Browsing: Uncategorized

  ကျွန်တော်တို့ လူ့ခန္ဓာဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆဲလ်တွေဟာလဲ ထိလွယ်ရှလွယ်ကြပါတယ်။ တစ်ခုခုဖြစ်လို့ ဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေ ရလာတဲ့အခါ အချို့သော ဒဏ်ရာတွေက ပိုမြန်မြန်ပျောက်လွယ်တာကို သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။ အရင်ဆုံး အရေပြားနဲ့…

သဘာဝတရားကြီးက အင်မတန်ကို လှပပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အလှဆင်ပေးနေတဲ့ တိမ်စိုင်တွေ၊ မိုးတွေ၊ သက်တံ့တွေ၊ သစ်ပင်တွေနဲ့ ဆီးနှင်းတွေရဲ့ ဖြစ်တည်မှုတွေဟာ ဆန်းကြယ်သလို စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။ ဆောင်းရာသီမှာ တွေ့ရတတ်တဲ့ ဆီးနှင်းဆိုတာ ဆောင်းရာသီကို အလှဆင်ပေးနေတဲ့ အရာတစ်ခုပါပဲ။…

ကျွန်တော်တို့ အားလုံးလိုလို အင်တာနက်မှာ မြင်ဖူး၊ ကြားဖူးကြတဲ့ အကြောင်းအရာ  တစ်ခု ရှိပါတယ်။ အဲ့ဒါက ညအခါ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ အားလုံးက သေဆုံးပြီးသား ဖြစ်ပြီး ကျွန်တော်တို့က သူတို့ရဲ့ အတိတ်က ပုံရိပ်ကို…

  ဩဂုတ်လ ၆ ရက်၊ ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားဆိုတဲ့ မြို့လေးမှာ မြို့နေပြည်သူတွေက ပုံမှန်အတိုင်း သူတို့ရဲ့ နေ့ရက်ကို စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အလုပ်သွားဖို့ ရထားစောင့်‌နေတဲ့ သူက စောင့်၊ ကျောင်းသွားဖို့…

သိပ္ပံရဲ့ တိုးတက်လာမှုတွေဟာ အံ့မခန်းပါ။ ပိုတိုးတက်လာတဲ့ နည်းပညာနဲ့အတူ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကိုလည်း တိတိကျကျ သိရှိလာနိုင်ခဲ့ပါတယ်။ အခုလည်း ၁၉၇၂ ခုနှစ်တုန်းက အပိုလို ၁၇ က ယူဆောင်လာခဲ့တဲ့ လရဲ့ မြေသားနမူနာ အချို့အရ လရဲ့သက်တမ်းဟာ…

  ကျွန်တော်တို့တွေ ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကြတဲ့အခါ ကောင်းကင်ကြီးမှာ အဖြူအစက်အပျောက်လေးတွေ၊  အချောင်းအချောင်းလေးတွေ ပြေးနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ များသောအားဖြင့်တော့ ‌ဒီလိုဖြစ်တာကို လူတွေက အမြင်အာရုံ အားနည်းလို့ ဖြစ်တာ၊ ရောဂါတစ်ခုခုကြောင့် ဖြစ်တာ၊ သွေးအားနည်းလို့ ဖြစ်တာ စသဖြင့်…

ကမ္ဘာကကြီးမားတဲ့နေရာတစ်ခုပါ။ ဒီလိုကြီးမားတဲ့ ကမ္ဘာကြီးမှာ လေ့လာစရာတွေဆိုတာ မကုန်နိုင်ပါဘူး။ ကမ္ဘာကြီးမှာ လေ့လာစရာတွေ အများကြီးရှိတဲ့ထဲကမှ ကမ္ဘာရဲ့ ဗဟိုအူတိုင်ကို လေ့လာခြင်းမှာ လူသားတွေအနေနဲ့ မသိနိုင်သေးတာတွေ အတော်များများ ကျန်ရှိနေပါတယ်။ ဒါဟာလည်း ရရှိနိုင်တဲ့ ဒေတာ အချက်အလက်တွေက အကန့်အသတ်တွေနဲ့ပဲ…

(သာမိုဒိုင်းနမစ်စနစ်ဖွင့်ဆိုချက်၊ အင်ဂျင်ဖွင့်ဆိုချက် – Engine Statement၊ ကယ်လ်ဗင်ပလန့်ခ်ဖွင့်ဆိုချက် – Kelvin-Planck Statement) အပူအင်ဂျင်တွေဆိုတာ သူတို့ဆီဝင်လာတဲ့ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သာမိုဒိုင်းနမစ်စနစ်တွေပါ။ အလုပ်လုပ်ပုံအရ အပူချိန်များရင်းမြစ် ( Hot…

သဘာဝကြောင့် ဖြစ်တည်လာတာမဟုတ်ဘဲ လူတွေ တီထွင်ထားတဲ့ Artificial Element တွေကို Period Table တွေမှာ 1940 ခုနှစ်ကတည်းက ထည့်သွင်းပြီး အသုံးပြုနေခဲ့ကြတာပါ။ ဒါပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတိုင်းကိုတော့ လက်ခံတာမဟုတ်ပါဘူး။ လိုက်နာရမဲ့ စံသတ်မှတ်ချက်တွေလဲ…

     အိုဇုန်းလွှာဟာ ကမ္ဘာ့လေထုရဲ့ စထရက်တို စဖီးယားအလွှာ (Stratosphere) မှာရှိပြီး နေကလာတဲ့ စွမ်းအင်မြင့် ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးထားတာကြောင့်  ကမ္ဘာ့လေထုရဲ့ အရေးကြီး အလွှာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက စလို့ အိုဇုန်းလွှာ…

လေဆာလို့ ပြောလိုက်တာနဲ့ ငယ်ဘဝ အမှတ်တရတွေဖြစ်တဲ့ Star war လို ဇာတ်ကားတွေကို ပြန်မြင်ယောင်မိကြမှာပါ။ ဓားတွေထဲကနေ လေဆာအလင်းတန်းတွေ ထွက်လာပြီး တိုက်ခိုက်ကြတာကို ကြည့်ရှုခဲ့ရတဲ့ အခိုက်အတန့်တွေဟာ ကျွန်တော်တို့ငယ်ဘ၀တွေကို အင်မတန်ကို လှပစေခဲ့ပါတယ်။ ဒီငယ်ဘဝကို လှပစေတဲ့…

  လူအများစု ဒီစကားလုံးနဲ့ မစိမ်းကြဘူး ထင်ပါရဲ့။ ကိုယ်တိုင်က အိမ်ပြေးကလေး ဖြစ်ဖူးရင် ဖြစ်၊ မဟုတ်ရင် အခြားအိမ်ပြေးကလေးတွေအကြောင်း တစ်နည်းတစ်ဖုံ တစ်မျိုးတစ်ကဏ္ဍ ကြားဖူးကြမှာပါ။ အိမ်ကနေ ဘာကြောင့် ပြေးကြသလဲ။ အိမ်မှာ နေရတာ မပျော်လို့…

သဘာ၀ဘေးအန္တရာယ်တွေကဟာရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရံသင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို Fact Hub က မျှဝေပေးချင်ပါတယ်။ မိမိနဲ့ အသိအကျွမ်းတွေထဲ ရေဘေးဒေသက…

ဒြပ် (Matter) ဟာ ရူပဗေဒ၊ ဓာတုဗေဒနဲ့ တခြားသိပ္ပံနယ်ပယ်တွေမှာ အခြေခံကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ Matterတွေကို သေးငယ်တဲ့အမှုန် (tiny particle) တွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ ပါတစ်ကယ်တွေဟာ အက်တမ် (atom)လည်းဖြစ်နိုင်သလို၊ မော်လီကျူး (molecule) တွေလည်း…

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၂၅၀) လောက်က ကြီးကျယ်တဲ့ ပညာရှင်ကြီးတစ်ယောက်ဟာ တစ်ခုခုကို အပြင်းအထန် တွေးတောနေခဲ့ပါတယ်။ ပညာရှိကြီးရဲ့ နာမည်ကတော့ အာခီမိဒိစ်ပါ။ အဲ့ဒီပညာရှိကြီးဟာ ပြဿနာတစ်ခုရဲ့ အဖြေကို ရှာနေတာ ရက်အတော်ကြာနေပြီ ဖြစ်လို့ စိုးရိမ်လာပါတယ်။ ပိုပြီး…

