာ ဆိုလာပြားတွေဖုံးထားပြီး နေရောင်ခြည်စွမ်းအင်ထုတ်လုပ်မယ်ဆိုရင် ကမ္ဘာပေါ်က စွမ်းအင်လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းနိုင်တဲ့အထိ လုံလောက်မှုရှိနိုင်ပါတယ်။ စုစုပေါင်းကမ္ဘာ့စွမ်းအင်အသုံးပြုမှု (ကျောက်မီးသွေး+ ရေနံ + ရေအားလျှပ်စစ် + နျူကလီးယား + ပြည့်ဖြိုးမြဲစွမ်းအင်)…
ဒီမစ်ရှင်နဲ့ ပတ်သက်ပြီး ကုမ္ပဏီဘက်က တိကျသေချာတဲ့ အချက်အလက်ကို မထုတ်ပြန်နိုင်ဘဲ ဖြစ်နိုင်ဖွယ်ရှိတာတွေကိုပဲ အတည်ပြုထားတာ တွေ့ရပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက်အရ လဆင်းယာဉ်ကို SpaceX ရဲ့ ဖယ်လ်ကွန်-၉ ဒုံးပျံနဲ့ လွှတ်တင်ခဲ့ပြီး ယာဉ်ပေါ်မှာ ဂျပန်အာကာသအေဂျင်စီကတည်ဆောက်ပေးတဲ့ Rover…
လျှပ်စစ်ရဲ့ ဖခင်ကြီးနှစ်ပါးလို့ တင်စားခံရတဲ့ သောမတ်စ်အယ်ဗာအက်ဒီဆင်နဲ့ နီကိုလာတက်စ်လာတို့ နှစ်ယောက်ရဲ့ ကြားထဲက ပြဿနာက လူသိများထင်ရှားပါတယ်။ တော်တော်များများဖော်ပြကြတာအရ အယ်ဒီဆင်က တယ်စလာရဲ့ တီထွင်ဖန်တီးမှုတွေကို ခိုးယူတယ်၊ အလွဲသုံးစားလုပ်တယ် စသဖြင့် အထင်လွဲစေနိုင်တဲ့ ပုံမှားရိုက်တဲ့ ကိစ္စတွေ တစ်ဖက်စောင်းနင်းရေးသားတာမျိုး…
အီဂျစ်နိုင်ငံမှာရှိတဲ့ ပိရမစ်တွေကို ဘယ်သူတွေကလာပြီး ဆောက်ပေးခဲ့တယ်လို့ ထင်ပါသလဲ။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လူတွေလား ဒါမှမဟုတ် ကမ္ဘာပြင်ပက ဂြိုဟ်သားတွေ လာပြီးဆောက်ပေးထားကြတာလား။ ဒီအဖြေတွေကိုဖြေဖို့ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅၀၀ ကျော်ကသမိုင်းကို ပြန်ကြည့်ဖို့လိုပါလိမ့်မယ်။ ပိရမစ်တွေဟာဆိုရင် ကမ္ဘာပေါ်မှာ တည်ရှိနေသေးတဲ့…
ဒီအပတ် Fact Check ပေးချင်တဲ့ အကြောင်းအရာအနေနဲ့ တရုတ်ပြည်က လူလုပ်မဟာတံတိုင်းတစ်ခုတည်းကိုပဲ အာကာသကနေ မြင်ရနိုင်တယ်ဆိုတဲ့ အချက်အလက်မှားတစ်ခုအကြောင်းပါ။ ဒီ အကြောင်းအရာက နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ အချက်အလက်မှားတစ်ခုဖြစ်ပြီး အခုချိန်ထိ တော်တော်များများက ယုံနေကြဆဲပါပဲ။ ဒီအကြောင်းအရာကို ရုပ်ရှင်တွေ၊…
