Browsing: Article

သဘာဝတရားကြီးကို သဘာဝဖြစ်စဉ်တွေက မွမ်းမံဖန်တီးသလို သမိုင်းက အတိတ်မှတ်တမ်းတွေကိုတော့ လူသားတွေဟာ စစ်ပွဲတွေနဲ့ ပြုပြင်ပုံသွင်းခဲ့ကြပါတယ်။ အတိတ်ဆိုတဲ့ သမိုင်းစာမျက်နှာတွေကို လှန်လှောကြည့်လိုက်မယ်ဆိုရင် ပစ်ခတ်သံ၊ ပြေးလွှာသံ၊ အော်ဟစ်သံတွေနဲ့ ရေးဖွဲ့ထားတဲ့ စစ်ကဗျာတွေကို မလွဲမသွေ တွေ့ရမှာပါ။ လူ့အဖွဲ့အစည်း စပြီး…

စကြဝဠာကြီးထဲမှာ ‌ရေတွက်မဆုံးတဲ့ဂလက်ဆီတွေ၊ ကြယ်တွေ နဲ့ ဂြိုဟ်ပေါင်းမြောက်များစွာဟာ တည်ရှိနေပါတယ်။ အဲ့လိုများပြားလှတဲ့ဂလက်ဆီတွေထဲကမှ ကိုယ်တွေရဲ့ နေအဖွဲ့အစည်းတည်ရှိနေတဲ့ ဂလက်စ်ဆီကိုတော့ နဂါးငွေ့တန်းဂလက်စ်ဆီလို့ ခေါ်တွင်ကြပါတယ်။ နဂါးငွေ့တန်းဂလက်စ်ဆီထဲမှာဆိုရင် များပြားလှတဲ့ ကြယ်တွေနဲ့အတူ ဓာတ်ငွေတွေ၊ ဂြိုဟ်တွေနဲ့ အာကာသဖုန်မှုန့်တွေ အတူတကွရောယှက်လို့နေပါတယ်။ ဒီနေအဖွဲ့အစည်းမှာ…

“နေကို ရောင်စဉ် ၇ မျိုးလုံးကို ထုတ်လွှတ်ပေမဲ့ အနီ၊ လိမ္မော်၊ အဝါနဲ့ အဖြူရောင် အလုံးကြီး အနေနဲ့ပဲ မြင်ရလေ့ရှိတယ်။ ဒါပေမဲ့ အပြာ၊ ခရမ်း၊ မဲနယ်ရောင် အလုံးကြီးကိုတော့ ကမ္ဘာကနေ တစ်ကြိမ်တစ်ခါတောင် မြင်ရမှာ…

အကြောင်းတိုက်ဆိုင်လို့ပဲဖြစ်ဖြစ်၊ စိတ်ပါဝင်စားလို့ပဲဖြစ်ဖြစ် ဒြပ်မဲ့ပန်းချီပြပွဲတွေဆီ ရောက်တဲ့အခါ ပန်းချီကားတစ်ချပ်ရှေ့မှာ ရပ်ကြည့်ပြီး အနုပညာဇိမ် အပြည့်အဝ ခံစားဖူးပါသလား . . . ? ပါဝင်တဲ့ အရောင်အသွေးအနုအရင့်၊ အလင်းအမှောင်သဘော၊ မျက်နှာပြင်အထည်သားအနုအကြမ်း၊ မျဥ်းကွေးမျဥ်းဖြောင့်၊ အစက်အပြောက် စတာတွေကို…

နာမည်ကြီး ပန်းချီကားတွေထဲ တစ်ချပ်အပါအဝင်ဖြစ်တဲ့ “Starry Night” ကို တွေ့လိုက်တာနဲ့ ဗင်းစင့်ဗန်ဂိုး (Vincent Van Gogh) ကိုပါ တွဲမြင်ကြမှာပါ။ ဗန်ဂိုးက ဒတ်ခ်ျလူမျိုး ပန်းချီပညာရှင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ တစ်မူထူးခြားတဲ့ ရေးဆွဲပုံတွေ၊ အရောင်စပ်ပုံတွေကြောင့်…

မြန်မာနိုင်ငံရဲ့ အပူအချိန် ဘယ်လို ဖြစ်နေတယ် ဆိုပြီး ရှည်ရှည်ဝေးဝေး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။ လက်ရှိမြန်မာနိုင်ငံရဲ့ အပူချိန်ဟာ အာရှတစ်ခွင်မှာတောင် အပူဆုံး နံပါတ်တစ်အဖြစ် ရပ်တည်နေတာပါ။ ဒါကြောင့် ဒီလိုနွေရာသီမှာ အတော်ပြင်းတဲ့ အပူအချိန်ကြောင့် ဖြစ်တတ်တဲ့ အပူရှပ်ခြင်း…

မိုနာလီဇာ (Mona Lisa) ဆိုတာနဲ့ ပြေးမြင်မှာက ပြုံးသယောင်ယောင် နှုတ်ခမ်းတင်းတင်းနဲ့ ခမ်းနားတဲ့ အမျိုးသမီးပုံ ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီပန်ချီကားက ကမ္ဘာကျော် အီတလီပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci) ရဲ့ ကျော်ကြားတဲ့…

စာဖတ်သူတို့ ဟယ်ရီပေါ်တာ (Harry Potter) ရုပ်ရှင်ကို ကြည့်ဖူးကြပါသလား . . . ? ကြည့်ဖူးကြတယ် ဆိုရင် ဒီရုပ်ရှင်ကြီးရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “Harry Potter and the Philosopher’s Stone”…

ရုပ်ရှင်ကြည့်ရင်း မုန့်စားတဲ့အခါ၊ မီးဖိုချောင်ထဲမှာ ဟင်းချက်တဲ့အခါ ဒါမှမဟုတ် ငယ်ငယ်က မုန့်စားလိုက်၊ ပြေးဆော့လိုက် လုပ်နေချိန်မှာ ကိုယ်စားနေတဲ့ အစားအစာတွေက လက်ထဲကဖြစ်ဖြစ်၊ လက်နဲ့ တိုက်မိပြီးဖြစ်ဖြစ် တစ်ခါတလေ ပြုတ်ကျဖူးကြပါတယ်။ စာဖတ်သူက အဲဒီလို ပြုတ်ကျသွားတဲ့ အစားအစာတွေကို…

ရုပ်ရှင်တွေထဲ၊ နာမည်ကြီး စကူဘီဒူးတို့လို ကာတွန်းဇာတ်ကားတွေထဲမှာ ပတ်တီးအဖြူကြီးတွေ ပတ်ထားတဲ့ လူသေအလောင်းကောင်ကြီးတွေကို သေချာပေါက် မြင်ဖူးကြပါလိမ့်မယ်။ ဒီပတ်တီးအဖြူကြီးတွေ ပတ်ထားတဲ့ လူသေကောင်တွေကို မံမီလို့ ခေါ်‌တာကို‌လဲ သတိထားမိကြမှာပါ။ အများအားဖြင့် ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ မံမီတွေကို ရုပ်ရှင်တွေထဲမှာ မြaင်ရ‌လေ့ရှိတဲ့…

အိမ်ထဲမှာ ထိုင်နေရင်း ဘေးပတ်ဝန်းကျင်ကို တစ်ချက် လှမ်းကြည့်လိုက်တဲ့အခါ ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ရေသန့်ဘူးတွေ၊ ပန်ကာတွေနဲ့ မင်တံတွေ စတဲ့ ပစ္စည်းတွေကို မြင်ရပါလိမ့်မယ်။ အပြင်ကို ထွက်လာကြည့်ရင်လဲ ပလတ်စတစ်‌တွေနဲ့ ပါ၀င်ဖွဲ့စည်းထားတဲ့ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေကို မြင်ကြရမှာပါ။…

――――――― ခေါင်းစဉ်ကို ဖတ်ကြည့်ပြီးတာနဲ့ အတော်များများရဲ့ ခေါင်းထဲမှာ အဖြေတွေ ရှိနေကြလောက်မယ် ထင်ပါတယ်။ သံတစ်ကီလိုနဲ့ ဝါဂွမ်းတစ်ကီလို . . . တစ်ကီလိုချင်း တူတူပဲမို့ ဘာကမှ ပိုလေးမှာ မဟုတ်ဘူးလို့ တွေးထားသူတွေ များမှာပါ။…

ဆေးမင်ကြောင်ဆိုတာ မြန်မာတွေနဲ့ မစိမ်းတဲ့ အရာတစ်ခုပါ။ ရှေးအစဉ်အဆက်ကတည်းက ထိုးကွင်းတွေ ရေးထိုးလာကြတဲ့ မြန်မာတွေအဖို့ ဆေးမင်ကြောင် မထိုးရင် ယောက်ျားမပီသ,သလိုတောင် ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဒီလို ဘိုးဘေးအစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆေးမင်ကြောင်ဟာ လူ့ခန္ဓာကိုယ်ကို ကာကွယ်ပေးနေတဲ့ တပ်သားလေးတွေကို…

_______________ ရှေ့မှာတင်ပြခဲ့ဖူးတဲ့ ဆောင်းပါးမှာ ဘာသာစကားက စိတ်ကူးထင်ရာ သတ်မှတ်ချက်တွေ (အတ္တနောမတိတွေ) ဖြစ်တယ်လို့ ဆိုခဲ့ပေမဲ့ အဲဒီစိတ်ကူးထင်ရာသတ်မှတ်မှုတွေဟာ ကြုံရာကျပန်းလုပ်ထားတာ မဟုတ်ပါဘူး။ စဉ်းစားကြည့်ရင် မြန်မာဘာသာစကား အသုံးပြုသူတစ်ဦးအနေနဲ့ –  “ငါ မြင်ဖူးတယ် ကြီးမားပြီး လှပတဲ့…

ဒီစာကို မြင်တာနဲ့ လေကို ဝဝ ရှူသွင်းပြီး အသက်ကို အောင့်ထားပေးပါ။ ကျန်းမာတဲ့ လူတစ်ယောက်က တစ်မိနစ်ကို ပျမ်းမျှ ၁၂ ကြိမ်လောက် အသက်ရှူလေ့ရှိပါတယ်။ တစ်နာရီကို အကြိမ်ရေ ၇၀၀ ကျော်နဲ့ တစ်နေ့ကို အကြိမ်…

_______________ ဒီစာကို မြင်တာနဲ့ လေကို ဝဝ ရှူသွင်းပြီး အသက်ကို အောင့်ထားပေးပါ။ ကျန်းမာတဲ့ လူတစ်ယောက်က တစ်မိနစ်ကို ပျမ်းမျှ ၁၂ ကြိမ်လောက် အသက်ရှူလေ့ရှိပါတယ်။ တစ်နာရီကို အကြိမ်ရေ ၇၀၀ ကျော်နဲ့ တစ်နေ့ကို…

ကိုယ့်အနားမှာ “ဝုတ် ဝုတ်” လို့ ဟောင်နေတဲ့ သတ္တဝါတစ်ကောင် ရှိနေမယ်၊ ဒီသတ္တဝါကို သင်က “ခွေး” လို့ ခေါ်လေ့ရှိမယ်။ ဒါပေမဲ့ သင့်အနားကို လူတစ်ယောက် ရောက်လာပြီး ဒီသတ္တဝါကို “ကြောင်” လို့ ပြောလိုက်တဲ့အခါ…