သဘာဝရဲ့ ရွေးချယ်ခြင်းဆိုတာ ဒါဝင့် ဆင့်ကဲပြောင်းလဲမှု သီအိုရီရဲ့ အင်မတန်လှပတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အရိုင်းဆန်တဲ့ လောကကြီးမှာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှသာလျှင် အသက်ရှင်ကျန်ရရိုး ထုံးစံရှိတယ်။ သမိုင်းတစ်လျှောက်မှာလဲ သဘာဝနဲ့ လိုက်လျောညီထွေ အဖြစ်ဆုံး သက်ရှိတွေသာ ရှင်သန်ကျန်ရစ်ခဲ့ရတယ်။…

ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့်…

ကမ္ဘာ့တိုက်ကြီးခုနစ်တိုက်မှာ အန္တာတိကတိုက်ဟာ အလွန်အေးတဲ့ တိုက်ဖြစ်ပြီး သူ့ရဲ့ အေးခဲပြီးကြမ်းတမ်းတဲ့ ရာသီဥတုကြောင့် အဲ့ဒီဒေသမှာ အပင်တွေ ပေါက်ဖို့၊ ပန်းတွေ ပွင့်ဖို့ အတော်ခက်ခဲကြပါတယ်။ အန္တာတိကမှာ အခြားအပင်မျိုးစိတ် များများစားစား ရှင်သန်ပေါက်ရောက်နိုင်ခြင်း မရှိဘဲ Antarctic Hair…

ကျွန်တော်တို့ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်က နေအဖွဲ့အစည်းအတွင်းမှာ ရှိတယ်ဆိုတာ အကုန်လုံး သိကြမှာပါ။ နေအဖွဲ့အစည်းမှာ စုစုပေါင်း ဂြိုဟ် ၈ လုံးရှိပြီးတော့ ဂြိုဟ်အကုန်လုံးက မတူညီတဲ့ ပုံစံတစ်ခုစီနဲ့ တည်ရှိနေတာပါ။ နေအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လဲ…

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းဟာ ရေထုကြီးဖြစ်တဲ့အလျောက် ရေထဲ ကျင်လည်ကျက်စားနေကြတဲ့ သက်ရှိတွေဟာလဲ အမျိုးအစားစုံလှပြီး ဆန်းလဲဆန်းကြယ်လှပါတယ်။ အခုဆောင်းပါးမှာတော့ man o’war လို့လဲ ခေါ်စမှတ်ပြုကြတဲ့ ထူးထူးဆန်းဆန်းဇီဝရုပ် (Organisms) တစ်မျိုးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်ဗျ။ ဒီသတ္တဝါရဲ့…

Ozone (အိုဇုန်း) ဟာ အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်တဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်ပါဘူး။ Ozone Layer (အိုဇုန်းလွှာ) ဆိုတာလဲ အဲ့ဒီအိုဇုန်းအစုအဝေးပါပဲ။  အိုဇုန်းလွှာဟာ ကမ္ဘာမြေကြီးရဲ့ Atmosphere (လေထု) ရဲ့  တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်မှ ခန့်မှန်းခြေ…

အပိုင်း – ၁၊ ၂ မဖတ်ရသေးရင် ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။  ______ ဒီအပိုင်းက ကွမ်တမ်ရူပဗေဒနဲ့ ဆိုင်တဲ့ concept ပိုင်း သိပ်မပါတော့ဘဲ sci-fi တချို့ကနေ ဆက်စပ်တွေးမိတာလေးတွေ ရေးဖြစ်တာဖြစ်လို့ စိတ်မဝင်စားလို့…

မနေ့က ကွမ်တမ်ရူပဗေဒနဲ့ ပတ်သက်လို့ မိတ်ဆက်အပိုင်းလေး ရေးထားပါတယ်။ မဖတ်ရသေးရင် ဒီလင့်ခ်က နေ ဝင်ဖတ်နိုင်ပါတယ်။ ――――――― ကွမ်တမ်ရူပက သာမန်ရူပဗေဒနဲ့ ဘယ်လိုကွဲနေတာ .. Regular Physics လို့ ခေါ်ချင်ခေါ်လို့ရနိုင်တဲ့ သမရိုးကျ ရူပဗေဒကတော့…

အိန္ဒိယအာကာသ သုတေသန အဖွဲ့အစည်း (ISRO) ရဲ့ ချန်ဒရာယန် – ၃ ဟာ လရဲ့တောင်ဝင်ရိုးစွန်းပေါ်မှာ သုတေသနလုပ်နေတဲ့ မစ်ရှင်ဖြစ်ပြီး လဆင်းယာဉ် ဗစ်ခ်ရန်နဲ့ လသွားရိုဗာ ပရက်ဂ်ယန်တို့ ပါဝင်ပါတယ်။ ချန်ဒရာယန်တည်ရှိရာနေရာဟာ လွန်ခဲ့တဲ့ နှစ်ပတ်ခန့်က…

ကျွန်တော်တို့အားလုံးနီးပါး ကွမ်တမ်ရူပဗေဒ .. ကွမ်တမ် .. ကွမ်တမ်ကမ္ဘာ စတာတွေကို သေချာပေါက် ကြားဖူးကြပါလိမ့်မယ်။ ဒီစကားလုံးက ဟော်လီးဝုဒ် ဒါရိုက်တာတွေရဲ့ အကြိုက်ပါ။ သူတို့ရိုက်သမျှ Sci-fi ရုပ်ရှင်တွေ၊ Superhero ရုပ်ရှင်တွေမှာ ဒီ ကွမ်တမ်အယူအဆတွေကို…

လူတော်တော်များများက “အစာစားနေချိန် စကားမပြောနဲ့” ဆိုတဲ့ စကားကို အကြိမ်ကြိမ်ကြားဖူးကြမှာပါ။ ဒါကို အများစုက ရှိသင့်ရှိထိုက်တဲ့ Manner (အမူအကျင့်) တစ်ခုအနေနဲ့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ တကယ်လက်ကိုင်ကျင့်သုံးသင့်ရဲ့လား။ ဘာကြောင့်လဲ။ ကျွန်တော်တို့ အစာစား၊ ရေသောက်တဲ့ အချိန်တွေမှာဆိုရင်…

အခု စာဖတ်နေတဲ့သူကို တစ်ယောက်ယောက်က ဒြပ် (Matter) တွေကို အက်တမ် (Atom) တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောလာရင် ဒီအတိုင်း ပြီးစလွယ် လက်ခံလိုက်မှာလား။ ဒါမှမဟုတ် ဆက်လက် ရှာဖွေအုံးမှာလား။ သိပ္ပံနယ်ပယ်မှာ Atom နဲ့…

ငလျင် ဘာကြောင့်လှုပ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သဘာဝဘေးအန္တရာယ်အမျိုးမျိုး ရှိကြပါတယ်။ တချို့က ဘာမှမဖြစ်နိုင်ပေမဲ့ တချို့ကတော့ အိုးအိမ်ပျက်စီးမှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ တချို့က ခန့်မှန်းလို့ရနိုင်သလို တချို့ကလဲ ခန့်မှန်းဖို့ ခက်ခဲပါတယ်။ ခန့်မှန်းဖို့ခက်ပြီး အိုးအိမ်ပျက်စီးမှုတွေထိ ဖြစ်စေနိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေထဲမှာမှ…

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်နေရ၊ တွေ့နေရသမျှ အရာဝတ္ထုတွေက ဘာလို့ ဒြပ် (Mass) ရှိနေရတာလဲ ဆိုပြီး တွေးမိဖူးပါသလား။ အလင်းကို သယ်ဆောင်တဲ့ ဖိုတွန်တွေကရော ဘာလို့ ဒြပ်မဲ့ (Massless) ဖြစ်နေရတာလဲ။ အကယ်၍…

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက်‌ ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့)…