အော်ရီယွန်တာရာက ကမ္ဘာ့လည်ပတ်ဝင်ရိုးအီကွေတာမျဉ်းအနီးအနား Right Ascentation +5° မှာ တည်ရှိတဲ့အတွက် ကမ္ဘာ့နေရာအနှံ့အပြားကနေ မြင်တွေ့နိုင်တယ် (Right Ascentation ဆိုတာ တည်နေရာကို အီကွေတာကနေ ဝင်ရိုးစွန်းအကြား ဒီဂရီနဲ့ တိုင်းတာလေ့ရှိပြီး အပေါင်းလက္ခဏာဆိုရင် မြောက်ကမ္ဘာခြမ်းပေါ်၊ အနုတ်လက္ခဏာဆိုရင်…
လူသန်းချီနေထိုင်တဲ့ မြို့ကြီးတွေကို မီးခိုး မီးလုံး တစ်ခုမတောက်ဘဲ လျှပ်စစ်စွမ်းအင်အလုံအလောက်ပေးနိုင်တဲ့ Nuclear Energy အကြောင်း အတွင်းကျကျ နားလည်ထားပါသလား? .. နျူကလီးယားဓာတ်ပေါင်းဖိုတွေအကြောင်းရော? .. အဲ့တာတွေက ဘယ်လိုအလုပ်လုပ်တာ?.. ကိုယ်က အပေါ်က အကြောင်းအရာတွေနဲ့ ပတ်သက်လို့…
လွန်ခဲ့တဲ့ ၃၇ ခုနှစ် .. ၁၉၈၆ ခုနှစ် ဧပြီလ ၂၆ ရက်နေ့မှာ သမိုင်းမှာအဆိုးရွားဆုံးနဲ့ အကြီးမားဆုံး နျူကလီးယားဓာတ်ပေါင်းဖို ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးတော့ အဲ့ဒီဖြစ်ရပ်ကို နျူကလီးယား ကပ်ဘေးလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့ အထိ ပြင်းထန်ခဲ့ပါတယ်။…
Q: လွတ်မြောက်အလျင်ဆိုတာ ဘာကိုပြောတာလဲဗျ? A: လွတ်မြောက်အလျင်ဆိုတာက ဂြိုလ်တစ်စင်းရဲ့ ဒြပ်ဆွဲအားကိုအန်တုပြီး အနန္တထိခရီးနှင်နိုင်တဲ့ အရွေ့စွမ်းအင်လုံလောက်မှုပဲ၊ ဒြပ်ဆွဲအားဆိုတာ သိတဲ့အတိုင်း အနန္တအကွာအဝေးအထိသက်ရောက်တယ်၊ ဒါပေမယ့် အဲ့လိုတာဝေးအားတစ်ခုဖြစ်နေတာတောင် ဝတ္ထုကိုသူ့ဆီပြန်လာအောင် လုပ်နိုင်မှာမဟုတ်ဘူး။ ဒီလိုဒြပ်ဆွဲအားကို လွတ်မြောက်လို့ လွတ်မြောက်အလျင်လို့ခေါ်ကြတာ.. Q:…
Wireless Electricity ဒါမှမဟုတ် Wireless Power Transfer ဆိုပြီးသိကြတဲ့ ကြိုးမဲ့လျှပ်စစ်နည်းပညာဆိုတာဟာ ဝါယာကြိုးတွေ ကေဘယ်ကြိုးတွေမလိုဘဲ လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးပို့နိုင်တဲ့ နည်းပညာတစ်ခုပါ။ ဒီနည်းပညာကို ကမ္ဘာကျော်သိပ္ပံပညာရှင် Nikola Tesla ကနေစတင်ခဲ့ပြီးတော့ လက်ရှိအချိန်မှာလည်း အများအပြားအသုံးပြုနေကြပါတယ်။…
အရိပ်ဖျော့လကြတ်ခြင်း (Penumbral Lunar Eclipse) လို့ခေါ်တဲ့ လကြတ်ခြင်းဖြစ်စဉ်တစ်ခု လာမယ့် မေ ၅ ရက်နေ့မှာ ဖြစ်ပွားမှာဖြစ်ပြီး မြန်မာနိုင်ငံက မြင်ရမှာဖြစ်ပါတယ်။ နေနဲ့ လရဲ့ ကြားထဲ ကမ္ဘာရောက်လာတာပြီး ကမ္ဘာရဲ့အရိပ် လပေါ်ကျရောက်လာတာနဲ့ အတူ…
အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ နည်းပညာတွေ Pedometers နဲ့ နှလုံးခုန်နှုန်းကိုပြပေးနိုင်တဲ့ မော်နီတာတွေကို စတင်မိတ်ဆက်လိုက်တဲ့အချိန်ကနေစပြီး သိသိသာသာတိုးတက်လာကြပါတယ်။ အခုအချိန်မှာဆိုရင် ကျနော်တို့တွေရဲ့ ကျန်းမာရေးကိုစောင့်ကြည့်ပေးနိုင်ပြီးတော့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေကိုခြေရာခံနိုင်တဲ့ စက်ပစ္စည်းတွေအများအပြားရှိနေပါပြီ။ ဒီတစ်ခါမှာတော့ အလွယ်တကူ၀တ်ဆင်သယ်ဆောင်သွားနိုင်တဲ့ ပစ္စည်းတွေရဲ့ တိုးတက်မှုတွေနဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ တိုးတက်ပြောင်းလျက်ရှိနေတဲ့…
“အသံတိတ် လူသတ်လက်နက် Heat Stroke အပူရှပ်ရောဂါ” ယနေ့ခေတ်မြန်မာနိုင်ငံရဲ့ အပူအချိန်ကို ဘာကတော့ဘယ်လိုပါလို့ ရှည်ရှည်ဝေးဝေး ရှင်းပြစရာလိုမယ်မထင်ပါဘူး။ မြန်မာ့နိုင်ငံရဲ့အပူချိန်က အာရှတစ်ခွင်မှာတောင် အပူဆုံးနံပတ်တစ်နေရာကရပ်တည်နေခဲ့ပါပြီ။ ဒီအတွက် နွေရာသီမှာ အရမ်းပြင်းတဲ့အပူအချိန်ကြောင့်ဖြစ်တတ်တဲ့ Heat Stroke အကြောင်းကို ဆောင်ရန်ရှောင်ရန်တွေနှင့်အတူ…
ကျွန်တော်တို့ အကုန်လုံး ငယ်ငယ်က သိပ္ပံမှာ သင်ရတာအရ နေဆိုတာ လောင်ကျွမ်းနေတဲ့ ဓာတ်ငွေ့လုံးလို့ သိထားကြပါတယ်။ အခုလို နွေခေါင်ခေါင်အချိန်မှာ ရာသီဥတုက အင်မတန်ပူတဲ့အပြင်ကို လျှပ်စစ်မီးပါ မလာတဲ့အခါကျ အဲ့လောက်အထိကို ပူပြင်းနိုင်လွန်းတဲ့ နေလုံးကြီးကို ရေနဲ့ လောင်းပြီး…
ဒီတစ်ခေါက် Fact Hub ရဲ့ အပတ်စဉ် fact check အစီအစဉ်မှာဆိုရင် သိပ္ပံအတုအယောင် (pseudoscience) တွေထဲ နာမည်အကြီးဆုံးနဲ့ လူသိအများဆုံးဖြစ်တဲ့ ဘာမြူဒါတြိဂံဒေသက ယုံတမ်းအချက်အလက်အမှားတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဘာမြူဒါတြိဂံဆိုတာက သိပ္ပံပညာရှင်တွေ အဖြေမရှာနိုင်သေးဘဲ…
Click To Read Part 1 , Click To Read Part 2 ဘောလုံးစည်းမျဉ်းများနှင့် နည်းစနစ်များဆင့်ကဲတိုးတက်လာခြင်း _____________________________________________ လူကျွံဘောနှင့် အခြား နည်းနစ်များစတင်အသုံးပြုလာခြင်း ဘောလုံးကစားနည်းဟာ အချိန်နှင့်အမျှ သိသိသာသာ တိုးတက်ပြောင်းလဲလာပြီး သူ့ရဲ့ စည်းမျဉ်းတွေ၊ နည်းဗျူဟာတွေနဲ့အတူ…