အချိန်ခရီးသွားတဲ့အပေါ် ရူပဗေဒရဲ့ သတ်မှတ်ပုံနဲ့ သာမန်လူတွေရဲ့ သတ်မှတ်ပုံနဲ့ မတူညီကြပါဘူး။ သာမန်လူတွေရဲ့သတ်မှတ်ပုံဟာ အတိတ်နဲ့ အနာဂတ်ဆီ ရောက်ရှိတာမျိုးကို အချိန်ခရီးသွားတယ်လို့ ဆိုပါတယ်။ အဲ့ဒီထဲက သာမန်လူတွေရဲ့သတ်မှတ်ပုံကို အကျယ်တဝင့်ရှင်းပြလိုပါတယ်။ ယခုဆောင်းပါးထဲမှာတော့ စိတ်ကူးယဉ်ဖြစ်ရပ်တွေလုံးဝမပါဘဲ ရူပ‌ဗေဒရှုထောင့်သက်သက်ကနေသာ ရှင်းပြပေးသွားမှာပါ။ အနာဂတ်…

 (၂၀၁၈) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သော “ပင်လယ်” ဝတ္ထုတိုတွင် ကိုယ်တိုင်ပြောရှုထောင့် သို့မဟုတ် ပထမလူရှုထောင့်က ဝင်စားပြီး သရုပ်ဖော်နည်းဖြင့် နိမိတ်ပုံဖန်တီးခြင်းကို တွေ့ရသည်။ ထိုဝတ္ထုတွင် လူတစ်ယောက်သည် အိပ်မောကျနေရာမှ နိုးလာသောအခါ ပင်လယ်ပြင်၌ အခြားမည်သူတစ်ဦးတစ်ယောက်မှ…

ရေအေးသည် “လေပြေရဲ့ ခရီး” ဝတ္ထုကို (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် လေနီကြမ်းသည် လေပြည်များအဖြစ်သို့ ကွဲပြိုသွားပုံ၊ ထိုလေပြည်များသည် မိမိအလိုရှိရာသို့ ခရီးဆက်သွားကြပုံ၊ လေပြည်တစ်ခုသည် မိမိ၏ ဖြစ်တည်မှုကား မည်သည့်အရာဖြစ်ကြောင်း…

ကမ္ဘာ့ဝင်ရိုးစွန်းဒေသတွေရဲ့ ကောင်းကင်ထက်မှာ တွေ့ရတတ်တဲ့ အလင်းတန်းရှည်ကြီးတွေကို စာဖတ်သူတွေ သတိထားကြပါလိမ့်မယ်။ ကောင်းကင်မှာ ဒီလို သဘာဝအလျောက် ဖြစ်ပေါ်နေတဲ့ အလှတရားဟာ ကမ္ဘာအနှံ့က ခရီးသွားတွေကို ဆွဲဆောင်နေတဲ့အပြင် သိပ္ပံရှုထောင့်က ကြည့်ရင်လဲ စိတ်ဝင်စားစရာပါပဲ။ ဒီတော့ ဒီအလင်းရောင်စဉ်တန်းတွေရဲ့ ကကြိုးဆင်လှုပ်ရှားမှုတွေနောက်ကို…

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ကို သိပ္ပံနဲ့ နည်းပညာလောကမှာ သုတေသန အသစ်တွေ၊ ရှာဖွေတွေ့ရှိမှုတွေနဲ့ မှတ်ကျောက်တင်မှုတွေ ပြည့်နှက်နေတဲ့ နှစ်လို့တောင် ပြောနိုင်ပါတယ်။ မြန်မာလူမျိုး ဒေါက်တာ စောဝေလှဦးဆောင်တဲ့ အဖွဲ့ အက်တမ်ကို X-ray ရိုက်နိုင်ခဲ့တာက အစ၊…

ရေအေးသည် “ဘွန်ဇိုင်း” ဝတ္ထုကို (၂၀၁၆) ခုနှစ်၊ နိုဝင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းတွင် ရေးသားခဲ့သည်။ ဤဝတ္ထုတွင် ဘွန်ဇိုင်းပင်တစ်ပင် ဖြစ်လာပုံကို သစ်စေ့ငယ်ဘဝမှ စတင်၍ သစ်ပင်လား မြောက်သည်အထိ တစ်ဆင့်ချင်း ရေးသားထားသည်။ သစ်စေ့ငယ်သည် မြေပြင်ထဲသို့ ထိုးနှစ်ကာ…

ဟိန္ဓူရိုးရာ မီးနင်းပွဲကို မသိကြသူ ရှားမယ် ထင်ပါရဲ့။ မြန်မာလိုတော့ အဲ့ဒီ ရိုးရာပွဲတော်ကို မီးနင်းပွဲလို့ ခေါ်တယ်။ ဟိန္ဒူလိုတော့ သီမီသီ (Thimithi) လို့ ခေါ်ကြတယ်။အတော်ပူနေတဲ့ မီးသွေးတုံး၊ ဒါမှမဟုတ်လဲ ကျောက်တုံးတွေ လမ်းသွားတစ်ခုပေါ် ခင်းထားတာကို…

လူသားတို့နေထိုင်ရာ ဒီကမ္ဘာမြေကြီးဟာ အမျိုးအစားစုံလှတဲ့ အပင်တွေ၊ မှိုတွေနဲ့ အစရှိတဲ့ သက်ရှိသတ္တဝါတွေရဲ့ ကျက်စားနေထိုင်ရာ ဒေသဆိုရင်လဲ မမှားပါဘူး။ ဒီကမ္ဘာကြီးဟာ ယနေ့ခေတ်မှာတင်မကဘဲ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာကတည်းက ရှင်သန်ခဲ့ကြတဲ့ သက်ရှိတို့ရဲ့ အိမ်ဖြစ်ခဲ့ပါတယ်။ ဒီအိမ်ကြီးဟာ သဘာဝသယံဇာတ ပေါများကြွယ်ဝပြီး…

ကျွန်တော်တို့တွေအတွက် မနက်ခင်း အိပ်ရာက ထတာနဲ့ ဒီနေ့ရဲ့ မိုးလေ၀သ ဘယ်လိုရှိမယ်ဆိုတာကို ခန့်မှန်းတွက်ဆတာက နေ့စဉ် လုပ်ရိုးတစ်ခုလို ဖြစ်နေပါပြီ။ မိုးလေ၀သ ခန့်မှန်းချက်ကို နားထောင်ပြီး ဒါမှမဟုတ် မိမိဘာသာ ခန့်မှန်းပြီး နေ့တစ်နေ့အတွက် ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ကြပါတယ်။…

အကယ်၍ သင်က စက်ဘီးတစ်စီးကို စီးနင်းနေတယ် ဆိုပါစို့။ သင့်အနေနဲ့ စက်ဘီးကို အားနည်းနည်းပဲ သုံးပြီး နင်းရင် ဖြေးဖြေးပဲ ရွေ့မှာဖြစ်ပြီး အားများများသုံးရင်တော့ မြန်မြန်ရွေ့လာမှာပါ။ ဒီလိုမျိုး သဘောတရားအတိုင်း အားကို လုံလောက်တဲ့အထိ ခပ်များများ အသုံးပြုပြီး…

လူသားတို့ နေ့ထိုင်ရာ ဒီကမ္ဘာမြေကြီးမှာ စိတ်ဝင်စားဖို့ ကောင်းလှတဲ့ ဇီဝအမွေအနှစ်တွေ ရှိနေပါတယ်။ ဒီဇီဝအမွေအနှစ်တွေဟာ တစ်ရက်ပြီး တစ်ရက်၊ တစ်နှစ်ပြီး တစ်နှစ်၊ တစ်ခေတ်ပြီး တစ်ခေတ် ခရီးရှည်ကြီးတလျှောက် တည်ရှိလာခဲ့ကြပြီး အခုလက်ရှိခေတ်မှာလဲ ကမ္ဘာကြီးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ…

ကျွန်တော်တို့ အာရှတစ်ခွင်မှာ ပရလောက၊ ဝိညာဉ်၊ တစ္ဆေ၊ သရဲ၊ နတ်စိမ်း စတာတွေကို ယုံကြည်ကြသလို အဲဒါတွေနဲ့လဲ စီးပွားရှာနေကြတဲ့ သူတွေ ရှိပါတယ်။ အထူးသဖြင့် နတ်ကတော်တွေပေါ့။ သူတို့ဟာ သေပြီးသား နတ်စိမ်းတွေရဲ့ ပဌာန်းဆက်လိုလို၊ အနွယ်တော်လိုလိုပုံစံမျိုးအဖြစ်နဲ့…

လူဝင်စားတယ်လို့ ပြောလိုက်ရင် မသိသူ မရှိလောက်အောင် အကုန်လုံး ကြားဖူးနားဝရှိကြတဲ့ မူမမှန်ဖြစ်စဉ်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာတော့ ဘာသာရေးအယူအစွဲတွေနဲ့ စပ်လျဉ်းပြီး သိကြတာပါ။ အထူးသဖြင့် ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာတွေရဲ့ အယူအဆပိုင်းတွေ၊ ရှေးဂရိတွေရဲ့ ဖလော်ပိုင်းနဲ့ ပတ်သက်တဲ့ အယူအဆပိုင်းတချို့မှာ ဒီဖြစ်စဉ်ကို…

ကျွန်တော်တို့ ကမ္ဘာကြီးကို ရေပြင် ၇၁%၊ ကုန်းမြေ ၂၉% နဲ့ ဖုံးအုပ်ထားပါတယ်။ သမုဒ္ဒရာတွေဟာ ကမ္ဘာ့ ရေအရင်းမြစ်အားလုံးရဲ့ ၉၇% ရှိပါတယ်။ အကယ်၍များ ရေပြင်တွေဟာ ကုန်းမြေဖြစ်လာခဲ့ရင် ကမ္ဘာကြီးက ဘာတွေပြောင်းလဲမယ်လို့ ထင်ပါသလဲ။ ဆို‌တော့…

ဒီအချိန်မှာ ဖတ်တော့ ဒီဝတ္ထုက ကိုယ်နဲ့ ပိုပြီး နီးကပ်မှုကို ခံစားရစေတယ် လို့ ပြောရမယ်။ ဝတ္ထုနောက်ခံကာလက ၁၉၀၅ ခုနှစ် ရုရှား-ဂျပန်စစ်ပွဲကာလဆိုပေမဲ့ မူရင်းရေးသူရဲ့ ဇာတ်အိမ်ဖွဲ့မှုကြောင့်လို့ ဆိုရမလား၊ မြသန်းတင့်ရဲ့ ဘာသာပြန်လက်စွမ်းကြောင့်လို့ ပြောရမလား ကိုယ်တိုင်က…

