Archives
Month: August 2023
ရုရှားအာကာသ အေဂျင်စီက လွှတ်တင်ထားတဲ့ လူမဲ့ လဆင်းယာဉ် လူနာ ၂၅ ဟာ သတ်မှတ် ပတ်လမ်း ချို့ယွင်းချက်ကြောင့် အထိန်းအချုပ်မဲ့တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပြီး လရဲ့ မျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့တယ်လို့ သက်ဆိုင်ရာတွေက ပြောပါတယ်။ လူနာ ၂၅…
လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။ စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။ ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph…
ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ…
ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။ ဥရောပနိုင်ငံတွေ အင်အားကြီးလာတာနဲ့အမျှ ကိုလိုနီနယ်မြေတွေ အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်စေ၊ စစ်ရေးနည်းဗျူဟာအရပဲဖြစ်စေ နိုင်ငံငယ်တွေကို ကိုလိုနီပြုတာဟာ ပိုင်နက်ကို ကျယ်ပြန့်စေသလို ကောင်းကျိုးအများအပြားရစေပါတယ်။ ကမ္ဘာပေါ်မှာ ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရပါတယ်။…
ကျွန်တော်တို့တွေဟာ တစ်ခါတလေ အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် သိချင်တာစူးစမ်းချင်တာလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး အတွေးပေါင်းစုံနဲ့ ပြည့်နေတတ်ကြပါတယ်။ ဒီထဲမှာမှ လူအများစုကတော့ ဒီမေးခွန်းလေးတွေကို သေချာပေါက်မေးခဲ့ကြဖူးမှာပါ။ “ကမ္ဘာကြီးဘယ်တော့ပျက်မှာလဲ။” “ဘယ်လိုပျက်မှာလဲ။” “ဘာကြောင့်ပျက်မှာလဲ။” ကျွန်တော်တို့တွေငယ်စဉ်အခါက အခုလိုစူးစမ်းချင်စိတ်နဲ့ လူကြီးတွေကို မေးရင် အများစုကတော့…
လူသားတွေက မိမိဦးနှောက်ရဲ့ ၁၀% ကိုပဲ အသုံးပြုနိုင်တယ်ဆိုတဲ့ အကြောင်းအရာဟာ အချက်အလက်မှားတစ်ခုဖြစ်ပါတယ်
ယခုတပတ် fact check လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ လူသားတွေဟာ ဦးနှောက်ရဲ့ ၁၀% နှုန်းကိုပဲ အသုံးပြုနိုင်ပြီး ကျန် ၉၀% ကိုတော့ လက်တွေ့အသုံးပြုနိုင်ခြင်းမရှိဘူးဆိုတဲ့ အယူအဆမှား conspiracy theory တစ်ခုအကြောင်းကိုပါ။ ဒီသီအိုရီက သိပ္ပံတု၊…
ကျွန်တော်တို့ဟာ လေထုအလွှာကြီးအောက်မှာရှင်သန်နေကြတဲ့ သက်ရှိတွေဖြစ်တဲ့အတွက် လေရဲ့အပြုအမူနဲ့ရွေ့လျားမှုတွေကို သက်ရောက်ခံစားနေကြရပါတယ်။ အဲ့လို လေရဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ လေတိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ လေညင်းဆိုတာဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာကြောင့်တိုက်ခတ်မှုတွေဖြစ်ပေါ်လာတာလဲ။ လေတိုက်ခတ်မှုဖြစ်ပေါ်အောင် ဘယ်သူတွေက လုပ်ဆောင်ပေးနေတာလဲ ဆိုတဲ့မေးခွန်းတွေကို ဆွေးနွေးကြရအောင်ပါ။ ကမ္ဘာကြီးကို Atmosphere…
ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း လေးထောင့်ငါးရာလောက် ရှိပြီဆိုတာ ကြားဖူးကြမှာပါ။ သက်ရှိတွေကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း သုံးထောင့်ရှစ်ရာလောက်ကတည်းက ပေါ်လာတယ်ဆိုတာနဲ့ ဉာဏ်ရည်မြင့်လူတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းနှစ်သိန်း လောက်ကတည်းက ပေါ်လာတယ်ဆိုတာကိုရော ကြားဖူးကြလောက်မှာပါ။ ဒါပေမဲ့ ဒီလောက်နှစ်သန်းပေါင်းများစွာကို ထိုင်မကြည့်ထားဘဲနဲ့…