မိနစ်သုံးဆယ်ကြာတဲ့ ရေဝက်ဝံ (Tardigrade) တွေရဲ့ ရှားပါး Threesome လိင်ဆက်ဆံမှုကို သိပ္ပံပညာရှင်တစ်ဦးကနေပြီး ဗီဒီယိုအနေနဲ့ မှတ်တမ်းတင်ရိုက်ကူးထားနိုင်ခဲ့တယ်လို့ Science Alert မဂ္ဂဇင်းက ဆိုပါတယ်။ တာဒီဂရိတ်ခေါ် ရေဝက်ဝံတွေဟာ ကမ္ဘာပေါ်က သက်ရှိတွေထဲမှာ အသက်ရှင်နိုင်စွမ်းအမြင့်ဆုံးနဲ့ အသက်အပြင်းဆုံး…
Click To Read Part 1 ဘောလုံးကစားနည်း၏အစောပိုင်းသမိုင်းကြောင်း ___________________________________________________ ရှေးခေတ်ဘောလုံးကစားနည်းနှင့် အလယ်ဥရောပ မော်ဒန်ဘောလုံးကစားနည်းဟာ လက်ရှိမှာ ကလေးကအစသိနေပြီဆိုပေမယ့် ဘောလုံးရဲ့ မူလအစကိုသိဖို့ဆိုရင်တော့ အလယ်ခေတ်ဥရောပကိုပြန်လည်လေ့လာကြည့်ရပါမယ်။ တရုတ်၊ ဂရိနဲ့ ရောမတို့ရဲ့ ရှေးခေတ်ယဉ်ကျေးမှုခေတ်ကနေစတင်ခဲ့ပြီး အဲဒီကစားနည်းကိုပဲ ဂျပန်မှာကစားခဲ့ကြပါတယ်။…
၁၈ရာစုတုန်းက အပျော်တမ်းနက္ခတ္တဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ဂျွန်မစ်ချယ်က နေရဲ့သိပ်သည်းဆနဲ့ အချင်းဝက်အဆ၅၀၀သာရှိတဲ့ အရာဝတ္ထုဟာ သူ့ဆီကအလင်းတွေကို ပြင်ပကိုထွက်ခွာခွင့်မပေးနိုင်ဘူးလို့ အဆိုပြုခဲ့တယ်။ တစ်ခုသတိပြုရမှာက နေရဲ့ဒြပ်ထုမဟုတ်ပဲ နေရဲ့သိပ်သည်းဆကိုပြောတာ၊ နေရဲ့သိပ်သည်းဆက တစ်ကုဗမီတာမှာ ၁၄၁၀ ကီလိုဂရမ်ရှိတယ် (ရေထက် ၄၁ ရာခိုင်နှုန်းပိုများတယ်)၊ အဲ့ဒီသိပ်သည်းဆပမာဏရှိတာကိုမှ…
Stevia အပင်က သန့်စင်ထုတ်လုပ်ပြီးရလာတဲ့ အချိုဓာတ်ဟာ သာမန်သကြားတွေထက် အဆပေါင်း ၁၀၀ ကနေ ၃၀၀ ကျော်အထိ အချိုကဲပါတယ်။ ဒါ့အပြင် ကယ်လိုရီ ဇီးရိုး၊ ကာဗွန်ဟိုက်ဒရိတ် ဇီးရိုးနဲ့ တခြားသော မကောင်းတဲ့ ဓာတ်ပစ္စည်းတွေလည်း ပါဝင်မနေပါဘူး။…
လက်ရှိအချိန်မှာ ကမ္ဘာပေါ်က အထင်ရှားဆုံး အားကစားကို ပြောပါဆိုရင် ဘောလုံးအားကစားကို ထိပ်ဆုံးက ပြေးမြင်ကြမှာ မလွဲဧကန်ပါပဲ။ ဒီအခန်းဆက်ဆောင်းပါးမှာတော့ ကျွန်တော်တို့ အားလုံးနဲ့ ရင်းနှီးကြတဲ့ ဘောလုံးအားကစားရဲ့ မူလဇာစ်မြစ်နဲ့အတူ ဘယ်လိုပေါ်ပေါက်လာတာလဲ၊ ကမ္ဘာလုံးဆိုင်ရာ အားကစားတစ်ခုအနေနဲ့၊ ယဉ်ကျေးမှုတစ်ခုအနေနဲ့ ဘယ်လိုအရေးပါအရာရောက်တဲ့…