အက်တမ် (atom) ဆိုတာကို စာဖတ်သူတို့ ကြားဖူးနားဝ ရှိကြပါတယ်။ ဒြပ်ရှိတဲ့ အရာမှန်သမျှဟာ အက်တမ်တွေနဲ့ပဲ ဖွဲ့စည်းထားတာပါ။ ထမင်းစေ့၊ ရေသန့်ဘူး၊ စာရွက်စာအုပ်တွေ၊ လက်ကိုင်ဖုန်း၊ လူ့ခန္ဓာကိုယ်နဲ့ အခြားအခြားသော အရာဝတ္ထုများစွာကို ပုံပေါ်လာနိုင်အောင် အခြေခံ တည်ဆောက်ပေးသူတွေကတော့…

မာကိုပိုလို (Marco Polo) ဆိုတဲ့ နာမည်ကို ငယ်ငယ်က သင်ရတဲ့ သမိုင်းမှာ မကြာခဏ မြင်ဖူးနေကျ ဖြစ်တာကြောင့် အားလုံးနဲ့ ရင်းနှီးဖြစ်သား ဖြစ်ပါလိမ့်မယ်။ သူဟာ ကုန်သည်အသိုင်းအဝိုင်းကနေ ဆင်းသက်လာသူဖြစ်ပြီး တရုတ်နဲ့ စတင်ကုန်သွယ်တဲ့ ပထမဆုံး…

စိတ်ကူးယဉ်တယ်ဆိုတာ တကယ်တော့ အထူးအဆန်း မဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးဟာ စကားပြောတတ်စအရွယ်ကနေ အခုအချိန်ထိ စိတ်ကူးယဉ်ခဲ့ကြ၊ စိတ်ကူးယဉ်နေကြတာပါပဲ။ ကျွန်တော့်အနေနဲ့ “ငါဟာ အနာဂါတ်မှာ ရူပဗေဒပညာရှင်တစ်ယောက် ဖြစ်လာမယ်” လို့ အမြဲတမ်း စိတ်ကူးယဉ်တယ်။ ကျွန်တော့်အမေက “ငါ့သားသမီးတွေရဲ့ ဘဝ‌တွေဟာ…

ကျွန်တော်တို့ တော်တော်များများဟာ မိုးရွာတဲ့အခါ မိုးခြိမ်းသံနဲ့ လျှပ်စီးလက်တာတွေကို မြင်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ ငယ်ငယ်တုန်းကလဲ လျှပ်စီးလက်တာကို အရင်မြင်လိုက်ရပြီးတဲ့နောက် မိုးခြိမ်းသံကြားလိုက်တဲ့ အခါတွေမှာ ကြောက်လို့ နားပိတ်ထားတာတွေ၊ ပြေးပုန်းတာတွေမျိုးကိုလဲ လုပ်ဖူးကြမှာပါ။ ဆိုတော့ မိုးရွာတဲ့ အခါတွေမှာ မိုးခြိမ်းသံ…

လက်ရှိအင်တာနက်ပေါ်မှာ တွေ့နေရတဲ့  လာမဲ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ စပြီး အောက်တိုဘာ ကာလအတွင်း နေမုန်တိုင်း တိုက်ခတ်မှုကြောင့် အင်တာနက်တွေ၊ လျှပ်စစ်မီးတွေ လချီ ပြတ်တောက်နိုင်တယ်ဆိုတဲ့ အကြောင်း စာဖတ်သူ အတော်များများလဲ တွေ့မိပါလိမ့်မယ်။ ဒီသတင်းအပေါ်…

    ကျွန်တော်တို့ အားလုံး နေထိုင်ရာ ပတ်ဝန်းကျင်၊ ရှင်သန်ရာ ကမ္ဘာ၊ တည်ရှိရာ စကြာဝဠာကြီး တစ်ခုလုံးမှာ အသေးဆုံးဆိုတဲ့ အရာက ဘာလဲဆိုတာ စဉ်းစားမိကြဖူးလား။  အကယ်၍ တစ်ယောက်ယောက်ကရော ကိုယ့်ကို ဖြစ်နိုင်သမျှ အသေးတကာ့အသေးဆုံးအရာက…

ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်းရဲ့ အော့ပန်ဟိုင်းမား (Oppenheimer) ရုပ်ရှင် ဒစ်ဂျစ်တယ်အကြည်ထွက်လာလို့ ကြည့်လိုက်ရပါတယ်။ ခန့်မှန်းချေ အချိန် သုံးလေးလလောက် စောင့်ပြီးမှ ဒီလိုကားမျိုးကို ကွန်ပြူတာမော်နီတာ သေးသေးလေးနဲ့ ကြည့်လိုက်ရလို့ နည်းနည်း အောင့်သက်သက်…

    ဘာသာရေးနှင့် သိပ္ပံ – အပိုင်း (၂) – အယ်ဒီတာ့အာဘော် ――――――― လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ လောက်က ဟိမဝန္တာတောင်ခြေက မထင်မရှားနိုင်ငံငယ်လေးတစ်ခုရဲ့ တော်ဝင်မင်းသားတစ်ပါးဟာ “ငါဟာ လောကကိုအကုန်အစင်သိမြင်နားလည်ခဲ့ပြီ၊ ဒါ့အပြင်…

လောကကြီးရဲ့ ဖွဲ့စည်းမှုတွေထဲမှာ စွမ်းအင်တွေဟာ အဓိကအနေနဲ့ ပါ၀င်နေပါတယ်။ ဒီစွမ်းအင်တွေဟာ ‌‌စကြာ၀ဠာကြီး ဟန်ချက်ကျကျ လည်ပတ်နေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေလဲ ဖြစ်ပါတယ်။ စွမ်းအင်တွေကို အထူးပြုလေ့လာတဲ့ ဘာသာရပ်ကြီးတစ်ခုဖြစ်တဲ့ ရူပဗေဒမှာတော့ စွမ်းအင်ဆိုတာကို အလုပ်ပြီးမြောက်နိုင်စွမ်းလို့ ပြောထားပါတယ်။ အရပ်သုံးစကားအရဆိုရင်တော့…

    ဟိုးလွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက ကမ္ဘာ့အရှေ့ဘက်ကျတဲ့ အခြမ်းနဲ့ အနောက်ဘက်ခြမ်း ဒေသတွေက အဆက်အစပ်မရှိကြဘူး။ ကုန်းမကြီး ဆက်နေသော်ငြား ဝေးလံခေါင်ဖျားလှတဲ့ ဒေသတွေကို ကျော်လွန်ပြီး ဘယ်ကုန်သည်ကမှ သီးခြား ထွက်ပြီး ကုန်သွယ်ရေးကို မလုပ်ကြ ..…

စိုက်ပျိုးရေးဆိုတာ ရှေးခေတ်ကတည်းကနေ ယနေ့ခေတ်အထိ လူနေမှုဘဝမှာ များစွာအကျိုးပြုနေတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီစိုက်ပျိုးရေးနယ်ပယ်တွေဟာ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ တစ်ဖက်တစ်လှမ်းကနေ အထောက်အကူပြုနေကြပါတယ်။ စိုက်ပျိုးရေးနယ်ပယ်တွေထဲကမှ အော်ဂဲနစ်စိုက်ပျိုးရေးဟာ စိတ်ဝင်စားစရာကောင်းပြီးတော့ နေ့စဥ်လူနေမှုဘဝမှာ အထောက်အပံ့တစ်ခု ဖြစ်နေပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးဆိုတာ ကမ္ဘာပေါ်မှာ လက်ရှိထင်ရှားနေဆဲဖြစ်တဲ့…

Entropy Statement of Microscopic Interpretation (အင်ထရိုပီဖွင့်ဆိုချက် / ပရမ်းပတာဖြစ်မှုဖွင့်ဆိုချက်) အရာဝတ္ထုတိုင်း/စနစ်တိုင်းဟာ သဘာဝအရ အစီအစဉ်ကျနေတဲ့ အခြေအနေကနေ အစီအစဉ်မကျတဲ့ အခြေအနေကို ဦးတည်လာရတယ်။ ရိုးရှင်းသေသပ်နေရာကနေ ပရမ်းပတာပုံစံဖြစ်လာကြ‌တယ်။ ကြက်ဥတစ်လုံးက တဖြည်းဖြည်းနဲ့ ပုပ်သိုးလာမယ်၊…

ကမ္ဘာမြေပေါ်မှာ ရှိနေတဲ့ ရွှေတွေရဲ့ ဖြစ်ပေါ်မှုဟာ ကမ္ဘာ့ပြင်ပနေရာကနေ စတင်ခဲ့တယ်လို့ ပြောမယ်ဆိုရင် စာဖတ်သူတို့ အံ့သြကောင်း အံ့သြသွားနိုင်ပါတယ်။ ရွှေဆိုတာ သတ္တု (Metal) တစ်မျိုးဖြစ်ပြီးတော့ သူ့မှာ တခြားသတ္တုတွေနဲ့ မတူဘဲ တစ်မူထူးခြားနေတဲ့ ဂုဏ်ရည်ဂုဏ်သွေးနဲ့ တည်ရှိမှုတွေရှိပါတယ်။…

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ ဘုရားရှိခိုး ဝတ်ပြုကြတဲ့အခါ အများဆုံး ရွတ်ဆိုလေ့ရှိတဲ့ စကားလုံးက ”ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ဆိုတာပဲ။ ဒီစကားက ”ဗုဒ္ဓဘုရားရှင်၊ ဗုဒ္ဓဟောကြားသော…

  ကျွန်‌တော်တို့ လူအများစုဟာ သမိုင်းကို တိကျခိုင်မာတဲ့ အချက်အလက်တွေနဲ့ ဖွဲ့စည်းထားတဲ့ အတိတ်အကြောင်း အချက်အလက်စုစည်းမှု၊ အစုအဝေးတစ်ခုအဖြစ် မြင်တတ်ကြပါတယ်။ တကယ်တော့ သမိုင်းဆိုတာ ပဟေဠိတစ်ခု ဖြေရှင်းနေသလို ရှာဖွေတွေ့ရှိလာတဲ့ သဲလွန်စအသစ်၊ အချက်အလက်အသစ်တွေကို ဖြည်းဖြည်းချင်း ပေါင်းစုပုံဖော်ရတဲ့…

  ကျွန်တော်တို့ လူ့ခန္ဓာဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဆဲလ်တွေဟာလဲ ထိလွယ်ရှလွယ်ကြပါတယ်။ တစ်ခုခုဖြစ်လို့ ဒဏ်ရာတွေ၊ ပွန်းပဲ့ရာတွေ ရလာတဲ့အခါ အချို့သော ဒဏ်ရာတွေက ပိုမြန်မြန်ပျောက်လွယ်တာကို သတိထားမိကြမှာပါ။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ လေ့လာကြည့်ကြရအောင်ပါ။ အရင်ဆုံး အရေပြားနဲ့…

သဘာဝတရားကြီးက အင်မတန်ကို လှပပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အလှဆင်ပေးနေတဲ့ တိမ်စိုင်တွေ၊ မိုးတွေ၊ သက်တံ့တွေ၊ သစ်ပင်တွေနဲ့ ဆီးနှင်းတွေရဲ့ ဖြစ်တည်မှုတွေဟာ ဆန်းကြယ်သလို စိတ်ဝင်စားဖို့လဲ ကောင်းပါတယ်။ ဆောင်းရာသီမှာ တွေ့ရတတ်တဲ့ ဆီးနှင်းဆိုတာ ဆောင်းရာသီကို အလှဆင်ပေးနေတဲ့ အရာတစ်ခုပါပဲ။…