Fact Hub ရဲ့ အပတ်စဉ် မျှဝေလေ့ရှိတဲ့ အချက်အလက်စစ်ဆေးမှု ဆောင်းပါးမှာတော့ တနေ့ ရေရှစ်ခွက် သောက်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ခြင်း ရှိ/မရှိဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီအကြောင်းအရာကို တစ်နည်း မဟုတ်…
လူသားတွေက လူမှုအသိုက်အဝန်းထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အရွယ်က စလို့ ‘စကား’ တွေကို စပြီး ကြားကြရပါတယ်။အမျိုးအမည်မခွဲတတ်သေးပေမဲ့ ‘စကား’ ဆိုတဲ့ ဒီအသံတွေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ။ ဒီတော့ သင်ကြားပေးသူတွေထံကစည်းမျဉ်း၊ စနစ်တွေနဲ့ နည်းလမ်းတကျ မသင်ယူခင်အရွယ်မှာ ကလေးတွေက စကားပြောတတ်လာအောင် ဘယ်လိုသင်ယူကြပါသလဲ။ မိခင်ဘာသာစကားဖြစ်တဲ့ ပထမဘာသာစကားကို ကလေးတွေ ဘယ်လို တတ်မြောက်လာကြပါသလဲ။ ဒီသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကို ဘာသာဗေဒပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာခဲ့ကြတယ်။ ကလေးတွေစကားပြောတတ်ဖို့ သင်ယူရာမှာ – ၁။ အသံ (Sounds) – မွေးကင်းစမှ ၆ လအရွယ် ၂။ စကားလုံး (Words) – ၈ လမှ ၁ နှစ်ခွဲအရွယ် ၃။ ဝါကျ (Sentences) – ၂ နှစ် မှ ၃ နှစ်အထက်အရွယ် ဆိုတဲ့ အဆင့် ၃ ဆင့် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဆင့် ၁ – အသံများကို သင်ယူခြင်း။ ဒီအဆင့်မှာ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်ကနေ ကြားနေရတဲ့ အသံတွေ (ဥပမာအားဖြင့် /က/၊ /ခ/၊ /ဒ/၊ /d/၊ /o/၊/t/) ကို စတင်သင်ယူကြတယ်။ ဒီအဆင့်က ကလေးတွေ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ သိပ်ကို အရေးပါတဲ့၊ အထောက်အကူကောင်းကောင်းပြုတဲ့ အခြေခံအဆင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသံတွေကို သတိပြုပြီး အသံပြန်ထွက်တဲ့ ဒီအဆင့်ကို Phonemic Awareness လို့ ခေါ်ပါတယ်။ အသံတွေကို သင်ယူကြရမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် နှုန်းမတူကြပေမဲ့ မွေးဖွားချိန်၊ ၄ လ၊ ၆ လ ဆိုတဲ့ ယေဘုယျပုံစံတစ်ခုအနေနဲ့ ကလေးအများစုက သင်ယူကြတာကို တွေ့ရပါတယ်။ မွေးစအရွယ်မှာ အသံတွေရဲ့ အဖိ၊ အဖော့၊ အမြင့်၊ အနိမ့် စတဲ့ စည်းချက်တွေကို သင်ယူကြပါတယ်။ ၄လသားအရွယ်မှာတော့ အနားမှာရှိတဲ့ လူက ဘာသာစကားရဲ့ အသံတွေကို အသုံးပြုနေသလား၊ ဒါမှမဟုတ် ဘာသာစကားမဟုတ်တဲ့ ဆူညံသံတွေကို ထုတ်လုပ်နေတာလားဆိုတာ ခွဲခြားလာနိုင်ပြီး ၆ လသားအရွယ်မှာတော့ ကမ္ဘာ့ဘာသာစကားအသီးသီးရဲ့ အသံအားလုံးကို ထုတ်လာထွက်လာနိုင်ကြပါပြီ။ အသံတွေကို ပေါင်းစပ်ပြီး ရည်ညွှန်းဖော်ပြလိုတဲ့ အရာတွေကို ပြောနိုင်စွမ်း မရှိသေးတဲ့အတွက် ဘယ်နိုင်ငံက ဘယ်ဘာသာစကားမဆို ရှိနေတဲ့အသံတွေကို ကလေးတွေက ဒီအရွယ်မှာ သင်ယူပြီး အသံထွက်နိုင်ကြတာ ဖြစ်ပါတယ်။ စကားလုံးအဆင့်မရောက်မသေးတဲ့ အသံတွေ ဖြစ်တဲ့အတွက်အဓိပ္ပာယ်ကို တွဲမှတ်နားလည်နိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။ အဆင့် ၂ – စကားလုံးများကို သင်ယူခြင်း။ အသံတွေကို သင်ယူပြီးတဲ့အရွယ်လွန်မြောက်လာချိန်မှာ ကလေးတွေက အဲဒီအသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးဖြစ်လာအောင် တည်ဆောက်တဲ့ ပုံစံကို သင်ယူကြပါတယ်။ ဥပမာအနေနဲ့ သူတို့သောက်နေတဲ့၊ အမေဖြစ်သူ၊ အဖေဖြစ်သူက ပါးစပ်အတွင်းဆီကို ထည့်ပေးတဲ့ အရည်ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘ရေ’ ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်လာဖို့ ‘အေ’ နဲ့ ‘ရ’ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုး၊ သူတို့အနားမှာ လာနေတတ်တဲ့ အမွေးပွပွ၊ အမြီးရှည်ရှည်၊ နှုတ်သီးရှည်ရှည် ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘dog’ ဆိုတဲ့ စကားလုံးဖြစ်လာဖို့ /d/၊ /ɔ/ နဲ့ /g/ ဆိုတဲ့ အသံတွေပေါင်းစပ်တာမျိုးတွေ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်၊ နောက်စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်ဆိုတာ ဒီအဆင့်မှာ သေချာပေါက် တတ်မြောက်အောင် သင်ယူကြရတယ်။ ဒါတွေကို “Word Boundaries” လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သင်ယူနေကြတာက ဘယ်အသံကိုဘယ်လိုထွက်ရမယ်ဆိုတာမျိုး စည်းစနစ်တွေနဲ့ မဟုတ်ဘဲ ရုပ်ရင်း (morpheme) တွေကို သင်ယူနေကြရုံသက်သက်ပါပဲ။အရွယ်နဲ့ ထပ်ပြီး ခွဲခြားပြရရင် ၈ လသားအရွယ်မှာ Word Boundaries တွေကို ခွဲခြားလာနိုင်တယ်။ အသံအုပ်စုတွေကိုသတိပြုမိလာတယ်။ ဒါပေမဲ့ အလုံးစုံ သိနားလည်နေတာမျိုးမဟုတ်ဘဲ စကားလုံးတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကိုစူးစမ်းသင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ အရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ စကားလုံးမျိုးတွေပါ။ ၁ နှစ်သားအရွယ်ရောက်လာရင်တော့ ဝေါဟာရစကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်ကို တွဲစပ်နားလည်လာပြီး ဘယ်အရာကို ဘယ်လိုညွှန်းဆိုပြောရမလဲ ဆိုတာကို တတ်မြောက်လာကြပါတယ်။ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ စကားလုံးတွေကိုတောင် တုပပြောနိုင်တဲ့ အရွယ်ပါ။ ၁ နှစ်ခွဲအရွယ်ဖြစ်လာတဲ့အခါ သင်ယူနေရတဲ့ စကားလုံးတွေကို အသုံးချတတ်ဖို့ ကလေးတွေ သိနေကြပြီလို့ ဆိုရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးတွေက ဒီအဆင့်မှာ နာမ်တွေ၊ကြိယာတွေကို ခွဲခြားသိမှတ်နိုင်စွမ်းရှိနေကြပြီလို့ ဆိုထားကြပါတယ်။…
မြေဆီလွှာဆိုတာ ဘာလဲ။ သူ့ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ သူ့ကို ဘယ်လိုအရာတွေနဲ့ ဖွဲ့စည်းထားသလဲ။ မြေဆီလွှာဆိုတာ ကျွန်တော်တို့ငယ်ငယ်ကတည်းက နေထိုင်ရာ ဒြပ်ရှိအရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အနီးနားပတ်ဝန်းကျင်ကို သတိမမူမိကြဘဲ မြေဆီလွှာရဲ့ သိပ္ပံသဘောသဘာ၀တွေကို လျစ်လျူရှုထားမိခဲ့ကြပါတယ်။ ဒီနေ့မှာတော့…