နှင်းနဲ့ ပတ်သက်ရင် လူတွေမှာ အတွေးတစ်ခု ရှိတတ်ကြတယ်။ နှင်းကျတဲ့ အရပ်မှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းသိပ်မကျတဲ့ ဒေသမှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းလုံးဝမကျတဲ့ နေရာမှာ နေရင်ပဲဖြစ်ဖြစ် ပထမဆုံးနှင်းကျတာကို မြင်ရကြည့်ရရင် ကြည်နူးစရာကောင်းပြီး မျှော်လင့်ချက်တစ်ခု ဖြည့်ဆည်းပေးခံလိုက်ရသလိုပဲ ဆိုတဲ့…

လတ်တလော ဒေသတွင်းမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါတစ်မျိုး ရှိပါတယ်၊ မျက်စိနာခြင်းပါ။ မျက်စိနာခြင်းနဲ့ ပတ်သက်လို့ ဟိုးအရင်ကတည်းက နာမည်ကြီးတဲ့ အယူအဆတစ်ခုရှိပါတယ်၊ မျက်စိနာတဲ့ ရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအကြည့်ခြင်းကနေ ကူးစက်နိုင်တယ်ဆိုတာပါ။ ဒီအယူအဆက မှန်ကန်ရဲ့လား၊…

သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ…

အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ…

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းက သွေးတွေက အနီရောင်ရှိပါတယ်၊ ဒါပေမဲ့ သွေးကြောတွေကတော့ အစိမ်းရောင်၊ တချို့ဆို စိမ်းပြာရောင်နဲ့ အပြာရောင် အသီးသီး ရှိကြပါတယ်၊ အဲ့တာက ဘာကြောင့်ပါလဲ။ တချို့က ခန္ဓာကိုယ်ထဲက သွေးတွေက သွေးပြန်ကြောထဲမှာတော့ အစိမ်း/အပြာ ရောင်ဖြစ်ပြီး…

နေလုံးကြီးဟာ သက်ရှိတွေအတွက် လိုအပ်တဲ့ အပူနဲ့ အလင်းစွမ်းအင်တွေကို ပေးနေတယ်ဆိုတာကို သိထားကြပါတယ်။ “နေအလင်း” လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အတော်အများဟာ နေ့စဥ် မြင်နေရတဲ့ အဖြူရောင်အလင်းတန်းတွေကိုပဲ အရင် ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ နေလုံးကြီးဟာ အဲ့သလို…

လက်တင်အမေရိက နိုင်ငံတွေကြား UFO တွေနဲ့ ပတ်သက်လို့ ပထမဆုံး ပြုလုပ်တဲ့ ကွန်ဂရက် ကြားနာပွဲမှာ လူသားမဟုတ်တဲ့ အခြား မျိုးစိတ် .. တစ်နည်း ဂြိုဟ်သားလို့ အဆိုပြုထားတဲ့ ရုပ်အလောင်းတွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။ အဲ့ဒီကြားနာပွဲမှာ မက္ကစီကန်လူမျိုး…

U.S. Geological Survey (USGS) အရ ရေလိပ်တွေ၊ ဆယ်လ်မွန်တွေလို ရေနေသတ္တဝါတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းကို အာရုံခံနိုင်စွမ်းရှိပြီး သူတို့သွားမဲ့ လမ်းကြောင်းကို ရှာဖွေဖို့အတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။ ရေနေသတ္တဝါတွေအပြင် မိုလက်စ်မျိုးပေါင်းစုထဲက သတ္တဝါတွေ၊ အာသရိုပေါ့ထ်တွေ၊ ကျောရိုးရှိသတ္တဝါတချို့၊…

လွန်ခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယရဲ့ ချန်ဒရာယန် ၃ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာရှိတဲ့ ငလျင်ကို အာရုံခံတွေ့ရှိခဲ့ပြီး မစ်ရှင်အတွင်းမှာ ပထမဆုံး မှတ်တမ်းတစ်ခုကို တင်ခဲ့ပါတယ်။ လဆင်းယာဉ်ရဲ့ ရိုဗာ…

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။…

ရုတ်တရက်ဖတ်ကြည့်ရင်တော့ နည်းနည်းထူးဆန်းနိုင်ပေမဲ့ ငှက်ပျောသီးတွေက ရေဒီယိုသတ္တိကြွနိုင်တဲ့ အစားအစာတွေထဲက တစ်ခုအပါအဝင်ပါ။ ငှက်ပျောသီးတွေမှာ ပိုတက်စီယမ်ဓာတ် တော်တော်များများ ပါဝင်ပါတယ်။ အဲ့ဒီထဲမှာ ပိုတက်စီယမ်ထဲက ရေဒီသတ္တိကြွ အိုင်ဆိုတုပ် ပိုတက်စီယမ်-၄၀ က ပမာဏနည်းနည်းပါဝင်ပါတယ်။ ပိုတက်စီယမ်က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်…

ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့…

  ❝ နှင်းဆီပွင့် ❞ ❝ လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ❞ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး…

အချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ။  How to fact check? ________________ ၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုနှုန်းတွေက အင်မတန် မြန်ဆန်လာပါတယ်၊ ကျွန်တော်တို့အနေနဲ့ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက သတင်းတစ်ခုကိုတောင်…

ရုရှားအာကာသ အေဂျင်စီက လွှတ်တင်ထားတဲ့ လူမဲ့ လဆင်းယာဉ် လူနာ ၂၅ ဟာ သတ်မှတ် ပတ်လမ်း ချို့ယွင်းချက်ကြောင့် အထိန်းအချုပ်မဲ့တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပြီး လရဲ့ မျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့တယ်လို့ သက်ဆိုင်ရာတွေက ပြောပါတယ်။ လူနာ ၂၅…

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။   စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။   ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph…

ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ…

ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။ ဥရောပနိုင်ငံတွေ အင်အားကြီးလာတာနဲ့အမျှ ကိုလိုနီနယ်မြေတွေ အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်စေ၊ စစ်ရေးနည်းဗျူဟာအရပဲဖြစ်စေ နိုင်ငံငယ်တွေကို ကိုလိုနီပြုတာဟာ ပိုင်နက်ကို ကျယ်ပြန့်စေသလို ကောင်းကျိုးအများအပြားရစေပါတယ်။ ကမ္ဘာပေါ်မှာ ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရပါတယ်။…

ကျွန်တော်တို့တွေဟာ တစ်ခါတလေ အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် သိချင်တာစူးစမ်းချင်တာလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး အတွေးပေါင်းစုံနဲ့ ပြည့်နေတတ်ကြပါတယ်။ ဒီထဲမှာမှ လူအများစုကတော့ ဒီမေးခွန်းလေးတွေကို သေချာပေါက်မေးခဲ့ကြဖူးမှာပါ။ “ကမ္ဘာကြီးဘယ်တော့ပျက်မှာလဲ။” “ဘယ်လိုပျက်မှာလဲ။” “ဘာကြောင့်ပျက်မှာလဲ။” ကျွန်တော်တို့တွေငယ်စဉ်အခါက အခုလိုစူးစမ်းချင်စိတ်နဲ့ လူကြီးတွေကို မေးရင် အများစုကတော့…

ယခုတပတ် fact check လုပ်ပေးချင်တဲ့ အကြောင်းအရာကတော့ လူသားတွေဟာ ဦးနှောက်ရဲ့ ၁၀% နှုန်းကိုပဲ အသုံးပြုနိုင်ပြီး ကျန် ၉၀% ကိုတော့ လက်တွေ့အသုံးပြုနိုင်ခြင်းမရှိဘူးဆိုတဲ့ အယူအဆမှား conspiracy theory တစ်ခုအကြောင်းကိုပါ။ ဒီသီအိုရီက သိပ္ပံတု၊…

ကျွန်တော်တို့ဟာ လေထုအလွှာကြီးအောက်မှာရှင်သန်နေကြတဲ့ သက်ရှိတွေဖြစ်တဲ့အတွက် လေရဲ့အပြုအမူနဲ့ရွေ့လျားမှုတွေကို သက်ရောက်ခံစားနေကြရပါတယ်။ အဲ့လို လေရဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ လေတိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ လေညင်းဆိုတာဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာကြောင့်တိုက်ခတ်မှုတွေဖြစ်ပေါ်လာတာလဲ။ လေတိုက်ခတ်မှုဖြစ်ပေါ်အောင် ဘယ်သူတွေက လုပ်ဆောင်ပေးနေတာလဲ ဆိုတဲ့မေးခွန်းတွေကို ဆွေးနွေးကြရအောင်ပါ။ ကမ္ဘာကြီးကို Atmosphere…

ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း လေးထောင့်ငါးရာလောက် ရှိပြီဆိုတာ ကြားဖူးကြမှာပါ။ သက်ရှိတွေကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း သုံးထောင့်ရှစ်ရာလောက်ကတည်းက ပေါ်လာတယ်ဆိုတာနဲ့ ဉာဏ်ရည်မြင့်လူတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းနှစ်သိန်း လောက်ကတည်းက ပေါ်လာတယ်ဆိုတာကိုရော ကြားဖူးကြလောက်မှာပါ။ ဒါပေမဲ့ ဒီလောက်နှစ်သန်းပေါင်းများစွာကို ထိုင်မကြည့်ထားဘဲနဲ့…

Fact Hub ရဲ့ အပတ်စဉ် မျှဝေလေ့ရှိတဲ့ အချက်အလက်စစ်ဆေးမှု ဆောင်းပါးမှာတော့ တနေ့ ရေရှစ်ခွက် သောက်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ခြင်း ရှိ/မရှိဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီအကြောင်းအရာကို တစ်နည်း မဟုတ်…

လူသားတွေက လူမှုအသိုက်အဝန်းထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အရွယ်က စလို့ ‘စကား’ တွေကို စပြီး ကြားကြရပါတယ်။အမျိုးအမည်မခွဲတတ်သေးပေမဲ့ ‘စကား’ ဆိုတဲ့ ဒီအသံတွေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ။ ဒီတော့ သင်ကြားပေးသူတွေထံကစည်းမျဉ်း၊ စနစ်တွေနဲ့ နည်းလမ်းတကျ မသင်ယူခင်အရွယ်မှာ ကလေးတွေက စကားပြောတတ်လာအောင် ဘယ်လိုသင်ယူကြပါသလဲ။ မိခင်ဘာသာစကားဖြစ်တဲ့ ပထမဘာသာစကားကို ကလေးတွေ ဘယ်လို တတ်မြောက်လာကြပါသလဲ။   ဒီသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကို ဘာသာဗေဒပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာခဲ့ကြတယ်။ ကလေးတွေစကားပြောတတ်ဖို့ သင်ယူရာမှာ – ၁။ အသံ (Sounds) – မွေးကင်းစမှ ၆ လအရွယ် ၂။ စကားလုံး (Words) – ၈ လမှ ၁ နှစ်ခွဲအရွယ် ၃။ ဝါကျ (Sentences) – ၂ နှစ် မှ ၃ နှစ်အထက်အရွယ် ဆိုတဲ့ အဆင့် ၃ ဆင့် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။   အဆင့် ၁ – အသံများကို သင်ယူခြင်း။   ဒီအဆင့်မှာ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်ကနေ ကြားနေရတဲ့ အသံတွေ (ဥပမာအားဖြင့် /က/၊ /ခ/၊ /ဒ/၊ /d/၊ /o/၊/t/) ကို စတင်သင်ယူကြတယ်။ ဒီအဆင့်က ကလေးတွေ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ သိပ်ကို အရေးပါတဲ့၊ အထောက်အကူကောင်းကောင်းပြုတဲ့ အခြေခံအဆင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသံတွေကို သတိပြုပြီး အသံပြန်ထွက်တဲ့ ဒီအဆင့်ကို Phonemic Awareness လို့ ခေါ်ပါတယ်။ အသံတွေကို သင်ယူကြရမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် နှုန်းမတူကြပေမဲ့ မွေးဖွားချိန်၊ ၄ လ၊ ၆ လ ဆိုတဲ့ ယေဘုယျပုံစံတစ်ခုအနေနဲ့ ကလေးအများစုက သင်ယူကြတာကို တွေ့ရပါတယ်။ မွေးစအရွယ်မှာ အသံတွေရဲ့ အဖိ၊ အဖော့၊ အမြင့်၊ အနိမ့် စတဲ့ စည်းချက်တွေကို သင်ယူကြပါတယ်။ ၄လသားအရွယ်မှာတော့ အနားမှာရှိတဲ့ လူက ဘာသာစကားရဲ့ အသံတွေကို အသုံးပြုနေသလား၊ ဒါမှမဟုတ် ဘာသာစကားမဟုတ်တဲ့ ဆူညံသံတွေကို ထုတ်လုပ်နေတာလားဆိုတာ ခွဲခြားလာနိုင်ပြီး ၆ လသားအရွယ်မှာတော့ ကမ္ဘာ့ဘာသာစကားအသီးသီးရဲ့ အသံအားလုံးကို ထုတ်လာထွက်လာနိုင်ကြပါပြီ။ အသံတွေကို ပေါင်းစပ်ပြီး ရည်ညွှန်းဖော်ပြလိုတဲ့ အရာတွေကို ပြောနိုင်စွမ်း မရှိသေးတဲ့အတွက် ဘယ်နိုင်ငံက ဘယ်ဘာသာစကားမဆို ရှိနေတဲ့အသံတွေကို ကလေးတွေက ဒီအရွယ်မှာ သင်ယူပြီး အသံထွက်နိုင်ကြတာ ဖြစ်ပါတယ်။ စကားလုံးအဆင့်မရောက်မသေးတဲ့ အသံတွေ ဖြစ်တဲ့အတွက်အဓိပ္ပာယ်ကို တွဲမှတ်နားလည်နိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။   အဆင့် ၂ – စကားလုံးများကို သင်ယူခြင်း။   အသံတွေကို သင်ယူပြီးတဲ့အရွယ်လွန်မြောက်လာချိန်မှာ ကလေးတွေက အဲဒီအသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးဖြစ်လာအောင် တည်ဆောက်တဲ့ ပုံစံကို သင်ယူကြပါတယ်။ ဥပမာအနေနဲ့ သူတို့သောက်နေတဲ့၊ အမေဖြစ်သူ၊ အဖေဖြစ်သူက ပါးစပ်အတွင်းဆီကို ထည့်ပေးတဲ့ အရည်ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘ရေ’ ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်လာဖို့ ‘အေ’ နဲ့ ‘ရ’ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုး၊ သူတို့အနားမှာ လာနေတတ်တဲ့ အမွေးပွပွ၊ အမြီးရှည်ရှည်၊ နှုတ်သီးရှည်ရှည် ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘dog’ ဆိုတဲ့ စကားလုံးဖြစ်လာဖို့ /d/၊ /ɔ/ နဲ့ /g/ ဆိုတဲ့ အသံတွေပေါင်းစပ်တာမျိုးတွေ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်၊ နောက်စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်ဆိုတာ ဒီအဆင့်မှာ သေချာပေါက် တတ်မြောက်အောင် သင်ယူကြရတယ်။ ဒါတွေကို “Word Boundaries” လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သင်ယူနေကြတာက ဘယ်အသံကိုဘယ်လိုထွက်ရမယ်ဆိုတာမျိုး စည်းစနစ်တွေနဲ့ မဟုတ်ဘဲ ရုပ်ရင်း (morpheme) တွေကို သင်ယူနေကြရုံသက်သက်ပါပဲ။အရွယ်နဲ့ ထပ်ပြီး ခွဲခြားပြရရင် ၈ လသားအရွယ်မှာ Word Boundaries တွေကို ခွဲခြားလာနိုင်တယ်။ အသံအုပ်စုတွေကိုသတိပြုမိလာတယ်။ ဒါပေမဲ့ အလုံးစုံ သိနားလည်နေတာမျိုးမဟုတ်ဘဲ စကားလုံးတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကိုစူးစမ်းသင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ အရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ စကားလုံးမျိုးတွေပါ။ ၁ နှစ်သားအရွယ်ရောက်လာရင်တော့ ဝေါဟာရစကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်ကို တွဲစပ်နားလည်လာပြီး ဘယ်အရာကို ဘယ်လိုညွှန်းဆိုပြောရမလဲ ဆိုတာကို တတ်မြောက်လာကြပါတယ်။ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ စကားလုံးတွေကိုတောင် တုပပြောနိုင်တဲ့ အရွယ်ပါ။ ၁ နှစ်ခွဲအရွယ်ဖြစ်လာတဲ့အခါ သင်ယူနေရတဲ့ စကားလုံးတွေကို အသုံးချတတ်ဖို့ ကလေးတွေ သိနေကြပြီလို့ ဆိုရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးတွေက ဒီအဆင့်မှာ နာမ်တွေ၊ကြိယာတွေကို ခွဲခြားသိမှတ်နိုင်စွမ်းရှိနေကြပြီလို့ ဆိုထားကြပါတယ်။…