ကျွန်တော်တို့ အားလုံးလိုလို အင်တာနက်မှာ မြင်ဖူး၊ ကြားဖူးကြတဲ့ အကြောင်းအရာ  တစ်ခု ရှိပါတယ်။ အဲ့ဒါက ညအခါ ကောင်းကင်မှာ မြင်ရတဲ့ ကြယ်တွေ အားလုံးက သေဆုံးပြီးသား ဖြစ်ပြီး ကျွန်တော်တို့က သူတို့ရဲ့ အတိတ်က ပုံရိပ်ကို…

  ဩဂုတ်လ ၆ ရက်၊ ၁၉၄၅ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ ဟီရိုရှီးမားဆိုတဲ့ မြို့လေးမှာ မြို့နေပြည်သူတွေက ပုံမှန်အတိုင်း သူတို့ရဲ့ နေ့ရက်ကို စတင်ဖို့ ပြင်ဆင်နေကြပါတယ်။ အလုပ်သွားဖို့ ရထားစောင့်‌နေတဲ့ သူက စောင့်၊ ကျောင်းသွားဖို့…

သိပ္ပံရဲ့ တိုးတက်လာမှုတွေဟာ အံ့မခန်းပါ။ ပိုတိုးတက်လာတဲ့ နည်းပညာနဲ့အတူ သမိုင်းဆိုင်ရာ အကြောင်းအရာတွေကိုလည်း တိတိကျကျ သိရှိလာနိုင်ခဲ့ပါတယ်။ အခုလည်း ၁၉၇၂ ခုနှစ်တုန်းက အပိုလို ၁၇ က ယူဆောင်လာခဲ့တဲ့ လရဲ့ မြေသားနမူနာ အချို့အရ လရဲ့သက်တမ်းဟာ…

  ကျွန်တော်တို့တွေ ကောင်းကင်ပြာပြာကြီးကို မော့ကြည့်ကြတဲ့အခါ ကောင်းကင်ကြီးမှာ အဖြူအစက်အပျောက်လေးတွေ၊  အချောင်းအချောင်းလေးတွေ ပြေးနေတာကို တွေ့ဖူးကြပါလိမ့်မယ်။ များသောအားဖြင့်တော့ ‌ဒီလိုဖြစ်တာကို လူတွေက အမြင်အာရုံ အားနည်းလို့ ဖြစ်တာ၊ ရောဂါတစ်ခုခုကြောင့် ဖြစ်တာ၊ သွေးအားနည်းလို့ ဖြစ်တာ စသဖြင့်…

ကမ္ဘာကကြီးမားတဲ့နေရာတစ်ခုပါ။ ဒီလိုကြီးမားတဲ့ ကမ္ဘာကြီးမှာ လေ့လာစရာတွေဆိုတာ မကုန်နိုင်ပါဘူး။ ကမ္ဘာကြီးမှာ လေ့လာစရာတွေ အများကြီးရှိတဲ့ထဲကမှ ကမ္ဘာရဲ့ ဗဟိုအူတိုင်ကို လေ့လာခြင်းမှာ လူသားတွေအနေနဲ့ မသိနိုင်သေးတာတွေ အတော်များများ ကျန်ရှိနေပါတယ်။ ဒါဟာလည်း ရရှိနိုင်တဲ့ ဒေတာ အချက်အလက်တွေက အကန့်အသတ်တွေနဲ့ပဲ…

(သာမိုဒိုင်းနမစ်စနစ်ဖွင့်ဆိုချက်၊ အင်ဂျင်ဖွင့်ဆိုချက် – Engine Statement၊ ကယ်လ်ဗင်ပလန့်ခ်ဖွင့်ဆိုချက် – Kelvin-Planck Statement) အပူအင်ဂျင်တွေဆိုတာ သူတို့ဆီဝင်လာတဲ့ အပူစွမ်းအင်ရဲ့ တစ်စိတ်တစ်ပိုင်းကို အလုပ်ပြီးမြောက်မှုအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သာမိုဒိုင်းနမစ်စနစ်တွေပါ။ အလုပ်လုပ်ပုံအရ အပူချိန်များရင်းမြစ် ( Hot…

သဘာဝကြောင့် ဖြစ်တည်လာတာမဟုတ်ဘဲ လူတွေ တီထွင်ထားတဲ့ Artificial Element တွေကို Period Table တွေမှာ 1940 ခုနှစ်ကတည်းက ထည့်သွင်းပြီး အသုံးပြုနေခဲ့ကြတာပါ။ ဒါပေမဲ့ ရှာဖွေတွေ့ရှိခဲ့တဲ့ အရာတိုင်းကိုတော့ လက်ခံတာမဟုတ်ပါဘူး။ လိုက်နာရမဲ့ စံသတ်မှတ်ချက်တွေလဲ…

     အိုဇုန်းလွှာဟာ ကမ္ဘာ့လေထုရဲ့ စထရက်တို စဖီးယားအလွှာ (Stratosphere) မှာရှိပြီး နေကလာတဲ့ စွမ်းအင်မြင့် ခရမ်းလွန်ရောင်ခြည်တွေကို ကာကွယ်ပေးထားတာကြောင့်  ကမ္ဘာ့လေထုရဲ့ အရေးကြီး အလွှာတစ်ခု ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေက စလို့ အိုဇုန်းလွှာ…

  လူအများစု ဒီစကားလုံးနဲ့ မစိမ်းကြဘူး ထင်ပါရဲ့။ ကိုယ်တိုင်က အိမ်ပြေးကလေး ဖြစ်ဖူးရင် ဖြစ်၊ မဟုတ်ရင် အခြားအိမ်ပြေးကလေးတွေအကြောင်း တစ်နည်းတစ်ဖုံ တစ်မျိုးတစ်ကဏ္ဍ ကြားဖူးကြမှာပါ။ အိမ်ကနေ ဘာကြောင့် ပြေးကြသလဲ။ အိမ်မှာ နေရတာ မပျော်လို့…

သဘာ၀ဘေးအန္တရာယ်တွေကဟာရှောင်လွှဲလို့မရတဲ့အတွက် ကျရောက်လာခဲ့ရင် အရံသင့်ရှိနေဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ ဒီရက်ပိုင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒေသတချို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။ ရေကြီးနေစဥ်နဲ့ ရေကြီးပြီးတဲ့အခါ ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာတွေကို Fact Hub က မျှဝေပေးချင်ပါတယ်။ မိမိနဲ့ အသိအကျွမ်းတွေထဲ ရေဘေးဒေသက…

ဒြပ် (Matter) ဟာ ရူပဗေဒ၊ ဓာတုဗေဒနဲ့ တခြားသိပ္ပံနယ်ပယ်တွေမှာ အခြေခံကျတဲ့အရာတစ်ခုဖြစ်ပါတယ်။ Matterတွေကို သေးငယ်တဲ့အမှုန် (tiny particle) တွေနဲ့ ဖွဲ့စည်းထားတာပါ။ အဲ့ဒီ ပါတစ်ကယ်တွေဟာ အက်တမ် (atom)လည်းဖြစ်နိုင်သလို၊ မော်လီကျူး (molecule) တွေလည်း…

လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၂၅၀) လောက်က ကြီးကျယ်တဲ့ ပညာရှင်ကြီးတစ်ယောက်ဟာ တစ်ခုခုကို အပြင်းအထန် တွေးတောနေခဲ့ပါတယ်။ ပညာရှိကြီးရဲ့ နာမည်ကတော့ အာခီမိဒိစ်ပါ။ အဲ့ဒီပညာရှိကြီးဟာ ပြဿနာတစ်ခုရဲ့ အဖြေကို ရှာနေတာ ရက်အတော်ကြာနေပြီ ဖြစ်လို့ စိုးရိမ်လာပါတယ်။ ပိုပြီး…

သဘာဝရဲ့ ရွေးချယ်ခြင်းဆိုတာ ဒါဝင့် ဆင့်ကဲပြောင်းလဲမှု သီအိုရီရဲ့ အင်မတန်လှပတဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အရိုင်းဆန်တဲ့ လောကကြီးမှာ သဘာဝနဲ့ လိုက်လျောညီထွေဖြစ်အောင် နေနိုင်မှသာလျှင် အသက်ရှင်ကျန်ရရိုး ထုံးစံရှိတယ်။ သမိုင်းတစ်လျှောက်မှာလဲ သဘာဝနဲ့ လိုက်လျောညီထွေ အဖြစ်ဆုံး သက်ရှိတွေသာ ရှင်သန်ကျန်ရစ်ခဲ့ရတယ်။…

ကလေးတွေရဲ့ ညအိပ်ရာဝင်ချိန်မှာ လမင်းကြီးဟာ အဓိကဇာတ်ဆောင်တွေထဲမှာ အကြားရဆုံး၊ အသိရဆုံး၊ အပြောပြရဆုံးဇာတ်ဆောင်တစ်ယောက်ဆိုရင် မှားမယ်မထင်ပါဘူး။ ငယ်ငယ်က ကြားခဲ့ဖူးတဲ့ စာလေးတွေ၊ ကဗျာလေးတွေတောင် ရှိပါရဲ့။ “ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွတ်သည့် အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့်…

ကျွန်တော်တို့ လူသားတွေ နေထိုင်တဲ့ ကမ္ဘာဂြိုဟ်က နေအဖွဲ့အစည်းအတွင်းမှာ ရှိတယ်ဆိုတာ အကုန်လုံး သိကြမှာပါ။ နေအဖွဲ့အစည်းမှာ စုစုပေါင်း ဂြိုဟ် ၈ လုံးရှိပြီးတော့ ဂြိုဟ်အကုန်လုံးက မတူညီတဲ့ ပုံစံတစ်ခုစီနဲ့ တည်ရှိနေတာပါ။ နေအဖွဲ့အစည်းရဲ့ ဖွဲ့စည်းပုံကို ကြည့်မယ်ဆိုရင်လဲ…

ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ၇၁ ရာခိုင်နှုန်းဟာ ရေထုကြီးဖြစ်တဲ့အလျောက် ရေထဲ ကျင်လည်ကျက်စားနေကြတဲ့ သက်ရှိတွေဟာလဲ အမျိုးအစားစုံလှပြီး ဆန်းလဲဆန်းကြယ်လှပါတယ်။ အခုဆောင်းပါးမှာတော့ man o’war လို့လဲ ခေါ်စမှတ်ပြုကြတဲ့ ထူးထူးဆန်းဆန်းဇီဝရုပ် (Organisms) တစ်မျိုးရဲ့အကြောင်းကို ဖော်ပြပေးသွားပါမယ်ဗျ။ ဒီသတ္တဝါရဲ့…

Ozone (အိုဇုန်း) ဟာ အောက်ဆီဂျင်အက်တမ် သုံးခုပါဝင်တဲ့ မော်လီကျူးဖြစ်ပြီး မတည်ငြိမ်ပါဘူး။ Ozone Layer (အိုဇုန်းလွှာ) ဆိုတာလဲ အဲ့ဒီအိုဇုန်းအစုအဝေးပါပဲ။  အိုဇုန်းလွှာဟာ ကမ္ဘာမြေကြီးရဲ့ Atmosphere (လေထု) ရဲ့  တစ်စိတ်တစ်ဒေသဖြစ်ပြီး ကမ္ဘာမြေမျက်နှာပြင်မှ ခန့်မှန်းခြေ…