နေဆီကအလင်းရောင် တစ်နည်း ဖိုတွန်အမှုန်တွေဟာ နေရဲ့မျက်နှာပြင်ကနေ ကမ္ဘာကိုရောက်ရှိဖို့အတွက် အချိန် ၈ မိနစ်ခန့် ယူရတယ်။ ကျွန်တော်တို့မြင်တွေ့နေရတဲ့နေက အခုတည်ရှိနေတဲ့နေမဟုတ်၊ လွန်ခဲ့တဲ့ (၈) မိနစ်က နေသာဖြစ်တယ်။ ဒါကအလင်းအလျင်ဖြစ်တဲ့ တစ်စက္ကန့်ကို ကီလိုမီတာ၃သိန်းနှုန်းနဲ့ တွက်ချက်ထားတာ။ ဒါပေမယ့်…
ပင်လယ်ကမ်းခြေတွေသွားရင် ပုံထဲကလို ကျောက်တုံးတွေ၊ ကျောက်ဆောင်တွေမှာ ကပ်တွယ်နေတတ်တဲ့ ခရုနဲ့ ခပ်ဆင်ဆင်အကောင်လေးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ အဲ့ဒီခရုနဲ့ အသွင်သဏ္ဍာန်ချင်း ဆင်တူတဲ့အကောင်လေးတွေက ခရင်းကောင် (Barnacle) လေးတွေပါ။ ဘုရားသခင်တွေ ဖန်ဆင်းရှင်တွေ မရှင်းပြနိုင်တဲ့ သတ္တဝါတွေဘယ်လိုဖြစ်လာသလဲဆိုတဲ့ မေးခွန်းကို ရှင်းပြနိုင်ခဲ့တဲ့…
Click To Read Part 1 မားစ်ဂြိုလ်နဲ့ သူ့ရဲ့အလားအလာ ၂၄.၆ နာရီကြာမြင့်တဲ့နေ့တာ၊ ၂၅ ဒီဂရီတိမ်းစောင်းနေတဲ့ လည်ပတ်ဝင်ရိုး၊ သံနဲ့ နီကယ်အများစုဖွဲ့စည်းထားတဲ့ ဂြိုဟ်ဝတ်ဆံ၊ ရာသီဥတုပြောင်းလဲနိုင်ခြင်း စတဲ့အချက်တွေကြောင့် မားစ်ဂြိုလ်ဟာ ကျွန်တော်တို့ကမ္ဘာနဲ့အတော်ကို ဆင်တူနေတယ်။…
Chemical compound တစ်ခုဖြစ်တဲ့ သလင်းကျောက်မှာ ဆီလီကွန်အက်တမ်တစ်လုံးနဲ့ အောက်ဆီဂျင်အက်တမ်နှစ်လုံးပါဝင်ပါတယ်။ သင်္ကေတနဲ့ဖော်ပြရမယ်ဆိုရင်တော့ SiO2 ဖြစ်ပါတယ်။ကမ္ဘာမြေမျက်နှာပြင်ပေါ်မှာ များများစားစား တွေ့ရှိရတတ်တဲ့ သတ္တုပစ္စည်းတစ်ခုဖြစ်တဲ့အပြင် တစ်မူထူးခြားတဲ့ အရည်အသွေးတွေ ဂုဏ်သတ္တိတွေကြောင့် အလွန် အသုံးဝင်တဲ့သဘာဝ တွင်းထွက်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ သလင်းကျောက်တွေကို လက်ရှိအချိန်အထိ…
ဒီတစ်ခေါက် Fact Hub ရဲ့ အပတ်စဉ် fact check အစီအစဉ်မှာတော့ ရွှေငါးတွေရဲ့ မှတ်ဉာဏ်နဲ့ပတ်သက်လို့ ကျွန်တော်တို့မှားယွင်းသိထားတဲ့ အကြောင်းအရာတွေအကြောင်း ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ငယ်ငယ်ကဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာဖြစ်ဖြစ်၊ ဆိုရှယ်မီဒီယာပေါ်က ပိုစ့်တွေမှာပဲဖြစ်ဖြစ် တော်တော်များများဖတ်ဖူးကြမှာကတော့ ရွှေငါးတွေရဲ့ မှတ်ဉာဏ်က…