မြေဆီလွှာဆိုတာ ဘာလဲ။ သူ့ကို ဘာတွေနဲ့ ဖွဲ့စည်းထားသလဲ။ သူ့ကို ဘယ်လိုအရာတွေနဲ့ ဖွဲ့စည်းထားသလဲ။ မြေဆီလွှာဆိုတာ ကျွန်တော်တို့ငယ်ငယ်ကတည်းက နေထိုင်ရာ ဒြပ်ရှိအရာကြီးတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အနီးနားပတ်ဝန်းကျင်ကို သတိမမူမိကြဘဲ မြေဆီလွှာရဲ့ သိပ္ပံသဘောသဘာ၀တွေကို လျစ်လျူရှုထားမိခဲ့ကြပါတယ်။ ဒီ‌နေ့မှာတော့…

အကယ်၍ ကျွန်တော်တို့သမိုင်း၊ မှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံးစစ်ပွဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းဟာလဲ…

လက်ရှိပစ္စုပ္ပန်အချိန်မှာ မျိုးသုဉ်းနိုင်ခြေအများဆုံးတိရစ္ဆာန်တစ်ကောင်ကို‌ ဖော်ပြပါလို့ဆိုရင် ကျွန်တော်က‌တော့ Javan Rhinos အကြောင်းကိုသာ ပြောပြပါလိမ့်မယ်။ Javan Rhinos ဆိုတာ ဘာလဲ။ Javan Rhinos တွေဟာ ကြံ့မျိုးစိတ်တွေထဲမှာ အရှားပါးဆုံးမျိုးစိတ်ဝင်တွေဖြစ်ပြီး လက်ရှိအချိန်‌‌မှာဆိုရင် အကောင်ရေအနည်းဆုံးနဲ့ မျိုးသုဉ်းနိုင်ခြေအများဆုံးစာရင်းဝင်တိရစ္ဆာန်မျိုးစိတ်လဲ…

――――――― အကယ်၍ သမိုင်းမှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံး စစ်ပွဲဖြစ်တဲ့…

ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ဟာ ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အလက်ဇန္ဒား ဖလင်းမင်းရဲ့ မွေးနေ့ပါ။ အလက်ဇန္ဒား ဖလင်းမင်းကို ကျွန်တော်တို့ အားလုံးရင်းနှီးကြပါတယ်။ ဆေးသိပ္ပံကို တဟုန်ထိုး တိုးတက်စေခဲ့တဲ့ အပြင် လူ့သက်တမ်းကိုပါ အများကြီး ဆွဲဆန့်ပေးနိုင်ခဲ့တဲ့…

နေသာတဲ့နေ့တစ်နေ့မှာပဲဖြစ်ဖြစ်၊ မိုးတွေရွာနေတဲ့နေ့မှာပဲဖြစ်ဖြစ် ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ဝါဂွမ်းသဏ္ဍာန် တိမ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတိမ်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆို‌တော့ အဲ့ဒီလိုထူထူထဲထဲ တိမ်တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းကို မပြောခင် Physical Change လို့ခေါ်တဲ့ ရုပ်ပြောင်းလဲခြင်းအကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ပါ။…

နတ်ပွဲ၊ နဂါးပွဲတွေထဲ ဆိုင်းသံ၊ ဗုံသံကြားလိုက်တာနဲ့ လူအကောင်းကနေ ရုတ်တရက် အသိစိတ်လွတ်သွားပြီး မြေကြီးတွေမှာ လူးလှိမ့်ကုန်တာမျိုး၊ အစုလိုက် ထကကြတာမျိုး၊ တက်ကုန်တာမျိုး စတဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အားလုံးကြားဖူးကြပါတယ်။ တချို့ကျတော့လည်း နေရင်းထိုင်ရင်း လူစိတ်ပျောက်ပြီး ပါးစပ်ကနေ…

သင်သိပါသလား ကမ္ဘာပေါ်မှာ အချိန်ဇုန်အများဆုံးရှိတဲ့ နိုင်ငံက ပြင်သစ်နိုင်ငံဖြစ်ပြီး အချိန်ဇုန် ၁၂ ခုတောင်ရှိတာပါ။ ပြင်သစ်ရဲ့ မက်ထရိုပိုလစ်တန်ဒေသမှာတော့ အလယ်ဥရောပအချိန်ဇုန်ဖြစ်တဲ့ CET ကိုပဲ အသုံးပြုပေမယ့် ပြင်သစ်ပိုင်တဲ့ အခြားပင်လယ်ရပ်ခြား ပိုင်နက်တွေအားလုံးကို ထည့်တွက်မယ်ဆိုရင်တော့ အချိန်ဇုန် စုစုပေါင်း…

Solar System ထဲမှာ အဆန်းကြယ်ဆုံးဝတ္ထုတွေထဲက တစ်ခုကို ကျွန်တော်တို့နေ့တိုင်းမြင်တွေ့နေရတယ်ဆိုရင် ယုံနိုင်ကြမလားဗျ။ အဲ့တစ်ခုကတော့ “လ” ပါပဲ။ ဒီလိုမျိုး ညတိုင်းမြင်နေကျ လဆိုတဲ့အရာ ဘယ်လိုဖွဲ့စည်းဖြစ်တည်လာလဲဆိုတာဟာ လူ့သမိုင်းအတွက် မေးခွန်းကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ လရဲ့ ဖြစ်တည်လာပုံကို ခန့်မှန်းချက်တွေထုတ်ပြီးမပြောဆိုခင်…

သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။ ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက်…

နေ့အချိန် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံတစ်ခွင်လုံး အပြာရောင်လွှမ်းနေတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်းကင်ကြီး ဘာလို့ပြာနေရတာလဲဆိုတာကိုတော့ သိကြတဲ့သူ ခပ်နည်းနည်းပါ။ ကောင်းကင်ကြီး ပြာနေရတဲ့ အကြောင်းပြချက်ကို တချို့က ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်အများစုက ရေတွေနဲ့ ဖုံးလွှမ်းထားလို့ အဲ့ဒီရေပြာတွေက…

ဒီတစ်ခေါက်တော့ စိတ်ရောဂါတွေအကြောင်းထက် ကျွန်တော်တို့ရဲ့ စိတ်ကို ကာလာအရောင်တွေက ဘာတွေ သက်ရောက်မှုရှိလဲဆိုတဲ့ အကြောင်းလေးကိုပြောပြပေးချင်ပါတယ်။ ကျွန်တော်တို့ လူသားတွေရဲ့ တွေးခေါ်နိုင်စွမ်း၊ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းဟာ တစ်ကမ္ဘာလုံးမှာရှိတဲ့ သက်ရှိသတ္တဝါတွေအကုန်လုံးထက် သာလွန်ကောင်းမွန်ပါတယ်။ တစ်ဆက်တည်းမှာ ဒီလောက်စွမ်းအားကြီးမားတဲ့ အရာတစ်ခုကို လူတွေပိုင်ဆိုင်ထားရပေမယ့်…

Water Memory လို့ခေါ်တဲ့ ရေမှာ မှတ်ဉာဏ်ရှိတယ်ဆိုတဲ့ ယုံတမ်းသိပ္ပံတုသီအိုရီတစ်ခုကို တော်တော်များများ သိကြပါတယ်။ အဲ့ဒီသီအိုရီရဲ့ အဆိုပြုချက်က ရေရဲ့မော်လီကျူးတွေဟာ ဖြတ်သန်းလာရတဲ့ ပုံရိပ်တွေကို မှတ်မိနိုင်စွမ်းရှိတယ်ဆိုတာပါ။ မြန်မာနိုင်ငံထဲမှာလည်း ဒီရက်ပိုင်းအတွင်း အဲ့ဒီရေမှတ်ဉာဏ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ တစ်ကျော့ပြန်ခေတ်စားလာလို့…