အပိုင်း – ၁၊ ၂ မဖတ်ရသေးရင် ဒီလင့်ခ်နဲ့ ဒီလင့်ခ်ကနေ ဖတ်နိုင်ပါတယ်။  ______ ဒီအပိုင်းက ကွမ်တမ်ရူပဗေဒနဲ့ ဆိုင်တဲ့ concept ပိုင်း သိပ်မပါတော့ဘဲ sci-fi တချို့ကနေ ဆက်စပ်တွေးမိတာလေးတွေ ရေးဖြစ်တာဖြစ်လို့ စိတ်မဝင်စားလို့…

မနေ့က ကွမ်တမ်ရူပဗေဒနဲ့ ပတ်သက်လို့ မိတ်ဆက်အပိုင်းလေး ရေးထားပါတယ်။ မဖတ်ရသေးရင် ဒီလင့်ခ်က နေ ဝင်ဖတ်နိုင်ပါတယ်။ ――――――― ကွမ်တမ်ရူပက သာမန်ရူပဗေဒနဲ့ ဘယ်လိုကွဲနေတာ .. Regular Physics လို့ ခေါ်ချင်ခေါ်လို့ရနိုင်တဲ့ သမရိုးကျ ရူပဗေဒကတော့…

ကျွန်တော်တို့အားလုံးနီးပါး ကွမ်တမ်ရူပဗေဒ .. ကွမ်တမ် .. ကွမ်တမ်ကမ္ဘာ စတာတွေကို သေချာပေါက် ကြားဖူးကြပါလိမ့်မယ်။ ဒီစကားလုံးက ဟော်လီးဝုဒ် ဒါရိုက်တာတွေရဲ့ အကြိုက်ပါ။ သူတို့ရိုက်သမျှ Sci-fi ရုပ်ရှင်တွေ၊ Superhero ရုပ်ရှင်တွေမှာ ဒီ ကွမ်တမ်အယူအဆတွေကို…

အခု စာဖတ်နေတဲ့သူကို တစ်ယောက်ယောက်က ဒြပ် (Matter) တွေကို အက်တမ် (Atom) တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ပြောလာရင် ဒီအတိုင်း ပြီးစလွယ် လက်ခံလိုက်မှာလား။ ဒါမှမဟုတ် ဆက်လက် ရှာဖွေအုံးမှာလား။ သိပ္ပံနယ်ပယ်မှာ Atom နဲ့…

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ နေ့စဉ် မြင်နေရ၊ တွေ့နေရသမျှ အရာဝတ္ထုတွေက ဘာလို့ ဒြပ် (Mass) ရှိနေရတာလဲ ဆိုပြီး တွေးမိဖူးပါသလား။ အလင်းကို သယ်ဆောင်တဲ့ ဖိုတွန်တွေကရော ဘာလို့ ဒြပ်မဲ့ (Massless) ဖြစ်နေရတာလဲ။ အကယ်၍…

လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာ ကျန်းမာစွာ လည်ပတ်နေဖို့အတွက် တည်ငြိမ်ပြီး သင့်တော်တဲ့ ကိုယ်တွင်းအပူချိန်ရှိဖို့ လိုအပ်ပါတယ်။ သာမန်လူတစ်ယောက်အတွက်‌ ခန္ဓာကိုယ်အပူချိန်ဟာ 36.5 ဒီဂရီဆဲလဲစီးယပ်စ်မှ 37.2 ဒီဂရီဆဲလ်စီးယပ်စ်ကြားရှိဖို့ လိုအပ်ပါတယ်။ဒီလိုမဟုတ်ဘဲ ပတ်ဝန်းကျင်အပူချိန်ကြောင့် ခန္ဓာကိုယ်အပူချိန် လိုအပ်တာထက် ပိုတက်လာခဲ့ရင် (သို့)…

နှင်းနဲ့ ပတ်သက်ရင် လူတွေမှာ အတွေးတစ်ခု ရှိတတ်ကြတယ်။ နှင်းကျတဲ့ အရပ်မှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းသိပ်မကျတဲ့ ဒေသမှာ နေရင်ပဲဖြစ်ဖြစ်၊ နှင်းလုံးဝမကျတဲ့ နေရာမှာ နေရင်ပဲဖြစ်ဖြစ် ပထမဆုံးနှင်းကျတာကို မြင်ရကြည့်ရရင် ကြည်နူးစရာကောင်းပြီး မျှော်လင့်ချက်တစ်ခု ဖြည့်ဆည်းပေးခံလိုက်ရသလိုပဲ ဆိုတဲ့…

လတ်တလော ဒေသတွင်းမှာ ဖြစ်ပွားမှုနှုန်း မြင့်တက်နေတဲ့ ရောဂါတစ်မျိုး ရှိပါတယ်၊ မျက်စိနာခြင်းပါ။ မျက်စိနာခြင်းနဲ့ ပတ်သက်လို့ ဟိုးအရင်ကတည်းက နာမည်ကြီးတဲ့ အယူအဆတစ်ခုရှိပါတယ်၊ မျက်စိနာတဲ့ ရောဂါဟာ တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအကြည့်ခြင်းကနေ ကူးစက်နိုင်တယ်ဆိုတာပါ။ ဒီအယူအဆက မှန်ကန်ရဲ့လား၊…

သင်္ချာဆိုတာ ကျွန်တော်တို့ နေ့စဉ်သုံးနေကျ လူသားတိုင်းနားလည်တဲ့ ဘာသာစကားတစ်ရပ်ပဲဖြစ်ပါတယ်။ လူသားတိုင်းအနေနဲ့ သင်္ချာကို မကျွမ်းကျင်ကြရင်တောင် သင်္ချာရဲ့ အခြေခံသဘောဖြစ်တဲ့ ရေတွက်ခြင်းတွေကို သိကြမှာပါ။ ရေတွက်ခြင်းရဲ့ အခြေခံကတော့ ကိန်းစနစ်တွေပဲ ဖြစ်ပါတယ်။ ကိန်းစနစ်တွေလို့ ဆိုရာမှာ သုညကနေ ကိုးအထိ…

အက်စစ် (Acid) နဲ့ ဘေ့စ် (Base) ဆိုတာတွေဟာ ဓာတုဗေဒပညာရပ်မှာ အရေးပါတဲ့အပိုင်းတွေဖြစ်ပါတယ်။ ကမ္ဘာကြီးဟာ ဓာတုဗေဒနဲ့ထိတွေ့နေရတာကြောင့် အနီးနားပတ်ဝန်းကျင်ကို လေ့လာကြည့်မယ်ဆိုရင်တော့ အဲ့ဒီ အက်စစ်နဲ့ဘေ့စ်တွေကို သတိထားမိပါလိမ့်မယ်။ ကျွန်တော်တို့အမြဲကြားနေကျ အက်စစ်ဆိုတိုင်း အန္တရာယ်ရှိတာမဟုတ်ဘဲ သူနဲ့ပတ်သက်ပြီး တခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလဲ…

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်တွင်းက သွေးတွေက အနီရောင်ရှိပါတယ်၊ ဒါပေမဲ့ သွေးကြောတွေကတော့ အစိမ်းရောင်၊ တချို့ဆို စိမ်းပြာရောင်နဲ့ အပြာရောင် အသီးသီး ရှိကြပါတယ်၊ အဲ့တာက ဘာကြောင့်ပါလဲ။ တချို့က ခန္ဓာကိုယ်ထဲက သွေးတွေက သွေးပြန်ကြောထဲမှာတော့ အစိမ်း/အပြာ ရောင်ဖြစ်ပြီး…

နေလုံးကြီးဟာ သက်ရှိတွေအတွက် လိုအပ်တဲ့ အပူနဲ့ အလင်းစွမ်းအင်တွေကို ပေးနေတယ်ဆိုတာကို သိထားကြပါတယ်။ “နေအလင်း” လို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့ အတော်အများဟာ နေ့စဥ် မြင်နေရတဲ့ အဖြူရောင်အလင်းတန်းတွေကိုပဲ အရင် ပြေးမြင်မိကြပါတယ်။ ဒါပေမဲ့ နေလုံးကြီးဟာ အဲ့သလို…

လွန်ခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့က လရဲ့ တောင်ဝင်ရိုးစွန်းပေါ် ဆင်းသက်နိုင်ခဲ့တဲ့ အိန္ဒိယရဲ့ ချန်ဒရာယန် ၃ အာကာသယာဉ်ဟာ လမျက်နှာပြင်ပေါ်မှာရှိတဲ့ ငလျင်ကို အာရုံခံတွေ့ရှိခဲ့ပြီး မစ်ရှင်အတွင်းမှာ ပထမဆုံး မှတ်တမ်းတစ်ခုကို တင်ခဲ့ပါတယ်။ လဆင်းယာဉ်ရဲ့ ရိုဗာ…