အကယ်၍ ကျွန်တော်တို့သမိုင်း၊ မှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံးစစ်ပွဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းဟာလဲ…
လက်ရှိပစ္စုပ္ပန်အချိန်မှာ မျိုးသုဉ်းနိုင်ခြေအများဆုံးတိရစ္ဆာန်တစ်ကောင်ကို ဖော်ပြပါလို့ဆိုရင် ကျွန်တော်ကတော့ Javan Rhinos အကြောင်းကိုသာ ပြောပြပါလိမ့်မယ်။ Javan Rhinos ဆိုတာ ဘာလဲ။ Javan Rhinos တွေဟာ ကြံ့မျိုးစိတ်တွေထဲမှာ အရှားပါးဆုံးမျိုးစိတ်ဝင်တွေဖြစ်ပြီး လက်ရှိအချိန်မှာဆိုရင် အကောင်ရေအနည်းဆုံးနဲ့ မျိုးသုဉ်းနိုင်ခြေအများဆုံးစာရင်းဝင်တိရစ္ဆာန်မျိုးစိတ်လဲ…
――――――― အကယ်၍ သမိုင်းမှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံး စစ်ပွဲဖြစ်တဲ့…
ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ဟာ ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အလက်ဇန္ဒား ဖလင်းမင်းရဲ့ မွေးနေ့ပါ။ အလက်ဇန္ဒား ဖလင်းမင်းကို ကျွန်တော်တို့ အားလုံးရင်းနှီးကြပါတယ်။ ဆေးသိပ္ပံကို တဟုန်ထိုး တိုးတက်စေခဲ့တဲ့ အပြင် လူ့သက်တမ်းကိုပါ အများကြီး ဆွဲဆန့်ပေးနိုင်ခဲ့တဲ့…
နေသာတဲ့နေ့တစ်နေ့မှာပဲဖြစ်ဖြစ်၊ မိုးတွေရွာနေတဲ့နေ့မှာပဲဖြစ်ဖြစ် ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ဝါဂွမ်းသဏ္ဍာန် တိမ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတိမ်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆိုတော့ အဲ့ဒီလိုထူထူထဲထဲ တိမ်တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းကို မပြောခင် Physical Change လို့ခေါ်တဲ့ ရုပ်ပြောင်းလဲခြင်းအကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ပါ။…
နတ်ပွဲ၊ နဂါးပွဲတွေထဲ ဆိုင်းသံ၊ ဗုံသံကြားလိုက်တာနဲ့ လူအကောင်းကနေ ရုတ်တရက် အသိစိတ်လွတ်သွားပြီး မြေကြီးတွေမှာ လူးလှိမ့်ကုန်တာမျိုး၊ အစုလိုက် ထကကြတာမျိုး၊ တက်ကုန်တာမျိုး စတဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အားလုံးကြားဖူးကြပါတယ်။ တချို့ကျတော့လည်း နေရင်းထိုင်ရင်း လူစိတ်ပျောက်ပြီး ပါးစပ်ကနေ…
ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။
သင်သိပါသလား ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။ ပြင်သစ်ရဲ့ မက်ထရိုပိုလစ်တန်ဒေသမှာတော့ အလယ်ဥရောပအချိန်ဇုန်ဖြစ်တဲ့ CET ကိုပဲ အသုံးပြုပေမယ့် ပြင်သစ်ပိုင်တဲ့ အခြားပင်လယ်ရပ်ခြား ပိုင်နက်တွေအားလုံးကို ထည့်တွက်မယ်ဆိုရင်တော့ အချိန်ဇုန် စုစုပေါင်း…
Solar System ထဲမှာ အဆန်းကြယ်ဆုံးဝတ္ထုတွေထဲက တစ်ခုကို ကျွန်တော်တို့နေ့တိုင်းမြင်တွေ့နေရတယ်ဆိုရင် ယုံနိုင်ကြမလားဗျ။ အဲ့တစ်ခုကတော့ “လ” ပါပဲ။ ဒီလိုမျိုး ညတိုင်းမြင်နေကျ လဆိုတဲ့အရာ ဘယ်လိုဖွဲ့စည်းဖြစ်တည်လာလဲဆိုတာဟာ လူ့သမိုင်းအတွက် မေးခွန်းကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ လရဲ့ ဖြစ်တည်လာပုံကို ခန့်မှန်းချက်တွေထုတ်ပြီးမပြောဆိုခင်…
သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။ ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက်…