 အချက်အလက်မှား သတိပြုရန်  မကြာသေးခင်အချိန်က လူမှုကွန်ယက်စာမျက်နှာပေါ် ပျံ့နှံ့လာတဲ့ အမေရိကန်ဥပဒေပြုလွှတ်တော် ကွန်ဂရက်ညီလာခံမှာ အမျိုးအမည်မသိ ပျံသန်းယာဉ် ; UFO တွေနဲ့ ကမ္ဘာဂြိုဟ်ပြင်ပသက်ရှိ ; ဂြိုဟ်သားတွေ တည်ရှိကြောင်း ကြေညာတယ်ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ပိုစ့်တစ်ခု အမည်မဖော်လိုတဲ့…

နယူတန်ရဲ့နာမည်ကျော် တတိယနိယာမအရ သက်ရောက်မှုတိုင်းမှာ ပမာဏတူညီတဲ့ တန်ပြန်သက်ရောက်မှုရှိတယ်၊ ဘောလုံးတစ်လုံးကို ခြေထောက်နဲ့ကန်လိုက်တဲ့အခါမှာ ဘောလုံးကလည်း ခြေထောက်ကို တူညီတဲ့အားနဲ့ ပြန်ကန်တယ်၊။ တစ်နည်း ဘောလုံးအပေါ်ကို အားသက်ရောက်တဲ့အခါမှာ ဘောလုံးကလည်း တူညီတဲ့အားကို ပြန်သက်ရောက်စေတယ်ပေါ့။ ဘောလုံးအပေါ်ကိုသက်ရောက်တဲ့အားက ဘောလုံးကိုရွေ့သွားစေသလို ဘောလုံးကပြန်သက်ရောက်တဲ့အားကလည်း…

နှစ်စဉ်နှစ်တိုင်း ဇူလိုင်လ ၂၃ ရက်နေ့မှာ ကမ္ဘာတစ်ဝှမ်းက သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ၊ သဘာ၀တရားကြီးကိုချစ်မြတ်နိုးကြတဲ့သူတွေ စုပေါင်းပြီးတော့ ကမ္ဘာ့ဝေလငါးနဲ့ လင်းပိုင်နေ့ကို ကျင်းပလေ့ရှိကြပါတယ်။ ဒီနေ့မှာဆိုရင် ရေနေသတ္တဝါတွေ အကြောင်းအသိပညာပေးခြင်းတွေနဲ့အတူ သမုဒ္ဒရာကြီးကျန်းမာစေဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ရာအတွက် အသိပညာပေးတဲ့လုပ်ငန်းတွေလည်း လုပ်ဆောင်ကြပါတယ်။ ဒါတွေအပြင်ကိုမှ…

Holy See ဆိုပြီးတော့ လူသိများကြတဲ့ ဗာတီကန်နိုင်ငံဟာ က အီတလီနိုင်ငံတွင်း ရောမမြို့မှာ တည်ရှိနေတဲ့ လွတ်လပ်တဲ့ မြို့ပြနိုင်ငံတစ်ခုဖြစ်ပါတယ်။ အီတလီဘာသာစကားကို ပြောဆိုကြပြီး ငွေကြေးအနေနဲ့ ယူရို € ကိုသုံးစွဲကြပါတယ်။ ကမ္ဘာပေါ်မှာ ဧရိယာအသေးဆုံးနိုင်ငံ ဖြစ်တဲ့အပြင်…

– လကမ္ဘာပေါ်သို့ ခြေချခြင်း (၅၄) နှစ်ပြည့် လူသားတွေဟာ ဘာဆိုဘာမှ မဟုတ်တဲ့ ဆဲလ်တစ်လုံးသက်ရှိလေးအဖြစ်ကနေ ကမ္ဘာပေါ်က ဉာဏ်ရည်အမြင့်ဆုံး သက်ရှိအဖြစ်ကို ဆင့်ကဲပြောင်းလဲလာခဲ့ကြတယ်။ ကျွန်တော်တို့လူသားတွေက ဘက်တီးရီးယားတွေ၊ ငါးတွေ၊ မျောက်တွေနဲ့ အမျိုးတော်ခဲ့ကြဖူးတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်သန်းလောက်တုန်းကစပြီး…

ပါလ်ဆာဖျူရှင်အမည်ရ ယူကေအခြေစိုက် အာကာသကုမ္ပဏီဟာ နျူကလီးယား ဖျူရှင် (fusion) စနစ်ကိုအသုံးပြုထားတဲ့ ဒုံးပျံအင်ဂျင်တစ်ခု တည်ဆောက်နေပြီး အဲ့ဒီအင်ဂျင်ဟာ နေရဲ့အပူချိန်ထက် ကျော်လွန်ခံနိုင်ရည်ရှိမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့အကြီးဆုံး ဖျူရှင်စွမ်းအင်သုံး ဒုံးပျံအင်ဂျင်ဖြစ်လာနိုင်ပြီး အဲ့ဒီအင်ဂျင်သုံး ဒုံးပျံဟာ တစ်နာရီကို မိုင်ငါးသိန်းကျော်တဲ့…

အမေရိကန်နိုင်ငံ အိုဟိုင်းရိုးတက္ကသိုလ်က မြန်မာလူမျိုး ရူပဗေဒပညာရှင် ပါမောက္ခ ဒေါက်တာစောဝေလှဦးဆောင်တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ ကမ္ဘာ့ပထမဆုံးအနေနဲ့ အက်တမ်တစ်လုံးချင်းစီကို X Ray ရိုက်ကူးနိုင်ခဲ့ပါတယ်။ သိပ္ပံပညာရှင်အဖွဲ့မှာ အိုဟိုင်းရိုးတက္ကသိုလ်၊ အီလီနွိုင်း-ချီကာဂို တက္ကသိုလ်နဲ့ အာဂွန်းန်အမျိုးသားဓာတ်ခွဲခန်းက သိပ္ပံပညာရှင်တွေပါဝင်ပြီး ဒေါက်တာစောလှဝေနဲ့ Post-doc…

လေအိတ်တွေ၊ ပျော့ပျော့အိအိတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ။ သေနိုင်လောက်တဲ့ကားအက်ဆီးဒင့်တွေမှာ လေအိတ်ကြောင့် ဘာကြောင့်ထိခိုက်မှုလျော့ကျသွားတာလဲ၊ ကလေးတွေအနေနဲ့ ပျော့ပျော့အိအိပေါ်ကို အမြင့်တစ်နေရာရာကနေ ခုန်ချဆော့ကစားတာတောင် ဘာကြောင့်ထိခိုက်ဒဏ်ရာမရတာလဲ။ ဒီမေးခွန်းတွေအတွက် အဖြေကတော့ Impulse-Momentum Theorem မှာရှိပါလိမ့်မယ်။ ပထမပိုင်းကို ဒီက ဖတ်ပါ –>…

သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်းမိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလိုဘဲ ကိုယ်တိုင် မျိုးပွားနိုင်ပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုအရ အမေရိကန်မျိုးရင်း မိကျောင်းမတွေဟာ မိကျောင်းထီးနဲ့ မိတ်လိုက်စရာမလို၊ အထီးရဲ့ သုက်ပိုးမလိုဘဲ တစ်ကောင်တည်း မျိုးပွားနိုင်တယ်လို့ National Geographic ရဲ့…

မြန်မာ့မျိုးရင်း မျောက်မျိုးစိတ်ဖြစ်တဲ့ ပုပ္ပါးမျောက်မြီးရှည် ခေါ် လန်ဂါမျက်ကွင်းဖြူမျောက်တွေ မျိုးသုဉ်းပျောက်ကွယ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရ ဓာတ်ပုံ – တိုးနိုင်ထွန်း   ပုပ္ပါးလန်ဂါ (ခေါ်) ပုပ္ပါးမျောက်မြီးရှည်မျိုးစိတ်တွေဟာ မြန်မာနိုင်ငံမှာပဲရှိတဲ့ မြန်မာ့မျိုးရင်းမျောက်မျိုးစိတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီမျောက်မျိုးစိတ်ကို ၂၀၂၀…