ကလေးတွေ စကားပြောတတ်အောင် သင်ယူနေချိန်မှာ သူတို့အနီးဝန်းကျင်မှာ ရှိတဲ့ သက်ရှိတွေဆီက အသံတွေကို ဖမ်းယူပြီး ကြားရဖန်များလာတဲ့အခါ အဲဒီအသံတွေအတိုင်း လိုက်တုပပြီး အသံထွက်တတ်ကြပါတယ်။ အထိအတွေ့အများဆုံးက မိခင်ဖြစ်ရင် မိခင်ဆီက စကားပြောသံ၊ စကားပြောဟန်တွေကို စောင့်ကြည့်လေ့လာပြီး မိခင်ပြောတဲ့ စကားလုံးတွေထဲက သူတို့ ဖမ်းမိသလောက် စကားလုံးတွေ၊ အကြားရအများဆုံးစကားလုံးတွေကို အသံ၊ သို့မဟုတ် စကားသံအဖြစ် ပြန်ထုတ်တတ်ကြတာပေါ့။ ဥပမာ မိခင်ဖြစ်သူက သူ့ကိုယ်သူ “မေမေ” လို့ ရည်ညွှန်းပြီး ကလေးရှေ့မှာ ပြောဖန်များလာတဲ့အခါ ကလေးက မိခင်ကို မြင်တဲ့အခါ “မေမေ” လို့ အသံထွက်ညွှန်ပြတတ်လာတာမျိုး ဖြစ်ပါတယ်။ စကားလုံးတွေ၊စကားတွေကို သင်ယူနေချိန်မှာ ကလေးတွေအနေနဲ့ စံသတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့အညီ တပြေးတညီတည်း သင်ယူနိုင်ကြတာတော့ မဟုတ်ပါဘူး။ သူတို့ လုပ်တတ်တဲ့ အမှားလေးတွေလဲ ရှိနေပါတယ်။ မွေးဖွားပြီးအချိန်ကနေ ပထမဆုံး ထိတွေ့ရတဲ့ ပထမဘာသာစကားကို စူးစမ်းသင်ယူနေချိန်မှာ ကလေးတွေ လုပ်တတ်တဲ့အမှားတွေကို အောက်ပါအတိုင်း အဓိကအုပ်စု ၃ စု ခွဲထုတ်လိုက်လို့ ရပါတယ်။ အဲဒီအုပ်စု ၃ စုကတော့ – ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) ၃။ Underextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လျော့နည်းခြင်း) တို့ပဲ ဖြစ်ပါတယ်။ ၁။ Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) အရွယ်ရောက်သူသုံးဘာသာစကားမှာ တိရစ္ဆာန်တွေ၊ ပစ္စည်းတွေ၊ အရာဝတ္ထုတွေ၊ အပင်တွေ စတဲ့ အရာရာကို အမျိုးအစားခွဲခြားပြီး ဘယ်အရာက ဘာရယ်လို့ သတ်သတ်မှတ်မှတ် ရည်ညွှန်းခေါ်ဆိုကြပါတယ်။ ဥပမာ အမှောင်မှာ မြင်နိုင်စွမ်းရှိပြီး ကြွက်ခုပ်တတ်တဲ့ သားစားအိမ်မွေးတိရစ္ဆာန်ကို “ကြောင်”၊ အဝါရောင်မှာ အနက်စင်းတွေ ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျား”၊ ညိုဝါရောင်အခံမှာ အနက်ပြောက်ရှိတဲ့ ကြောင်မျိုးနွယ်ဝင် သားရဲမျိုးစိတ်တစ်မျိုးကို “ကျားသစ်” လို့ အရွယ်ရောက်ပြီးသူတွေက သတ်မှတ်ခေါ်ဆိုကြတယ်။ ဒါပေမဲ့ ကလေးတစ်ယောက်ကတော့ “ကျား” ကိုလဲ “ကြောင်”၊ “ကျားသစ်” ကိုလဲ “ကြောင်” ဆိုပြီး သူတို့စိတ်ထဲ ကောက်ချက်ချထားတဲ့အတိုင်း ခေါ်တတ်ကြပါတယ်။သူတို့လေးတွေရဲ့ သင်ယူထားတာတွေထဲမှာ “ကျား” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့ မခေါ်ဘဲ “ကျား” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့၊ “ကျားသစ်” ကို “ကြောင်” နဲ့ မတူတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း၊ “ကြောင်” လို့မခေါ်ဘဲ “ကျားသစ်” လို့ သတ်မှတ်ပြီး ရည်ညွှန်းတတ်ဖို့ မပါရှိနေသေးတာကြောင့် သိရင်းစွဲ ဝေါဟာရဖြစ်တဲ့ “ကြောင်” နဲ့ပဲ အခြားတိရစ္ဆာန်တွေကိုပါ ရည်ညွှန်းခေါ်ဆိုတတ်ကြတဲ့ အခြေအနေလေးတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် အင်္ဂလိပ်ဘာသာစကားကို စူးစမ်းသင်ယူနေတဲ့ ကလေးတွေမှာ ဖြစ်တတ်တာ နောက်တစ်ခုက အများကိန်းနဲ့အတိတ်ကာလပြကြိယာတွေကို အသုံးပြုပုံမှားယွင်းနေကြတာတွေပါ။ ဥပမာပေးရရင် “mice” အစား “mouses” လို့ပြောတာတွေ၊ “teeth” အစား “tooths” လို့ ပြောတာတွေလိုမျိုး အနည်းကိန်းကနေ အများကိန်းပြောင်းတဲ့အခါမှာ “s” ထည့်လိုက်တာနဲ့ အများကိန်းဖြစ်သွားမယ် ဆိုပြီး ကောက်ချက်ချထားတာမျိုး၊ “brought” အစား “bringed” လို့ ပြောတာတွေ၊ “said” အစား “sayed” လို့ ပြောတာတွေလိုမျိုး ပစ္စုပ္ပန်ကာလပြကြိယာကနေ အတိတ်ကာလပြကြိယာအဖြစ်ပြောင်းတဲ့အခါ မူရင်းကြိယာမှာ “-ed” ထည့်လိုက်ရင် ရပြီ ဆိုပြီး ကောင်ချက်ချထားတာမျိုးတွေ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Overgeneralisation (လွန်ကဲစွာ ယေဘုယျကောက်ချက်ဆွဲခြင်း) လို့ ခေါ်ပါတယ်။ သူ့ရဲ့ ဆန့်ကျင်ဘက်ကတော့ Undergeneralisation ပဲ ဖြစ်ပါတယ်။ ၂။ Overextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) မိဘတွေက ကလေးကို ပွေ့ပြီး ညနေခင်းမှာ လမ်းလျှောက်ထွက်တယ် ဆိုပါစို့။ အဲဒီညနေခင်းမှာ ရာသီဥတုသာယာတဲ့အတွက် လိပ်ပြာလေးတွေ၊ ပုစဉ်းလေးတွေနဲ့ ငှက်အမျိုးအစားအချို့ကို ကလေးက မြင်မိမယ်။ အဲဒီအခါမှာ ကလေးကလိပ်ပြာကို မြင်တော့လဲ “စာကလေး”၊ “ပုစဉ်းကို မြင်တော့လဲ “စာကလေး”၊ ဗျိုင်းတွေ လေးကောင်အတန်းလိုက် ပျံသွားတာကို ခပ်ဝေးဝေးဆီက မြင်တော့လဲ “စာကလေး”၊ စာကလေးကို မြင်တော့လဲ “စာကလေး” ဆိုပြီး အသံထွက်ရည်ညွှန်းပြမယ်။ ဒါ့အပြင် လေထဲမှာ မြင်ရသမျှ တွေ့ရသမျှ အကောင်လေးတွေကို “စာကလေး” လို့ပဲ ကလေးက ခေါ်နေမယ်။ကလေးဟာ “လေထဲမှာ ရှိနေခြင်း” ဆိုတဲ့ ဘုံတူညီချက်တစ်ခုတည်းကိုပဲ စွဲမှတ်ထားပြီး ရည်ညွှန်းပြနေတာဖြစ်ပါတယ်။ ဒီအခြေအနေဟာ တိကျသေချာတဲ့ သတ်မှတ်ချက် ရှိပြီးသား စကားလုံးကိုပဲ အသုံးပြုပြီး တိကျသေချာစွာ သတ်မှတ်ထားခြင်း မရှိဘဲ ယေဘုယျအချက်တစ်ချက်ကို မြင်တွေ့တာနဲ့ ရည်ညွှန်းလိုက်တာမျိုး ဖြစ်ပါတယ်။ ဒါကိုOverextension (ဝေါဟာရသတ်မှတ်မှုနယ်ပယ်လွန်ကဲခြင်း) လို့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။ ဒီအခြေအနေမှာကလေးရဲ့ သတ်မှတ်နိုင်စွမ်းကနေ သိနိုင်တဲ့ အချက်တစ်ချက်ကတော့ ကလေးဟာ သူ့အနီးနားဝန်းကျင်မှာ ရှိနေတဲ့ အရာတွေထဲက တူညီတဲ့ ဘုံအချက်ကို သတိပြုနေမိတယ် ဆိုတာပါပဲ။…

ကြယ်တာရာကြီးတွေ၊ နေအဖွဲ့အစည်းတွေအားလုံးဟာ တူညီတဲ့ပုံစံတစ်ခုတည်းကနေ မွေးဖွားလာခဲ့ကြပေမယ့် အန္တိမအဆုံးသတ်တွေကတော့ ကွဲပြားလှပါတယ်။ ဒြပ်ထုသေးသေး၊ ထွန်းလင်းတောက်ပမှုနည်းနည်းနဲ့ ဖုသျှနက္ခတ် (Canis Major) က Sirius B လို ကြယ်တွေကနေ အင်မတန်ပြင်းထန်တဲ့ မျက်နှာပြင်အပူချိန်၊ အလင်းထုတ်လွှတ်မှုနဲ့ ဧရာမဒြပ်ထုနဲ့…

  ❝ နှင်းဆီပွင့် ❞ ❝ လယ်တောကအပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုန်းဆီက ကျော့ဆုံးကိုမောင်မြင်တော့ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး။ ❞ ဆရာ မင်းသုဝဏ်ရဲ့ကဗျာလေး။ မျက်လုံးထဲမယ် ဒီကဗျာလေးကို ပုံဖော်ကြည့်တယ်။ မိန်းမပျိုလေး…

အချက်အလက်တစ်ခု၊ အကြောင်းအရာတစ်ခုကို မှန်၊ မမှန် ဘယ်လိုစစ်ဆေးနိုင်မလဲ။  How to fact check? ________________ ၂၁ ရာစု အင်တာနက်ခေတ်မှာ သတင်းအချက်အလက်စီးဆင်းမှုနှုန်းတွေက အင်မတန် မြန်ဆန်လာပါတယ်၊ ကျွန်တော်တို့အနေနဲ့ မိုင်ထောင်ချီဝေးတဲ့ ကမ္ဘာတစ်ဖက်ခြမ်းက သတင်းတစ်ခုကိုတောင်…

ရုရှားအာကာသ အေဂျင်စီက လွှတ်တင်ထားတဲ့ လူမဲ့ လဆင်းယာဉ် လူနာ ၂၅ ဟာ သတ်မှတ် ပတ်လမ်း ချို့ယွင်းချက်ကြောင့် အထိန်းအချုပ်မဲ့တဲ့ အခြေအနေဖြစ်ပေါ်ခဲ့ပြီး လရဲ့ မျက်နှာပြင်ပေါ်ကို ပျက်ကျခဲ့တယ်လို့ သက်ဆိုင်ရာတွေက ပြောပါတယ်။ လူနာ ၂၅…