Dr. Harold Shipman ဆိုတဲ့ သူကတော့ သမိုင်းမှာ ကွင်းဆက်လူသတ်သမားဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ဗြိတိသျှ အထွေထွေရောဂါကု ဆရာ၀န်တစ်ယောက် ဖြစ်ပါတယ်။ သူ့ကို ၁၉၄၆ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ၊ နော်တင်ဟမ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ Leeds မြို့မှာ…
မြန်မာနိုင်ငံမှာ လူငယ်တွေ ပွင့်လင်းမှုရှိလာတာနှင့်အမျှ HIV ရောဂါပြန့်ပွားနှုန်းတွေဟာလည်း တစ်ဟုန်ထိုးမြင့်မားလာပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာအရ HIV ကူးစက်ခံရမှု ထုတ်ပြန်ချက်အသစ်ဟာ 1996 ခုနှစ်တုန်းကပျမ်းမျှလူသန်းပေါင်း 3.2 သန်းခန့် ရှိပြီး 2021 ခုနှစ်မှာတော့ 1.5 သန်းခန့်သာ…
ပျားတွေဟာ မြွေတွေထက် လူ့အသက်ကိုပိုပြီးအန္တရာယ်ပြုနိုင်ပါတယ် မြွေ၊ ပင့်ကူ၊ ကင်းမြီးကောက်လိုကောင်တွေကို သတိထားဖို့လိုတယ်ဆိုပေမယ့် ပျား ဒါမှမဟုတ် ခွေးတစ်ကောင်ကြောင့်လည်း သင့်အသက်ဆုံးရှုံးနိုင်ပါတယ်။ ၂၀၀၈ ခုနှစ် ကနေ ၂၀၁၅ ခုနှစ်အတွင်း တိရိစ္ဆာန်တွေကြောင့် သေဆုံးသူ ၁၆၁၀ ဦးရှိခဲ့တဲ့ထဲက…
စက္ကန့်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ အခုလက်ရှိကမ္ဘာကြီးမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်လာနေတဲ့ နည်းပညာတစ်ခုရှိပါတယ်။ အဲ့တာက တခြားတော့မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဉာဏ်ရည်တုနည်းပညာ ( Artificial intelligence) ပဲဖြစ်ပါတယ်။ AI ဟာဆိုရင် ကျနော်တို့လူသားတွေရဲ့ နေ့စဉ်ဘ၀ကိုပြောင်းလဲလာစေနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိနေတာပါ။ ဒါဆိုရင်…
ဧပြီ ၂၀ ရက်နေ့တွင် ဆယ်စုနှစ်အကြာမှ တစ်ခါဖြစ်ပေါ်သည့် ရှားပါးနေကြတ်ခြင်းဖြစ်စဉ်ဖြစ်ပေါ်မည်။ ရောစပ်နေကြတ်ခြင်းဖြစ်စဉ် (Hybrid Solar Eclipse) လို့ခေါ်တဲ့ ရှားပါးနေကြတ်ခြင်းဖြစ်စဉ်တစ်ခုဟာ လာမယ့် ဧပြီလ ၂၀ ရက် ကြာသပတေးနေ့မှာ ဖြစ်ပေါ်ဖို့ရှိတယ်လို့ အာကာသဗေဒဆိုင်ရာကျွမ်းကျင်သူတွေက…