အခုစာဖတ်နေတဲ့သူက ဘယ်နေရာ ဘယ်အရပ်ဒေသမှာနေတဲ့ မြန်မာနိုင်ငံသားတစ်ယောက်ပါလဲ။ ဘယ်နေရာမှာပဲနေနေ၊ ဘယ်လိုအရပ်ဒေသမှာပဲမွေးမွေး သင်နဲ့ အခုဒီစာကိုဖတ်နေတဲ့ နောက်တစ်ယောက်ဟာ မျိုးရိုးဗီဇ DNA ချင်း ၉၉ ရာခိုင်နှုန်းခန့်တူညီပါတယ်။ အဲ့ဒီတူညီမှုဟာ မြန်မာနိုင်ငံအတွင်းက ရန်ကုန်တိုင်းမှာမွေးတဲ့ တရုတ်လူမျိုးပဲဖြစ်ဖြစ်၊ ရှမ်းပြည်နယ်မှာနေတဲ့ အင်းသားပဲဖြစ်ဖြစ်၊…

နှင်းဆီပွင့် လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး လယ်တောကအပြန်မှာပဲ ခရေဖူးလေးတွေပန်ချင်လှပါတယ်လို့ မှာလိုက်လေသလား၊ ကောင်လေးကပဲ သူလယ်လုပ်ပြီး…

Impulse-Momentum Theorem ဟာ လူသိနည်းတဲ့ ရူပဗေဒတိုင်းတာမှုတစ်မျိုးပဲ၊ အားနဲ့အဟုန်အယူအဆလိုမျိုး အခြေခံမကျပေမဲ့ လက်တွေ့လောကမှာတော့ အတိုင်းအတာတစ်ခုအထိ အသုံးဝင်တယ်။ နောက်ပြီး သူ့ရဲ့ညီမျှခြင်းက အဟုန်နဲ့အား တိုင်းတာမှု (၂) ခုကို ဆက်သွယ်ပေးထားတာမို့ ဆက်စပ်နားလည်မှုမှာ အဆင်ပြေနိုင်တယ်။ နားလည်လွယ်အောင်လို့…

ရေကို အချိန်တိုအ‌တွင်း အများအပြားသောက်လိုက်မိတဲ့အခါ ကျောက်ကပ်ဟာ ပိုနေတဲ့ရေတွေကို စွန့်မထုတ်နိုင်တော့ပါဘူး။ အဲ့ကျရင် ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ လျှပ်လိုက်ရည် (Electrolytes – ဥပမာ ဆိုဒီယမ်၊ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်ဓာတ်) တွေက ဟန်ချက်မညီတော့ဘဲနဲ့ ပြဿနာဖြစ်လာစေပါတယ်။ ဒီရေအဆိပ်သင့်တဲ့ဖြစ်စဉ်ဟာ ခန္ဓာကိုယ်အတွင်းက…

လက်ရှိ ဒီစာကိုဖတ်နေတဲ့ စာဖတ်သူ ဆယ်ယောက်ထဲက ကိုးယောက်လောက်ဟာ မိုးရွာနေတဲ့အချိန်မှာ မိုဘိုင်းဖုန်းတွေ၊ အခြားလျှပ်စစ်ပစ္စည်းတွေ အသုံးပြုတာကနေ လျှပ်စီးဝင်နိုင်တယ်၊ မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတဲ့ အယူအဆကို လက်ခံထားကြပါတယ်။ ငယ်ငယ်က မိဘတွေ၊ လူကြီးတွေပြောလို့ပဲဖြစ်ဖြစ်၊ စာအုပ်တွေထဲ ဖတ်ရှု့ဖူးတာပဲဖြစ်ဖြစ် တော်တော်များများက အဲ့ဒီအတိုင်း…

ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့…

၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်မှားပျံ့နှံ့မှုတွေဟာ အင်မတန်များပြားလာပါပြီ။ ဒီအချက်အလက်မှားတွေနဲ့ နားလည်မှုလွဲစေနိုင်တဲ့ အ‌ကြောင်းအရာတွေက ဖတ်ရှုသူလူအများရဲ့ အသိပညာပိုင်းကို အဆိပ်ခတ်နိုင်တဲ့ အရာတွေဖြစ်တာမလို့ အကြောင်းအရာတိုင်းကို မိမိကိုယ်ပိုင်အသိဉာဏ်နဲ့ ချင့်ချိန်စဉ်းစားပြီးမှ ယုံကြည်သင့်ပါတယ်။ တစ်ဖက်မှာလည်း Fact Checking အဖွဲ့အစည်းတွေ…

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ ဒီလှုပ်ရှားမှုတွေရဲ့ နာမည်ကြီး‌ဆောင်ပုဒ်ဖြစ်တဲ့ “တစ်ခုတည်းသော မြေကမ္ဘာ” ခေါင်းစဉ်နဲ့ short documentary ပုံစံလေး Fact Hub အဖွဲ့သားတွေ ဖန်တီးဖြစ်ပါတယ်။ “တစ်ခုတည်းသော မြေကမ္ဘာ” (Only One Earth)…

လွန်ခဲ့တဲ့ အပတ်က ရှေးတုန်းက လူတွေက အရွယ်အစားအားဖြင့် မကြီးမားဘူးဆိုတဲ့ ခေါင်းစဉ်နဲ့ အချက်အလက်စစ်ဆေးတဲ့ ဆောင်းပါးတစ်ပုဒ် ကျွန်တော်တို့ မျှဝေခဲ့ပါတယ်။ တစ်ဆက်တည်းအနေနဲ့ အဲ့ဒီဆောင်းပါးရဲ့ အောက်မှာ ဝိုင်းပြုံပြီး ဆွေးနွေးကြတဲ့ အကြောင်းအရာက ရှေးတုန်းက လူတွေက ဒီဘက်ခေတ်လူတွေနဲ့…

Popular News Journal က မေလ ၃၀ ရက်နေ့မှာ ဖော်ပြခဲ့တဲ့ ပုံပါသတင်းခေါင်းစဉ် “ကမ္ဘာမှာ နောက်ထပ် လ တစ်ခုရှိနေတယ်” ဆိုတဲ့ အကြောင်းအရာက ဖတ်ရှုသူများကို အထင်အမြင်လွဲမှားစေနိုင်တဲ့ သတင်းအချက်အလက်မှားတစ်ခုဖြစ်ပါတယ်။ မတ် ၂၈…

ညအခါမှောင်မည်းနေတဲ့ ကောင်းကင်ထက်က လင်းလက်တောက်ပနေတဲ့ ကြယ်တာရာကြီးတွေကို လူတိုင်းလိုလိုမြင်တွေ့ဖူးကြမယ်ထင်ပါတယ်၊ အဲ့ဒီကြယ်တာရာကြီးတွေ ဘယ်လိုမွေးဖွားလာခဲ့လဲဆိုတဲ့ မေးခွန်းကိုလည်း တွေးမိဆမိကြမှာပါ၊ ကြယ်တွေမှမဟုတ် .. ကျွန်တော်တို့ လက်ရှိ နေထိုင်နေတဲ့ ကမ္ဘာကြီးလို ဂြိုဟ်တွေ ဘယ်လိုဖြစ်တည်လာခဲ့တာလဲဆိုတာကိုလည်း သိချင်ဖူးကြမယ်ထင်ပါတယ်၊ ဒီနေ့မှာ Fact…

ကျွန်တော်တို့အခုနေထိုင်နေတဲ့ ကမ္ဘာကြီးတည်ရှိရာ Milky Way Galaxy တစ်ခုထဲမှာတင် ကမ္ဘာနဲ့ တူတဲ့ဂြိုလ်ပေါင်း သန်း ၄ သောင်း၊ Solar System ၄၀၀၀ နီးပါးနဲ့ ဂြိုလ်ပေါင်း ၁၀၀ ဘီလီယံ၀န်းကျင်အနည်း‌ဆုံး ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။…

ကျွန်တော်တို့ မြန်မာနိုင်ငံက လူတွေက သိပ္ပံနဲ့ ပတ်သက်လာရင် သိပ္ပံအသိ၊ သိပ္ပံပညာ အင်မတန်မှ ခေါင်းပါးလွန်းပါတယ်။ ဒီလိုပြောရတာက မသိရ‌ကောင်းလားဆိုပြီး ဝေဖန်ရှုံ့ချအပြစ်တင်လိုစိတ်နဲ့ ပြောရခြင်းမဟုတ်ပါ။ ခေတ်အဆက်ဆက်က လူတွေရဲ့ သိမှုအဆင့်အတန်းက ဟိုးး မွေးကင်းစကလေးကနေစလို့ အသက် ၈၀…