လူတွေမှာ အာရုံငါးပါးနဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာတဲ့ အရာရာက စိတ်နဲ့ ကိုယ်အပေါ်မှာ အနည်းနဲ့အများ အကျိုးသက်ရောက်မှုတွေ ရှိကြပါတယ်။ ဒီသက်ရောက်မှုတွေကို အခြေခံပြီး ဒါက ကောင်းလား၊ ဒါက မကောင်းသလား၊ ဒါက ဆိုးသလား၊ဒါက မဆိုးသလား စတဲ့ သတ်မှတ်ချက်တွေ ရှိလာကြတယ်။   စိတ်ခံစားချက်၊ စိတ်ခံစားမှုတွေနဲ့ ပတ်သက်လာတဲ့အခါ ဒေါသကို မကောင်းတဲ့၊ အပြုသဘောမဆောင်တဲ့ ခံစားချက်တွေ(negative emotions) စာရင်းထဲ ထည့်ထားကြတာ တွေ့ရပါတယ်။ နောက်တစ်ခုက အရိုင်းဆန်ခြင်း။ ဒီအဓိပ္ပာယ်နဲ့ပတ်သက်လာရင် တိတိပပခွဲခြားပြဖို့က လူတစ်ဦးနဲ့ နောက်ခံအကြောင်းတရားများစွာကို ကြည့်ပြီးမှသာ ပြောပြနိုင်မှာဖြစ်ပါတယ်။ အရိုင်းဆန်တယ် ဆိုတာ ဘာလဲ။ မျက်နှာဖုံးတွေ မရှိတာလား။ အရေမခြုံထားတာကို ခေါ်တာလား။ သဘာဝအတိုင်း ဖြစ်တည်နေတဲ့ စစ်မှန်မှုကို ပြောတာလား။ လူမှုယဉ်ကျေးမှုကင်းတဲ့ အရာကို ခေါ်တာလား။ . . . ။ ဒီ “လား” မေးခွန်းပေါင်းများစွာရဲ့ အဖြေက လူတစ်ဦးတစ်ယောက်ချင်းစီရဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ သိမှုနောက်ခံတွေအပေါ်မှာ မူတည်တဲ့အပြင် အဲဒီအခိုက်အတန့်မှာ ကြည့်တဲ့ တွေးတဲ့ ဆုံးဖြတ်လိုက်တဲ့ ရှုထောင့်နဲ့ ခံယူချက်အပေါ်မှာမူတည်နေတာပေါ့။   ဒေါသနဲ့ အရိုင်းဆန်ခြင်း . . . ဒီနှစ်ခုကို ကလေးစာပေတွေမှာ (အထူးသဖြင့် ကလေးတစ်ယောက်ရဲ့ ဒေါသကို လှလှပပပြသထားတဲ့) စာတွေ ရှိ/မရှိ ဆန်းစစ်ကြည့်တဲ့အခါ သေချာပေါက် ရှိပါတယ်လို့ Where the wild things are ဆိုတဲ့စာအုပ်က မားမားမတ်မတ် အာမခံပေးမှာပါ။ Where the wild things are ကို Maurice Sendak က ၁၉၆၃ ခုနှစ်မှာထုတ်ဝေခဲ့ပါတယ်။ ၁၉၆၄ မှာ the Randolph…

ဒီနိုင်ငံမှာ သိပ္ပံကို အထင်သေးတဲ့ သူအတော်များပါတယ်၊ ဒါက နားမလည်တဲ့သူတွေရဲ့ အပြစ်လို့ ကျွန်တော်က မမြင်ပါဘူး။ ခေတ်အဆက်ဆက် ဖိနှိပ်ခံလာရတဲ့ နိုင်ငံရဲ့ ပညာရေးစနစ်ကြောင့် သိမှုအဆင့်အတန်းနိမ့်ပါးနေကြရတဲ့ အဖြစ်ပါ။ ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သိပ္ပံကို ကိုးတန်းမတိုင်ခင်အထိ…

ထိုင်းနိုင်ငံဟာ ဘာကြောင့် ကိုလိုနီနယ်မြေ လုံး၀မဖြစ်ခဲ့တာလဲ။ ဥရောပနိုင်ငံတွေ အင်အားကြီးလာတာနဲ့အမျှ ကိုလိုနီနယ်မြေတွေ အပြိုင်အဆိုင် ရှာဖွေလာကြပါတယ်။ ကုန်သွယ်ရေးလမ်းကြောင်းအတွက်ဖြစ်စေ၊ စစ်ရေးနည်းဗျူဟာအရပဲဖြစ်စေ နိုင်ငံငယ်တွေကို ကိုလိုနီပြုတာဟာ ပိုင်နက်ကို ကျယ်ပြန့်စေသလို ကောင်းကျိုးအများအပြားရစေပါတယ်။ ကမ္ဘာပေါ်မှာ ကိုလိုနီအပြုမခံခဲ့ရတဲ့ နိုင်ငံတွေ လက်ချိုးရေလို့ရပါတယ်။…

ကျွန်တော်တို့တွေဟာ တစ်ခါတလေ အားလပ်ချိန်လေးတွေမှာပဲဖြစ်ဖြစ်၊ ညဘက်အိပ်မပျော်တဲ့အချိန်လေးတွေမှာပဲဖြစ်ဖြစ် သိချင်တာစူးစမ်းချင်တာလေးတွေကို ကိုယ့်ကိုယ်ကိုယ်မေးခွန်းထုတ်ပြီး အတွေးပေါင်းစုံနဲ့ ပြည့်နေတတ်ကြပါတယ်။ ဒီထဲမှာမှ လူအများစုကတော့ ဒီမေးခွန်းလေးတွေကို သေချာပေါက်မေးခဲ့ကြဖူးမှာပါ။ “ကမ္ဘာကြီးဘယ်တော့ပျက်မှာလဲ။” “ဘယ်လိုပျက်မှာလဲ။” “ဘာကြောင့်ပျက်မှာလဲ။” ကျွန်တော်တို့တွေငယ်စဉ်အခါက အခုလိုစူးစမ်းချင်စိတ်နဲ့ လူကြီးတွေကို မေးရင် အများစုကတော့…

ကျွန်တော်တို့ဟာ လေထုအလွှာကြီးအောက်မှာရှင်သန်နေကြတဲ့ သက်ရှိတွေဖြစ်တဲ့အတွက် လေရဲ့အပြုအမူနဲ့ရွေ့လျားမှုတွေကို သက်ရောက်ခံစားနေကြရပါတယ်။ အဲ့လို လေရဲ့ သက်ရောက်မှုတွေထဲက တစ်ခုကတော့ လေတိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ လေညင်းဆိုတာဘယ်လိုဖြစ်ပေါ်လာတာလဲ။ ဘာကြောင့်တိုက်ခတ်မှုတွေဖြစ်ပေါ်လာတာလဲ။ လေတိုက်ခတ်မှုဖြစ်ပေါ်အောင် ဘယ်သူတွေက လုပ်ဆောင်ပေးနေတာလဲ ဆိုတဲ့မေးခွန်းတွေကို ဆွေးနွေးကြရအောင်ပါ။ ကမ္ဘာကြီးကို Atmosphere…

ကမ္ဘာကြီးရဲ့ သက်တမ်းဟာ နှစ်ပေါင်းသန်း လေးထောင့်ငါးရာလောက် ရှိပြီဆိုတာ ကြားဖူးကြမှာပါ။ သက်ရှိတွေကလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်း သုံးထောင့်ရှစ်ရာလောက်ကတည်းက ပေါ်လာတယ်ဆိုတာနဲ့ ဉာဏ်ရည်မြင့်လူတွေဟာ လွန်ခဲ့တဲ့ နှစ်သန်းနှစ်သိန်း လောက်ကတည်းက ပေါ်လာတယ်ဆိုတာကိုရော ကြားဖူးကြလောက်မှာပါ။ ဒါပေမဲ့ ဒီလောက်နှစ်သန်းပေါင်းများစွာကို ထိုင်မကြည့်ထားဘဲနဲ့…

Fact Hub ရဲ့ အပတ်စဉ် မျှဝေလေ့ရှိတဲ့ အချက်အလက်စစ်ဆေးမှု ဆောင်းပါးမှာတော့ တနေ့ ရေရှစ်ခွက် သောက်သင့်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ခြင်း ရှိ/မရှိဆိုတာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံး ဒီအကြောင်းအရာကို တစ်နည်း မဟုတ်…