ကျွန်တော်တို့ကမ္ဘာကြီးမှာ နည်းပညာတွေတိုးတက်လာတဲ့အချိန်ကြာလာတာနဲ့အမျှ တစ်ခုနဲ့တစ်ခု ဆက်နွယ်မှုတွေရှိလာပြီး မူလရည်ရွယ်ချက်ကနေတစ်ဆင့် ဆင့်ကဲဖြစ်ပေါ်လာတဲ့နည်းပညာတွေပေါ်ပေါက်လာကြပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကွန်ပျူတာရဲ့အစောပိုင်းကာလတွေမှာ ကြီးမားတဲ့အရွယ်အစားနဲ့ ဈေးလည်းကြီးသလို သိပ္ပံနဲ့ စစ်ရေးရည်ရွယ်ချက်အချို့အတွက်ပဲ အဓိကအသုံးပြုခဲ့ကြပေမဲ့ 1970 နဲ့ 1980 ခုနှစ်ပိုင်း ကိုယ်ပိုင်ကွန်ပျူတာတွေစတင်မိတ်ဆက်ချိန်မှာတော့ ကွန်ပျူတာတွေကို သာမန်ပြည်သူတွေကအစ…
သင်သိပါသလား အမျိုးသမီးတွေရဲ့ ဦးနှောက်ဟာ သူတို့ကိုယ်ဝန်ဆောင်ချိန်မှာ ကျုံ့သွားလေ့ရှိကြပြီးတော့ မူလအရွယ်အစားကိုပြန်ရဖို့အတွက် ခြောက်လနီးပါးကြာမြင့်ပါတယ်။ Source – Healthline Image – Healthline 𝟮𝟬𝟮𝟯-𝟮𝟬𝟮𝟰 𝗖𝗼𝗽𝘆𝗿𝗶𝗴𝗵𝘁 ©️ | 𝗙𝗮𝗰𝘁 𝗛𝘂𝗯 𝗠𝘆𝗮𝗻𝗺𝗮𝗿…
“သက်ရှိ”ဆိုတာကို သိပ္ပံဘာသာရပ်မှာ အချက် (၄) ချက်နဲ့ အဓိကထားပြီး သတ်မှတ်ပါတယ်(ထပ်မံဖြည့်စွက်ထားတာတွေလည်း ရှိချင်ရှိမှာပါ)။ – သက်ရှိတိုင်းဟာ ရွေ့လျားလှုပ်ရှားနိုင်ရမယ်။ – သက်ရောက်မှုတွေကို တုံ့ပြန်နိုင်ရမယ်။ – မျိုးပွားနိုင်ရမယ်။ – မိမိတို့ရှင်သန်ရာပတ်ဝန်းကျင်နဲ့ အပြန်အလှန် အမှီသဟဲပြုမှုရှိရမယ်။…
အင်္ဂလန်နိုင်ငံ Sussex တက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ခုဟာ သမိုင်းမှာ ပထမဦးဆုံးအကြိမ်အဖြစ် အမျိုးသားများလိင်မှုအထွတ်အထိပ်ရောက်စေနိုင်မယ့် ညီမျှခြင်းတစ်ခုကို ထုတ်ဖော်တွေ့ရှိခဲ့ပါတယ်။ ”ဇီဝကမ္မဗေဒနဲ့ စိတ်ပညာသုတေသနအချက်အလက်တွေအပေါ်အခြေခံပြီး အမျိုးသားတွေစိတ်ကျေနပ်မှုရစေမယ့် နည်းလမ်းတစ်ခု ဒါမှမဟုတ် အောင်မြင်တဲ့လိင်ဆက်ဆံမှုရဲ့ စံမော်ဒယ်တစ်ခုကို ကျွန်တော်တို့ရှာတွေ့ခဲ့တယ်။ လိင်မှုကိစ္စအတွက် သင်္ချာညီမျှခြင်းတစ်ခုထုတ်ဖော်တယ်ဆိုတာ သမိုင်းမှာ…
အာကာသစူးစမ်းလေ့လာရေးတွေမှာ ဆယ်စုနှစ်များစွာ ရှေ့ဆုံးကနေ ဦးဆောင်နေတဲ့ နာဆာအဖွဲ့အစည်းအနေနဲ့ လက်ရှိအချိန်မှာ “Artemis Program” လို့ အမည်ပေးထားတဲ့ ပရိုဂရမ်တစ်ခုနှင့်အတူ လူသားတွေ လကမ္ဘာပေါ်ကို အခြေချသွားရောက်နိုင်ရေးအတွက် ပြင်ဆင်နေကြပါတယ်။ “Artemis” ပရိုဂရမ်ဆိုတာကတော့ လပေါ်မှာ လူသားတွေရဲ့နေထိုင်တည်ရှိမှုကို စတင်ထူထောင်ဖို့ရယ်၊…