ကျွန်မတို့အားလုံး မူကြိုအရွယ်ကစလို့ အထက်တန်းပြီးတဲ့အထိ၊ အချို့လည်း တက္ကသိုလ်ပြီးတဲ့အထိ မြန်မာစာကို သင်ရိုးမှာ ဘာသာရပ်တစ်ခုအနေနဲ့ သင်ခဲ့ကြဖူးမှာပါ။ ဒါဖြင့် ဒီမြေမှာမွေး၊ ဒီမြေမှာကြီးပြီး ဒီဘာသာစကားနဲ့ရင်းနှီးနေသူတွေအဖို့ ဒီဘာသာစကားကြီးကို ဘာကြောင့်အရေးတယူလုပ်သင်နေရသလဲဆိုပြီး မကျေမနပ်ခံစားချက်မျိုး၊ မလိုအပ်ဘူးလို့ထင်ရတဲ့ ခံစားချက်မျိုးတွေလည်း ဖြစ်ကောင်းဖြစ်ခဲ့ကြဖူးပါလိမ့်မယ်။ ယနေ့ခေတ်ချာတိတ်များစကားအရဆိုရင်…

ကျွန်တော်တို့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာပဲဖြစ်ဖြစ်၊ သမိုင်းဆိုရင်လည်း မြန်မာ့သမိုင်းတွေထဲမှာပဲဖြစ်ဖြစ်၊ ဒဏ္ဍာရီလာဝတ္ထု‌တွေမှာပဲဖြစ်ဖြစ် ဟိုးအရင်‌ခေတ်တုန်းက လူ‌တွေက အခုခေတ်လူတွေထက် အရွယ်အစားအားဖြင့် အများကြီးပိုကြီးကြတယ်။ အရပ်အမောင်းကလည်း ပိုရှည်သလို ခွန်အားဗလအားဖြင့်လည်း ကြီးမားကြတယ်။ မြန်မာ့သမိုင်းမှာဆိုရင်လည်း ကျန်စစ်သားတို့ ကနောင်မင်းသားကြီးတို့လို ရာဇဝင်တွင်တဲ့…

မေး – Fission ဆိုတာဘာလဲဗျ။ ဖြေ – Fission ဆိုတာ နျူကလီးယားဓာတ်ပြုမှု (Nuclear reaction) အမျိုးအစားတွေထဲက တစ်ခုပဲ။ ဖစ်ရှင် ဒါမှမဟုတ် နျူကလီးယားပြိုကွဲခြင်းလို့ မြန်မာလို ခေါ်ကြတယ်။ မေး -…

ဂိမ်းဆော့တာကို Career တစ်ခုအနေနဲ့ သတ်မှတ်လို့ရလားဆိုရင်တော့ ဖြစ်နိုင်ချေအရမ်းနည်းလို့ နိုးပါလို့သာဖြေချင်တယ်။ တကယ်တမ်း‌တွေးကြည့်ရင် ဂိမ်းဆော့တာက ကောင်းပါတယ်။ အထူးသဖြင့် အဖွဲ့နဲ့ ယှဉ်ပြိုင်ကစားရတဲ့ဂိမ်း‌တွေဟာ Teamwork ကို ပိုပြီး အားကောင်းစေနိုင်တယ်။ တစ်ဦးချင်းစွမ်းဆောင်ရည်က အနိုင်ရဖို့ မလုံလောက်တဲ့အတွက် အဖွဲ့လိုက်လုပ်ဆောင်မှု၊…

အယူစွဲလွန်ရောဂါ (သို့) ယုံမှားလွန်ရောဂါ လူတစ်ယောက်ကို ထိန်းကြောင်းနေတာဘာလဲဆိုတဲ့ မေးခွန်းကို သိပ္ပံနည်းကျဖြေရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ကြီးလို့ဆိုလို့ရပါတယ်။ တစ်ဖက်က ယုတ္တိကျကျပြန်တွေးမယ်ဆိုရင်တော့ လူကို ထိန်းချုပ်နေတာ “စိတ်” လို့ ဆိုလို့ရပြန်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေမှာလည်း စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်တွေနဲ့…

The Lost City of Atlantis လို့ပြောလိုက်တာနဲ့ ရေအောက်မှာပျောက်ဆုံးနေတဲ့ အတ္တလန်တစ် ရွှေမြို့တော်ကြီးကို လူတော်တော်များများ ပြေးမြင်မိကြမှာပါ။ ဒီပျောက်ဆုံးနေတဲ့ မြို့တော်အကြောင်းကို လူတော်တော်များများသိပြီးနေကြပြီဖြစ်ပေမယ့် သေချာမသိသေးတဲ့ သူတွေနဲ့ စိတ်ဝင်စားကြတဲ့သူတွေအတွက် အတ္တလန်တစ်မြို့တော်ကြီး အကြောင်းကို ပြန်လေ့လာကြည့်လိုက်ရအောင်ပါ။…

အချိန်ခရီးသွားတဲ့အပေါ် ရူပဗေဒရဲ့ သတ်မှတ်ပုံနဲ့ သာမန်လူတွေရဲ့ သတ်မှတ်ပုံနဲ့ မတူညီကြပါဘူး။ သာမန်လူတွေရဲ့သတ်မှတ်ပုံဟာ အတိတ်နဲ့ အနာဂတ်ဆီ ရောက်ရှိတာမျိုးကို အချိန်ခရီးသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက သာမန်လူတွေရဲ့သတ်မှတ်ပုံကို အကျယ်တဝင့်ရှင်းပြလိုပါတယ်။ ယခုဆောင်းပါးထဲမှာတော့ စိတ်ကူးယဉ်ဖြစ်ရပ်တွေလုံးဝမပါဘဲ ရူပ‌ဗေဒရှုထောင့်သက်သက်ကနေသာ ရှင်းပြပေးသွားမှာပါ။ အနာဂတ်…

လူတော်တော်များများက ဓူဝံကြယ်ဆိုတာ မြောက်အရပ်ကို အမြဲဦးတည်ပြတဲ့ကြယ်လို့ သိကြတယ်၊ မြောက်ဝင်ရိုးစွန်းတည့်တည့်မှာ တည်ရှိနေတာပေါ့၊ ဒါကြောင့် မြောက်ကမ္ဘာခြမ်းရဲ့ ဘယ်နေရာကနေမဆို ဓူဝံကြယ်ကို မြင်နိုင်တယ်လို့ဆိုကြတယ်၊ ဒါဆိုရင် တောင်ကမ္ဘာခြမ်းကနေရော ဓူဝံကြယ်ကို မြင်နိုင်မလား? မယုတ်မလွန်ဖြေရမယ်ဆိုရင် အီကွေတာ အောက်ဘက် တောင်ကမ္ဘာခြမ်းရဲ့…

မားစ်ဂြိုဟ်ဟာ ကမ္ဘာထက်အများကြီးသေးငယ်ပါတယ်။ဒါကြောင့်လည်း ဂြိုဟ်အူတိုင် (ဝတ်ဆံ) ရဲ့ အေးခဲနှုန်းက သိသိသာသာ မြန်ဆန်နေရတာပါ။ ကမ္ဘာရဲ့အူတိုင်ကတော့ အခုထိလှုပ်ရှားမှုရှိနေပြီး အပြင်အူတိုင်အလွှာက သံရည်ပူ​တွေ အထက်အောက်ရွေ့လျားလို့ အားကောင်း သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်နေတာပါ။ အဲ့ဒီသံလိုက်စက်ကွင်းကြောင့်ပဲ နေဆီကလာတဲ့ ဆိုလာဝင်း (Solar…

ပတ်လမ်းအနေအထားနဲ့ ပတ်လမ်းအလျင်အရ ISS ဟာ ကမ္ဘာကို တစ်ရက် ၁၆ ကြိမ် လှည့်ပတ်နေရင်း ကမ္ဘာနဲ့ နေရဲ့အကြားကို ၀.၇ စက္ကန့်က‌နေ ၃ စက္ကန့်အကြား ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒီလိုအရမ်းတိုတောင်းတဲ့ အချိန်ပမာဏအတွင်း နေနဲ့ကမ္ဘာကြားရောက်သွားတဲ့ ISS…