လူသားတွေက လူမှုအသိုက်အဝန်းထဲ စတင်ဝင်ရောက်လာခဲ့တဲ့ အရွယ်က စလို့ ‘စကား’ တွေကို စပြီး ကြားကြရပါတယ်။အမျိုးအမည်မခွဲတတ်သေးပေမဲ့ ‘စကား’ ဆိုတဲ့ ဒီအသံတွေနဲ့ ရင်းနှီးခဲ့ကြပြီးသားပါ။ ဒီတော့ သင်ကြားပေးသူတွေထံကစည်းမျဉ်း၊ စနစ်တွေနဲ့ နည်းလမ်းတကျ မသင်ယူခင်အရွယ်မှာ ကလေးတွေက စကားပြောတတ်လာအောင် ဘယ်လိုသင်ယူကြပါသလဲ။ မိခင်ဘာသာစကားဖြစ်တဲ့ ပထမဘာသာစကားကို ကလေးတွေ ဘယ်လို တတ်မြောက်လာကြပါသလဲ။   ဒီသင်ယူတတ်မြောက်ခြင်းဖြစ်စဉ်ကို ဘာသာဗေဒပညာရှင်တွေက သိပ္ပံနည်းကျ လေ့လာခဲ့ကြတယ်။ ကလေးတွေစကားပြောတတ်ဖို့ သင်ယူရာမှာ – ၁။ အသံ (Sounds) – မွေးကင်းစမှ ၆ လအရွယ် ၂။ စကားလုံး (Words) – ၈ လမှ ၁ နှစ်ခွဲအရွယ် ၃။ ဝါကျ (Sentences) – ၂ နှစ် မှ ၃ နှစ်အထက်အရွယ် ဆိုတဲ့ အဆင့် ၃ ဆင့် ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။   အဆင့် ၁ – အသံများကို သင်ယူခြင်း။   ဒီအဆင့်မှာ ကလေးငယ်တွေက သူတို့ပတ်ဝန်းကျင်ကနေ ကြားနေရတဲ့ အသံတွေ (ဥပမာအားဖြင့် /က/၊ /ခ/၊ /ဒ/၊ /d/၊ /o/၊/t/) ကို စတင်သင်ယူကြတယ်။ ဒီအဆင့်က ကလေးတွေ စာဖတ်တတ်တဲ့ အရွယ်ရောက်လာတဲ့အခါမှာ သိပ်ကို အရေးပါတဲ့၊ အထောက်အကူကောင်းကောင်းပြုတဲ့ အခြေခံအဆင့်တစ်ခုဖြစ်ပါတယ်။ ဒီလိုအသံတွေကို သတိပြုပြီး အသံပြန်ထွက်တဲ့ ဒီအဆင့်ကို Phonemic Awareness လို့ ခေါ်ပါတယ်။ အသံတွေကို သင်ယူကြရမှာ ကလေးတစ်ယောက်နဲ့တစ်ယောက် နှုန်းမတူကြပေမဲ့ မွေးဖွားချိန်၊ ၄ လ၊ ၆ လ ဆိုတဲ့ ယေဘုယျပုံစံတစ်ခုအနေနဲ့ ကလေးအများစုက သင်ယူကြတာကို တွေ့ရပါတယ်။ မွေးစအရွယ်မှာ အသံတွေရဲ့ အဖိ၊ အဖော့၊ အမြင့်၊ အနိမ့် စတဲ့ စည်းချက်တွေကို သင်ယူကြပါတယ်။ ၄လသားအရွယ်မှာတော့ အနားမှာရှိတဲ့ လူက ဘာသာစကားရဲ့ အသံတွေကို အသုံးပြုနေသလား၊ ဒါမှမဟုတ် ဘာသာစကားမဟုတ်တဲ့ ဆူညံသံတွေကို ထုတ်လုပ်နေတာလားဆိုတာ ခွဲခြားလာနိုင်ပြီး ၆ လသားအရွယ်မှာတော့ ကမ္ဘာ့ဘာသာစကားအသီးသီးရဲ့ အသံအားလုံးကို ထုတ်လာထွက်လာနိုင်ကြပါပြီ။ အသံတွေကို ပေါင်းစပ်ပြီး ရည်ညွှန်းဖော်ပြလိုတဲ့ အရာတွေကို ပြောနိုင်စွမ်း မရှိသေးတဲ့အတွက် ဘယ်နိုင်ငံက ဘယ်ဘာသာစကားမဆို ရှိနေတဲ့အသံတွေကို ကလေးတွေက ဒီအရွယ်မှာ သင်ယူပြီး အသံထွက်နိုင်ကြတာ ဖြစ်ပါတယ်။ စကားလုံးအဆင့်မရောက်မသေးတဲ့ အသံတွေ ဖြစ်တဲ့အတွက်အဓိပ္ပာယ်ကို တွဲမှတ်နားလည်နိုင်စွမ်းမရှိသေးဘူးလို့ ဆိုနိုင်ပါတယ်။   အဆင့် ၂ – စကားလုံးများကို သင်ယူခြင်း။   အသံတွေကို သင်ယူပြီးတဲ့အရွယ်လွန်မြောက်လာချိန်မှာ ကလေးတွေက အဲဒီအသံတွေကို ပေါင်းစပ်ပြီး အဓိပ္ပာယ်ရှိတဲ့စကားလုံးတစ်လုံးဖြစ်လာအောင် တည်ဆောက်တဲ့ ပုံစံကို သင်ယူကြပါတယ်။ ဥပမာအနေနဲ့ သူတို့သောက်နေတဲ့၊ အမေဖြစ်သူ၊ အဖေဖြစ်သူက ပါးစပ်အတွင်းဆီကို ထည့်ပေးတဲ့ အရည်ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘ရေ’ ဆိုတဲ့ စကားလုံးတစ်လုံး ဖြစ်လာဖို့ ‘အေ’ နဲ့ ‘ရ’ ဆိုတဲ့ အသံတွေ ပေါင်းစပ်တာမျိုး၊ သူတို့အနားမှာ လာနေတတ်တဲ့ အမွေးပွပွ၊ အမြီးရှည်ရှည်၊ နှုတ်သီးရှည်ရှည် ဖြစ်တည်မှုကို ဖော်ပြဖို့အတွက် ‘dog’ ဆိုတဲ့ စကားလုံးဖြစ်လာဖို့ /d/၊ /ɔ/ နဲ့ /g/ ဆိုတဲ့ အသံတွေပေါင်းစပ်တာမျိုးတွေ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်၊ နောက်စကားလုံးတစ်လုံးက ဘယ်နားမှာ စပြီး ဘယ်နားမှာ ဆုံးတယ်ဆိုတာ ဒီအဆင့်မှာ သေချာပေါက် တတ်မြောက်အောင် သင်ယူကြရတယ်။ ဒါတွေကို “Word Boundaries” လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် သင်ယူနေကြတာက ဘယ်အသံကိုဘယ်လိုထွက်ရမယ်ဆိုတာမျိုး စည်းစနစ်တွေနဲ့ မဟုတ်ဘဲ ရုပ်ရင်း (morpheme) တွေကို သင်ယူနေကြရုံသက်သက်ပါပဲ။အရွယ်နဲ့ ထပ်ပြီး ခွဲခြားပြရရင် ၈ လသားအရွယ်မှာ Word Boundaries တွေကို ခွဲခြားလာနိုင်တယ်။ အသံအုပ်စုတွေကိုသတိပြုမိလာတယ်။ ဒါပေမဲ့ အလုံးစုံ သိနားလည်နေတာမျိုးမဟုတ်ဘဲ စကားလုံးတွေရဲ့ ဆိုလိုရင်းအဓိပ္ပာယ်တွေကိုစူးစမ်းသင်ယူနေဆဲအရွယ်ဖြစ်ပါတယ်။ နေ့စဉ်တွေ့နေရတဲ့ အရာတွေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ စကားလုံးမျိုးတွေပါ။ ၁ နှစ်သားအရွယ်ရောက်လာရင်တော့ ဝေါဟာရစကားလုံးတစ်ခုရဲ့ အဓိပ္ပာယ်ကို တွဲစပ်နားလည်လာပြီး ဘယ်အရာကို ဘယ်လိုညွှန်းဆိုပြောရမလဲ ဆိုတာကို တတ်မြောက်လာကြပါတယ်။ ပတ်ဝန်းကျင်မှာ ကြားနေရတဲ့ စကားလုံးတွေကိုတောင် တုပပြောနိုင်တဲ့ အရွယ်ပါ။ ၁ နှစ်ခွဲအရွယ်ဖြစ်လာတဲ့အခါ သင်ယူနေရတဲ့ စကားလုံးတွေကို အသုံးချတတ်ဖို့ ကလေးတွေ သိနေကြပြီလို့ ဆိုရပါမယ်။ လေ့လာတွေ့ရှိချက်တွေအရတော့ ကလေးတွေက ဒီအဆင့်မှာ နာမ်တွေ၊ကြိယာတွေကို ခွဲခြားသိမှတ်နိုင်စွမ်းရှိနေကြပြီလို့ ဆိုထားကြပါတယ်။…

အကယ်၍ ကျွန်တော်တို့သမိုင်း၊ မှတ်တမ်းတွေသာ မတူပြောင်းလဲသွားမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ်လူမှုဘဝအပေါ် ကြီးမားတဲ့အကျိုးသက်ရောက်မှုတွေ ရှိမှာလား။ အောင်နိုင်သူတွေသာ သမိုင်းရေးထိုးနိုင်တယ်ဆိုတဲ့ဆိုရိုးရဲ့ နောက်မှာ အောင်နိုင်သူ မတူကွဲပြားခဲ့ရင်ရောဆိုတဲ့ မေးခွန်းကလဲ ယှဉ်တွဲနေပါတယ်။ ဒါဆိုရင် လူ့သမိုင်းရဲ့ အကျည်းတန်ဆုံးစစ်ပွဲဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ရဲ့ သမိုင်းဟာလဲ…

လက်ရှိပစ္စုပ္ပန်အချိန်မှာ မျိုးသုဉ်းနိုင်ခြေအများဆုံးတိရစ္ဆာန်တစ်ကောင်ကို‌ ဖော်ပြပါလို့ဆိုရင် ကျွန်တော်က‌တော့ Javan Rhinos အကြောင်းကိုသာ ပြောပြပါလိမ့်မယ်။ Javan Rhinos ဆိုတာ ဘာလဲ။ Javan Rhinos တွေဟာ ကြံ့မျိုးစိတ်တွေထဲမှာ အရှားပါးဆုံးမျိုးစိတ်ဝင်တွေဖြစ်ပြီး လက်ရှိအချိန်‌‌မှာဆိုရင် အကောင်ရေအနည်းဆုံးနဲ့ မျိုးသုဉ်းနိုင်ခြေအများဆုံးစာရင်းဝင်တိရစ္ဆာန်မျိုးစိတ်လဲ…

ဒီနေ့ ဩဂုတ်လ ၆ ရက်နေ့ဟာ ပင်နီဆလင်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အလက်ဇန္ဒား ဖလင်းမင်းရဲ့ မွေးနေ့ပါ။ အလက်ဇန္ဒား ဖလင်းမင်းကို ကျွန်တော်တို့ အားလုံးရင်းနှီးကြပါတယ်။ ဆေးသိပ္ပံကို တဟုန်ထိုး တိုးတက်စေခဲ့တဲ့ အပြင် လူ့သက်တမ်းကိုပါ အများကြီး ဆွဲဆန့်ပေးနိုင်ခဲ့တဲ့…

နေသာတဲ့နေ့တစ်နေ့မှာပဲဖြစ်ဖြစ်၊ မိုးတွေရွာနေတဲ့နေ့မှာပဲဖြစ်ဖြစ် ကောင်းကင်ကို မော့ကြည့်လိုက်မယ်ဆိုရင် ဝါဂွမ်းသဏ္ဍာန် တိမ်တွေကို တွေ့ရမှာဖြစ်ပါတယ်။ အဲ့ဒီတိမ်တွေ ဘယ်လိုဖြစ်လာလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဆို‌တော့ အဲ့ဒီလိုထူထူထဲထဲ တိမ်တိုက်ကြီးတွေ ဘယ်လိုဖြစ်ပေါ်လာတာလဲဆိုတဲ့အကြောင်းကို မပြောခင် Physical Change လို့ခေါ်တဲ့ ရုပ်ပြောင်းလဲခြင်းအကြောင်းတွေကို အရင်ဆွေးနွေးကြရအောင်ပါ။…

နတ်ပွဲ၊ နဂါးပွဲတွေထဲ ဆိုင်းသံ၊ ဗုံသံကြားလိုက်တာနဲ့ လူအကောင်းကနေ ရုတ်တရက် အသိစိတ်လွတ်သွားပြီး မြေကြီးတွေမှာ လူးလှိမ့်ကုန်တာမျိုး၊ အစုလိုက် ထကကြတာမျိုး၊ တက်ကုန်တာမျိုး စတဲ့ ဖြစ်ရပ်တွေကို ကျွန်တော်တို့ အားလုံးကြားဖူးကြပါတယ်။ တချို့ကျတော့လည်း နေရင်းထိုင်ရင်း လူစိတ်ပျောက်ပြီး ပါးစပ်ကနေ…

Solar System ထဲမှာ အဆန်းကြယ်ဆုံးဝတ္ထုတွေထဲက တစ်ခုကို ကျွန်တော်တို့နေ့တိုင်းမြင်တွေ့နေရတယ်ဆိုရင် ယုံနိုင်ကြမလားဗျ။ အဲ့တစ်ခုကတော့ “လ” ပါပဲ။ ဒီလိုမျိုး ညတိုင်းမြင်နေကျ လဆိုတဲ့အရာ ဘယ်လိုဖွဲ့စည်းဖြစ်တည်လာလဲဆိုတာဟာ လူ့သမိုင်းအတွက် မေးခွန်းကြီးတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ လရဲ့ ဖြစ်တည်လာပုံကို ခန့်မှန်းချက်တွေထုတ်ပြီးမပြောဆိုခင်…

သင်္ချာနည်းအရ ညီမျှခြင်းအရဆိုရင်တော့ အဟုန်ဟာ ဒြပ်ထုနဲ့ အလျင်ရဲ့ မြှောက်လဒ် (p=mv) ဖြစ်မယ်။ အရွေ့စွမ်းအင်ကတော့ ဒြပ်ထုနဲ့အလျင် ၂ ထပ်ကိန်းမြှောက်လဒ်ရဲ့တစ်ဝက် (K.E=1/2 mv²) ဖြစ်မယ်။ ဒါဟာ သူတို့ရဲ့ခြားနားချက်တွေပေါ့။ ဒါပေမဲ့ ရူပဗေဒဟာ သင်္ချာလုံးလုံးမဟုတ်တဲ့အတွက်…

နေ့အချိန် ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံတစ်ခွင်လုံး အပြာရောင်လွှမ်းနေတာကို လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ အဲ့ဒီကောင်းကင်ကြီး ဘာလို့ပြာနေရတာလဲဆိုတာကိုတော့ သိကြတဲ့သူ ခပ်နည်းနည်းပါ။ ကောင်းကင်ကြီး ပြာနေရတဲ့ အကြောင်းပြချက်ကို တချို့က ကမ္ဘာဂြိုဟ်ရဲ့ မျက်နှာပြင်အများစုက ရေတွေနဲ့ ဖုံးလွှမ်းထားလို့ အဲ့ဒီရေပြာတွေက…