အသက် (၆၅) နှစ်အရွယ် အမည်မဖော်လိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက်ဟာ မိမိကိုယ်ကိုယ် အာကာသယာဉ်မှူးလို့ သုံးနှုန်းထားသူ ရုရှားအမျိုးသားတစ်ယောက်ရဲ့ လိမ်လည်ခြင်းကိုခံခဲ့ရပါတယ်။ ရုရှားအာကာသယာဉ်မှူး အမည်ခံအမျိုးသားဟာ အာကာသစခန်းကနေ ကမ္ဘာမြေကိုပြန်လာဖို့အတွက် ငွေကြေးလိုအပ်တယ်ဆိုပြီး ယန်း ၄.၄ သန်းကို လိမ်လည်ခဲ့တာပါ။ အဆိုပါအမျိုးသားနဲ့…
NASA မှာ ဒုံးပျံတွေ၊ သိပ်ကိုကြီးမားတဲ့ စက်ကိရိယာကြီးတွေအပါအဝင် အခြားလေယာဉ်တွေပါ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ Super Guppy လို့ခေါ်တဲ့ ယာဉ်တစ်မျိုးရှိပါတယ်။
NASA ရဲ့ Super Guppy ဆိုတာကတော့ ကြီးမားတဲ့ကုန်ပစ္စည်းကြီးတွေကို သယ်ယူပို့ဆောင်ဖို့အတွက် အထူးတည်ဆောက်ထားတဲ့ လေယာဉ်တစ်မျိုးပါပဲ။ NASA ဟာ 1961 ခုနှစ်မှာ Aero Spaceline Industries’ Pregnant Guppy ကို…
The Football War လို့သမုတ်ကြတဲ့ အဆိုပါ စစ်ပွဲဟာ၁၉၆၉ ခုနှစ်မှာ El Salvador နဲ့ Honduras တို့ကြားဖြစ်ပွားခဲ့တဲ့ စစ်ပွဲတိုလေးတစ်ခုဖြစ်ပါတယ်။ နှစ်နိုင်ငံကြားမှာရှိတဲ့တင်းမာမှုတွေဟာ ၁၉၇၀ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲတုန်းက ပဋိပက္ခတွေနဲ့တိုက်တိုက်ဆိုင်ဆိုင်ဖြစ်ခဲ့တာပါ။ အဲ့ဒီ ပဋိပက္ခတွေကို…
ကမ္ဘာပေါ်မှာ အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် သုံးဆတောင် ပိုများတယ်လို့ အချို့သောလူတွေက ပြောကြပါတယ်။ လူအများစုလည်း ဒီစကားကို သေချာပေါက်ကြားဖူးနေမှာပါ။ တကယ်တော့ အဲ့တာဟာ အချက်အလက်အမှားတစ်ခုသာ ဖြစ်ပါတယ်။ အဲ့ဒီစကားဟာ ဘယ်ကနေစတင်ခဲ့လဲဆိုရင် 2019 ခုနှစ်မှာ UN ကစာရင်းကောက်ယူထားတာပါဆိုပြီး…
၁၉၉၄ ခုနှစ်၊ အီတလီ မာယူရို ပရော့စ်ပါရီလို့ အမည်ရတဲ့ မာရသွန်အပြေးသမားတစ်ယောက်ဟာ ဆာဟာရသဲကန္တာရထဲမှာ အပြေးပြိုင်ပွဲတစ်ခုကို ပြိုင်နေရင်း သဲမုန်တိုင်းမိပြီး လမ်းပျောက်ခဲ့ရတာပါ။ အိမ်ပြန်လမ်းကို ရှာဖို့အတွက် ဆယ်ရက်ကျော်ကြာကာလအတွင်း ၁၈၆ မိုင်ရှိတဲ့ ခရီးအကွာအဝေးကို ခြေကျင်လမ်းလျှောက်ခဲ့တဲ့ မာယူရိုဟာ…